မြေကိစ္စအတွက် အရေးကြီးတဲ့ ပုံစံ (၇)

Sharing is caring!

မြေကိစ္စအတွက် အရေးကြီးတဲ့ ပုံစံ (၇)

၂၀၂၀ လယ်ယာမြေ ဥပဒေကို ပြင်ဆင်ပြီး နောက်ပိုင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ ရှိသူနှင့် မရှိသူတို့ရဲ့ အခြေအနေတွေကို သုံးသပ်တင်ပြချင်ပါတယ်။

၁-ပုံစံ ၇ ရှိသူအတွက်.

ပုံစံ ၇ ဆိုတာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ဆိုတာ လယ်ယာမြေကို လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်းကိုဆိုသည်။ (ပုဒ်မ ၃။ (စ) အရ)

ပုံစံ ၇ ရှိရင် ဘာအခွင့်အရေးတွေ ရသလဲ ဆိုတော့

(၁) လယ်ယာမြေကို လက်ရှိထားပိုင်ခွင့်၊ လယ်ယာမြေ လုပ်ပိုင်ခွင့်၊ ရာသီသီးနှံကို ပြောင်းလဲ စိုက်ပျိုးနိုင်ခွင့်၊ ယင်းသို့လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုးအမြတ်ကို ခံစားပိုင်ခွင့်၊

(၂) လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်၊

(၃) လယ်ယာမြေ လုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ပေါ်ပေါက်လာပါက တည်ဆဲ ဥပဒေနှင့်အညီ သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ခံယူနိုင်ခွင့်၊

(၄) သတ်မှတ်သည့် စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း မရှိသရွေ့ လယ်ယာမြေလုပ်ပိုင်ခွင့်၊

(၅) လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ သို့မဟုတ် အစိုးရ အသိအမှတ်ပြုထားသည့် အဖွဲ့အစည်း၊ အသင်းအဖွဲ့များ၏ ရင်းနှီးမြှုပ်နှံမှုဖြင့်လည်းကောင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့်လည်းကောင်း အကျိုးတူလုပ်ကိုင်ခွင့်၊

(၆) လယ်ယာမြေတွင် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပါဝင်သော အဖွဲ့အစည်းနှင့် ပူးပေါင်း၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အကျိုးတူလုပ်ကိုင်ခွင့်။

(ပုဒ်မ ၉ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ၏အခွင့်အရေးများ)

ပုံစံ ၇ ရှိရင် ဒီစည်းကမ်းတွေကို လိုက်နာရမယ်-

(၁) ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း လယ်ယာမြေကို လုပ်ကိုင်ရမည်။

(၂) လယ်ယာမြေနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ စည်းကြပ်သောမြေခွန်နှင့်အခြား အခွန်အခများကို ပေးဆောင်ရမည်။

(၃) လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က သတ်မှတ်သည့်

တန်ဖိုးနှင့်အညီ တည်ဆဲဥပဒေအရ သတ်မှတ်သော တံဆိပ်ခေါင်းခွန်နှင့် ဦးစီးဌာနက သတ်မှတ်သည့် စာချုပ်စာတမ်း မှတ်ပုံတင်ခတို့ကို ပေးဆောင်၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။

(၄) တည်ဆဲဥပဒေနှင့်အညီ အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရရှိသည့်အခါ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။

(၅) စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်သာ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့်ရှိပြီး အစိုးရဘဏ် သို့မဟုတ် အစိုးရက အသိအမှတ်ပြုသော ဘဏ်တွင်သာ ပေါင်နှံရမည်။

(၆) လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်း သုံးစွဲခြင်းမပြုရ။

(၇) လယ်ယာမြေကို ရာသီသီးနှံအမျိုးအစားမှ အခြားသီးနှံ အမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲ စိုက်ပျိုးခြင်းမပြုရ။

(၈) ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်းမပြုရ။ သို့ရာတွင် လယ်ယာမြေကို လှပ်ထားရန် အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ပါက မြေတည်ရှိရာရပ်ကွက် သို့မဟုတ်

ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်။ ယင်းသို့ လှပ်ထားခြင်းသည်လည်း ရွှေ့ပြောင်းတောင်ယာမြေမှအပ နှစ်နှစ်ဆက်တိုက်ထက် မပိုစေရ။

(၉) လယ်ယာမြေ လုပ်ပိုင်ခွင့်မရမီကာလအတွင်း သို့မဟုတ် လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွားမှု ဖြစ်ပေါ်နေသော ကာလအတွင်း လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်း မပြုရ။

(ပုဒ်မ ၁၂ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူလိုက်နာရမည့် စည်းကမ်းများ)

ဒီစည်းကမ်းတွေကို မလိုက်နာဘူး၊ ဖောက်ဖျက်တယ်ဆိုရင် ဘာဖြစ်မလဲ

စည်းကမ်းချက် အားလုံးကိုဖြစ်စေ၊ စည်းကမ်းချက် တစ်ရပ်ရပ်ကိုဖြစ်စေ၊ လိုက်နာရန် ပျက်ကွက်လျှင် သက်ဆိုင်ရာမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးပြီး အောက်ပါ အမိန့် တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-

(၁) သတ်မှတ်သည့် ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊

(၂) သတ်မှတ်သည့် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊

(၃) လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊

(၄) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ရှားခြင်း။ (ပုဒ်မ ၁၉ အရ)

ဒီလို အမိန့်ပေးရင် ဘယ်နေ့ဘယ်ရက်အတွင်း ဘယ်လိုလုပ်ပါလို့ စာနဲ့ ထုတ်ပြန်ပေးမှာ။ ဒါကိုမှ ဆက်ပြီး မလိုက်နာဘူးဆိုရင်

အမိန့်ကို လိုက်နာခြင်းမရှိသော မည်သည့်လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူကိုမဆို ယင်းအမိန့်ပါ သတ်မှတ်ရက်ကျော်လွန်ပါက မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကသော်လည်းကောင်း၊

ယင်းအဖွဲ့က တာဝန်ပေးအပ်သော ပုဂ္ဂိုလ်ကသော်လည်းကောင်း သက်ဆိုင်ရာ တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုနိုင်သည်။(ပုဒ်မ ၂၀ (က) အရ)

ဒီလို တရားစွဲ ခံရပြီ ဆိုရင်တော့

မည်သူမဆို ပုဒ်မ ၁၉ အရ ချမှတ်သော အမိန့်ကိုဖြစ်စေ၊ ဤဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုတွင် ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကိုဖြစ်စေ၊

လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ (ပုဒ်မ ၃၅ အရ)

တစ်ကြိမ်တရားစွဲဆို ခံရဘူးတဲ့သူက နောက်တကြိမ် တရားစွဲဆိုခံရပြီ ဆိုရင်တော့

ပုဒ်မ ၁၉ အရ ချမှတ်သောအမိန့်ကို လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူသည် ယခင်က အလားတူပြစ်မှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံခဲ့ရလျှင် ထပ်မံကျူးလွန်သော ပြစ်မှုအတွက် ပုဒ်မ ၃၅ ပါအများဆုံး ထောင်ဒဏ် ချမှတ်ခြင်းခံရမည်။ (ပုဒ်မ ၃၆ အရ)

အထက်မှာ တင်ပြခဲ့တာတွေက ပုံစံ ၇ ရှိတဲ့သူရဲ့ အခွင့်အရေးတွေ၊ စည်းကမ်းတွေ၊ စည်းကမ်းမလိုက်နာရင် အရေးယူခံရမှာတွေပဲ ဖြစ်ပါတယ်။ စည်းကမ်းမလိုက်နာခဲ့ရင်တောင် တရားစွဲခံရဖို့က နည်းတယ်လို့ ပြောလို့ရပါတယ်။

