မျက်လုံးနဲ့ ပတ်သက်ပြီး ဒီအချက်တွေ အထူး သတိပြုကြပါ
|မျက်လုံးနဲ့ ပတ်သက်ပြီး ဒီအချက်တွေ အထူး သတိပြုကြပါ
မျက်စိနီခြင်း၊ ကိုက်ခြင်း၊ မျက်စိအနည်းငယ်မှုန်သွားခြင်း၊ မျက်စိစူးခြင်း၊ မျက်စိထဲမှာ ခိုးလိုးခုလုဖြစ်ခြင်း၊ နေရောင်မကြည့်နိုင်ခြင်း၊ မျက်စိကျိန်းခြင်း၊ မျက်ရည်ပူများကျခြင်း၊ ခေါင်းကိုက် ဇက်ကြောထိုးပြီး နေမထိထိုင်မသာဖြစ်ခြင်း တို့စတင်ဖြစ်ပေါ်ပြီးနောက်
အဲဒီလက္ခဏာတွေပိုဆိုးရွားလာပြီး မျက်ကြည်လွှာမှာ အဖြူဖတ်ကြီပေါ်လာပြီး မျက်စိပို၍မှုန်ဝါးသွားပြီဆိုရင်တော့ ဒါဟာ မျက်ကြည်လွှာအနာရောဂါလက္ခဏာပဲဖြစ်ပါတယ်။
မျက်ကြည်လွှာအနာဟာ တစ်ရက်ထက်တစ်ရက်ပိုဆိုးလာနိုင်တဲ့ ရောဂါမျိုးဖြစ်တာကြောင့် မကုသဘဲထားပါက ဆိုးရွားမှုမြန်ဆန်လာနိုင်ပါတယ်။ ဆီးချိုရှိသူ၊ အာဟာရချို့တဲ့သူ၊ အသက်ကြီးသူတွေမှာ ပိုပြီးဆိုးတတ်ပါတယ်။
ရောဂါပိုဆိုးလာပြီဆိုရင်တော့ မျက်ကြည်လွှာတစ်ခုလုံး ယောင်ရမ်းပေါက်ပြဲသွားခြင်း(သို့) မျက်စိမှာပြည်တည်ပြီး ယောင်ရမ်းကာ အမြင်အာရုံဆုံးရှုံးသွားပြီး မျက်စိကို လုံးဝထုတ်ပစ်ရတဲ့အထိဖြစ်စေနိုင်ပါတယ်။
စောစောကုလေ အကျိုးရှိလေဖြစ်ပြီး ရောဂါပျောက်ကင်းနိုင်မှာပဲဖြစ်ပါတယ်။
မျက်ကြည်လွှာအနာရောဂါဆိုတာ မျက်စိထဲ အမှိုက်ဝင်ခြင်း၊ မျက်စိထိခိုက်ဒဏ်ရာရခြင်း၊ မသန့်ရှင်းသောရေဝင်ခြင်း၊ မသန့်ရှင်းသောလက်ဖြင့် မျက်စိကိုခဏခဏပွတ်ခြင်း စတာတွေကနေ စတင်ပြီးဖြစ်ပေါ်တတ်ပါတယ်။
ဒါကြောင့် အဲဒီလိုအကြောင်းအရာတွေကို အထူးသတိပြုသင့်ပါတယ်။ မျက်စိကိုလက်နဲ့ပွတ်တဲ့အလေ့အကျင့်ကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
မျက်စိထဲ တစ်ခုခုဝင်လို့ဖြစ်ဖြစ်၊ ထိခိုက်မိလို့ဖြစ်ဖြစ် ဘာပဲဖြစ်ပါစေ ကြည်ရှုရတာ အဆင်မပြေမှုရှိရင်တော့ မျက်စိဆရာဝန်နှင့် သွားရောက်ပြသတာအကောင်းဆုံးပါပဲ။
အဲဒီလို ပြသဖို့ အဆင်မပြေသေးဘူးဆိုရင်တော့ မျက်စိကို သန့်ရှင်းတဲ့ရေနဲ့ ဆေးကာ၊ ပိုးသတ်ဆေးသက်သက်သာပါတဲ့ မျက်စဉ်းကို အနည်းဆုံး ၁ နာရီခြားတစ်ခါ တစ်စက်ခန့်ခတ်ပေးပြီး ကုသထားဖို့လိုအပ်ပါတယ်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်စေ သေချာအောင်တော့ မျက်စိဆရာဝန်နဲ့ မဖြစ်မနေ ပြသဖို့ ကြိုးစားသင့်ပါတယ်နော်။