အမှုကရဲအရေး မပိုင်တဲ့ အမှုဖြစ်တာကတစ်ကြောင်း၊ ရပ်ကျေး မြို့နယ် လယ်စီတွေက တရားစွဲရမှာထက် အခြားသော နည်းမျိုးစုံနဲ့ ညှိပေး၊
ဖိအားပေး၊ ဥပဒေနဲ့ ခြောက်လှန့် လိုက်နာအောင် လုပ်ကြမှာပါ။

ဘာလို့ဆို ဘယ်သူကမှ အမုန်းခံ၊ ရုံးရောက် ဂတ်ရောက် အလုပ်အရှုပ် မခံချင်ကြလို့ပါ။ တော်တော်လေးကို စည်းကမ်း မလိုက်နာ ပြောမရ ဆိုမရ ပေကပ်နေပြီး မရတဲ့အဆုံးမှ အထက်အဆင့်ဆင့်ကလဲ စွဲခွင့်ပြုတော့မှ တရားစွဲကြမှာပါ။

ဒါသည်ပင် ပုံစံ ၇ ရှိသူအတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာတယ် ပြောရမှာပါပဲ။

၂-ပုံစံ ၇ မရှိသူအတွက်

လယ်ယာမြေမှာ လုပ်ပိုင်ခွင့် ပုံစံ ၇ မရှိပဲ စိုက်ပျိုးတယ်၊ အသုံးချနေတယ်၊ အိမ်ဆောက်နေတယ်၊ ဆိုင်ဆောက်ထားတယ်၊ အုတ်ဖုတ်တယ် စသည်ဖြင့် အခြားနည်း တမျိုးမျိုးအသုံးချနေတာမျိုးပါ။

ဆိုလိုတာက လယ်ယာမြေကို တနည်းနည်းနဲ့ အသုံးပြုနေတာမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ ပုံစံ ၇ မရတဲ့ အကြောင်းအရင်းက သူကိုယ်တိုင် ပုံစံ ၇ မလျောက်ခဲ့တာကြောင့် မရခဲ့တာမျိုးလဲ ဖြစ်နိုင်တယ်၊ လျောက်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မရခဲ့တာလဲ ဖြစ်နိုင်တယ်၊ အခြားနည်း အသုံးပြုနေတာကြောင့် ပုံစံ ၇ ပေးမရလို့ မရခဲ့တာလည်း ဖြစ်နိုင်တယ်၊

သူအသုံးပြုနေတဲ့မြေက လယ်ယာမြေ အမျိုးအစား မဟုတ်လို့ မရခဲ့တာလဲ ဖြစ်နိုင်တယ် (လယ်ယာမြေ အမျိုးအစား မဟုတ်လို့ ပုံစံ ၇ မရခဲ့တာက လယ်ယာမြေဥပဒေနဲ့ မဆိုင်တော့ပါဘူး)။

ဘယ်လိုပဲ ဖြစ်ဖြစ် ဆိုလိုရင်းကတော့ လယ်ယာမြေ အမျိုးအစားလဲ ဖြစ်ရမယ်၊ ပုံစံ ၇ မရှိတာလည်း ဖြစ်ရမယ်။

ဒီလို အခြေအနေမျိုးဆိုရင် လယ်ယာမြေကို လုပ်ပိုင်ခွင့်မရပဲ အသုံးပြုနေသူ၊ လယ်ယာမြေကို အခွင့်မရပဲ အသုံးချနေသူ ဖြစ်သွားပါပြီ။ ဒီလိုမျိုးဆိုရင်တော့ မည်သူမဆို လယ်ယာမြေ လုပ်ပိုင်ခွင့်မရရှိဘဲ လယ်ယာမြေကို

ကျူးကျော်လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ (ပုဒ်မ ၃၇ (က) အရ)

ဒီနေရာမှာ “မည်သူမဆို” ၊ “လယ်ယာမြေမှာ” ၊ “လုပ်ပိုင်ခွင့်မရပဲ” ၊ “ကျူးကျော်လုပ်ကိုင်ကြောင်း” ဆိုတဲ့ စကားလုံးတွေကို သတိပြုပါ။