Crd
မ်က္လုံးနဲ႔ ပတ္သက္ၿပီး ဒီအခ်က္ေတြ အထူး သတိျပဳၾကပါ
မ်က္စိနီျခင္း၊ ကိုက္ျခင္း၊ မ်က္စိအနည္းငယ္မႈန္သြားျခင္း၊ မ်က္စိစူးျခင္း၊ မ်က္စိထဲမွာ ခိုးလိုးခုလုျဖစ္ျခင္း၊ ေနေရာင္မၾကည့္ႏိုင္ျခင္း၊ မ်က္စိက်ိန္းျခင္း၊ မ်က္ရည္ပူမ်ားက်ျခင္း၊ ေခါင္းကိုက္ ဇက္ေၾကာထိုးၿပီး ေနမထိထိုင္မသာျဖစ္ျခင္း တို႔စတင္ျဖစ္ေပၚၿပီးေနာက္
အဲဒီလကၡဏာေတြပိုဆိုး႐ြားလာၿပီး မ်က္ၾကည္လႊာမွာ အျဖဴဖတ္ႀကီေပၚလာၿပီး မ်က္စိပို၍မႈန္ဝါးသြားၿပီဆိုရင္ေတာ့ ဒါဟာ မ်က္ၾကည္လႊာအနာေရာဂါလကၡဏာပဲျဖစ္ပါတယ္။
မ်က္ၾကည္လႊာအနာဟာ တစ္ရက္ထက္တစ္ရက္ပိုဆိုးလာႏိုင္တဲ့ ေရာဂါမ်ိဳးျဖစ္တာေၾကာင့္ မကုသဘဲထားပါက ဆိုး႐ြားမႈျမန္ဆန္လာႏိုင္ပါတယ္။ ဆီးခ်ိဳရွိသူ၊ အာဟာရခ်ိဳ႕တဲ့သူ၊ အသက္ႀကီးသူေတြမွာ ပိုၿပီးဆိုးတတ္ပါတယ္။
ေရာဂါပိုဆိုးလာၿပီဆိုရင္ေတာ့ မ်က္ၾကည္လႊာတစ္ခုလုံး ေယာင္ရမ္းေပါက္ၿပဲသြားျခင္း(သို႔) မ်က္စိမွာျပည္တည္ၿပီး ေယာင္ရမ္းကာ အျမင္အာ႐ုံဆုံးရႈံးသြားၿပီး မ်က္စိကို လုံးဝထုတ္ပစ္ရတဲ့အထိျဖစ္ေစႏိုင္ပါတယ္။
ေစာေစာကုေလ အက်ိဳးရွိေလျဖစ္ၿပီး ေရာဂါေပ်ာက္ကင္းႏိုင္မွာပဲျဖစ္ပါတယ္။
မ်က္ၾကည္လႊာအနာေရာဂါဆိုတာ မ်က္စိထဲ အမႈိက္ဝင္ျခင္း၊ မ်က္စိထိခိုက္ဒဏ္ရာရျခင္း၊ မသန္႔ရွင္းေသာေရဝင္ျခင္း၊ မသန္႔ရွင္းေသာလက္ျဖင့္ မ်က္စိကိုခဏခဏပြတ္ျခင္း စတာေတြကေန စတင္ၿပီးျဖစ္ေပၚတတ္ပါတယ္။
ဒါေၾကာင့္ အဲဒီလိုအေၾကာင္းအရာေတြကို အထူးသတိျပဳသင့္ပါတယ္။ မ်က္စိကိုလက္နဲ႔ပြတ္တဲ့အေလ့အက်င့္ကိုလည္း ေရွာင္ၾကဥ္သင့္ပါတယ္။
မ်က္စိထဲ တစ္ခုခုဝင္လို႔ျဖစ္ျဖစ္၊ ထိခိုက္မိလို႔ျဖစ္ျဖစ္ ဘာပဲျဖစ္ပါေစ ၾကည္ရႈရတာ အဆင္မေျပမႈရွိရင္ေတာ့ မ်က္စိဆရာဝန္ႏွင့္ သြားေရာက္ျပသတာအေကာင္းဆုံးပါပဲ။
အဲဒီလို ျပသဖို႔ အဆင္မေျပေသးဘူးဆိုရင္ေတာ့ မ်က္စိကို သန္႔ရွင္းတဲ့ေရနဲ႔ ေဆးကာ၊ ပိုးသတ္ေဆးသက္သက္သာပါတဲ့ မ်က္စဥ္းကို အနည္းဆုံး ၁ နာရီျခားတစ္ခါ တစ္စက္ခန္႔ခတ္ေပးၿပီး ကုသထားဖို႔လိုအပ္ပါတယ္။
ဒါေပမဲ့ ဘယ္လိုပဲျဖစ္ေစ ေသခ်ာေအာင္ေတာ့ မ်က္စိဆရာဝန္နဲ႔ မျဖစ္မေန ျပသဖို႔ ႀကိဳးစားသင့္ပါတယ္ေနာ္။
Crd