ဘယ်သူပဲ ဖြစ်ဖြစ် လယ်ယာမြေ အမျိုးအစားမြေမှာ လုပ်ပိုင်ခွင့်မရပဲ ကျူးကျော်လုပ်ကိုင်ရင် အရေးယူခံရမယ်လို့ ဆိုလိုပါတယ်။

လုပ်ပိုင်ခွင့်ရဖို့ဆိုတာ လယ်ယာမြေဥပဒေအရ ပုံစံ ၇ လျောက်မှ လုပ်ပိုင်ခွင့်ရမှာပါ။

လုပ်ပိုင်ခွင့် ပုံစံ ၇ မရခဲ့ရင် တနည်း ပုံစံ ၇ မရှိခဲ့ရင် ကျူးကျော်သူ ဖြစ်သွားပါပြီ။ မြေအားလုံး၏ ပင်ရင်းပိုင်ရှင်သည် နိုင်ငံတော်ဖြစ်သည် ဆိုတဲ့ လယ်ယာမြေဥပဒေ ပုဒ်မ ၃ (စ) မှာပါတဲ့ စကားရပ်အရ နိုင်ငံပိုင်မြေမှာ ကျူးကျော်လုပ်ကိုင်သူ ဖြစ်သွားပါတယ်။

ဒီလို ကျူးကျော်လုပ်ကိုင်ရင် အရေးယူခံရတော့မှာပါ။ (ပုဒ်မ ၃၇ (က) အရ)

လယ်ယာမြေ ကျူးကျော်လုပ်ကိုင်သူဆိုရင် ချက်ချင်း အမှုဖွင့်အရေးယူနိုင်လောက်အောင် ပြဌာန်းထားတာက “ပုဒ်မ ၃၇ နှင့် ပုဒ်မ ၃၇-က တို့အရ တရားစွဲဆိုသော ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်” လို့ ဖော်ပြထားပါတယ်။ (ပုဒ်မ ၄၀ အရ)

ဒီနေရာမှာ ရဲအရေးပိုင်တယ်ဆိုတာလေးကို အနည်းငယ် တင်ပြချင်ပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၅၄ ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုတစ်ရပ် ကျူးလွန်ခြင်းနှင့် စပ်လျဉ်းသည့် သတင်းပေးချက်တိုင်းကို ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှူးတစ်ဦးထံ နှုတ်ဖြင့်ပေးခဲ့လျှင်

ထိုအရာရှိကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ ညွှန်ကြားချက်အရဖြစ်စေ စာဖြင့်ရေးမှတ်ရမည့်အပြင် သတင်းပေးသူအား ပြန်ဖတ်ပြရမည်။

ထို့ပြင် စာဖြင့်ရေးသားပေးသည်ဖြစ်စေ၊ အထက်တွင်ဆိုခဲ့သည့်အတိုင်း စာဖြင့်ရေးမှတ်ယူရသည်ဖြစ်စေ အဆိုပါ သတင်းပေးချက်တိုင်းတွင် သတင်းပေးသူက လက်မှတ်ရေးထိုးရမည်။ အမှုလာတိုင်ရင် ဖွင့်ကိုဖွင့်ရမှာပါ။

တိုင်ချက်နဲ့ပတ်သက်ပြီး ရဲလက်စွဲ အပိုဒ် ၁၄၁၄ မှာ ရဲအရာရှိပိုင်သော အမှုဖြစ်ပွားကြောင်း သတင်းရရှိသည့်အခါ နှောင့်နှေးခြင်းမရှိဘဲ တိုင်ချက်ဖွင့်ပေးရန် အရေးကြီးသည်။

ရရှိသော သတင်းပေးချက်သည် အမှုအကြောင်းကို ကိုယ်တိုင်တစ်စုံတစ်ရာ မသိသူကပေးသော တစ်ဆင့်ကြားသတင်းဖြစ်စေ၊ အမှုအကြောင်း အနည်းငယ်မျှသာ သိသောသူ၏ သတင်းဖြစ်စေ၊

အမှုအကြောင်း အပြည့်အစုံသိသူ၏ သတင်းဖြစ်စေ မည်သည့် သတင်းမျိုးကိုမဆို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွင် ပြဋ္ဌာန်းချက်များအရ ချက်ချင်းတိုင်ချက်ဖွင့်ပေးရမည်။

ရဲအရေးယူပိုင်သည့် ပြစ်မှုကျူးလွန်ကြောင်း ပထမသတင်းပေးတိုင်ချက်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ စကားပြောကြေးနန်းဖြင့်ဖြစ်စေ၊ ကြိုးမဲ့ကြေးနန်းဖြင့်ဖြစ်စေ ပေးပါလျက် လက်ခံရေးမှတ်ယူခြင်းမပြုခဲ့သော် သို့မဟုတ် သတင်းပေး တိုင်ကြားသည့်အတိုင်း မဟုတ်ဘဲ

တိုင်ကြားသူကိုဖြစ်စေ၊ စွပ်စွဲခံရသူကိုဖြစ်စေ၊ အကျိုးယုတ်လျော့စေရန် သို့မဟုတ် အကျိုးရှိစေရန်အကြံဖြင့် ပြုပြင်ပြောင်းလဲရေးမှတ်ယူခဲ့သော် သို့မဟုတ် အမှုထိမ်ဝှက်ရန်အကြံဖြင့် ပထမ သတင်းပေးတိုင်ချက်စာအုပ်မှ သတင်းပေးချက်ကို ဆုတ်ပစ်ဖျောက်ဖျက်ခဲ့သော်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရဖြစ်စေ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၇၇ နှင့် ၂၁၈ တို့အရဖြစ်စေ အရေးယူခြင်းခံရမည့်အပြင် အမြဲတမ်း ထုတ်ပယ်ခြင်းခံရမည်လို့ ဆိုပါတယ်။

ဒီရဲလက်စွဲအပိုဒ်အရ ကာယကံရှင်က တိုင်သည်ဖြစ်စေ၊ အခြားသူက တိုင်သည်ဖြစ်စေ၊ အပြည့်အစုံမသိသူက တိုင်သည်ဖြစ်စေ ချက်ချင်းတိုင်ချက်ဖွင့်ပေးရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပုံစံ ၇ မရှိသူ၊ တနည်းအားဖြင့်လယ်ယာမြေ လုပ်ပိုင်ခွင့်မရှိသူ တွေဟာ နိုင်ငံပိုင် လယ်ယာမြေမှာ ကျူးကျော်လုပ်ကိုင်သူတွေ ဖြစ်ပြီး ဒီဥပဒအရ ပြစ်မှုကျူးလွန်သူများဖြစ်ကာ

ရဲအရေးယူပိုင်ခွင့် ရှိတဲ့ ပြစ်မှုဖြစ်တဲ့အတွက် ရဲစခန်းကို ဘယ်သူကဖြစ်ဖြစ် တိုင်လိုက်တာနဲ့ အမှုဖွင့်ခံရတော့မယ်။

ရဲကလည်း အမှုဖွင့်ပေးရတော့မယ် မဖွင့်ရင် ရဲကိုယ်တိုင် အရေးယူခံရနိုင်တယ်။ ဒါကြောင့် လယ်ယာမြေမှာ ကျူးကျော်လုပ်ကိုင်နေတာ၊ အခြားနည်း သုံးနေတာနဲ့တင် ချက်ချင်း အမှုဖွင့်အရေးယူခံရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခု သတိပြုမိတာက အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေကို လုပ်ပိုင်ခွင့် ပုံစံ ၇ မရခဲ့တာမျိုး ရှိနိုင်တဲ့အတွက် လယ်ယာမြေ ကျူးကျော် လုပ်ကိုင်နေသူတိုင်းကို ချက်ချင်းအမှုဖွင့် တရားစွဲမယ်လို့တော့ မထင်ပါဘူး။

လယ်ယာမြေ ဥပဒေ ပုဒ်မ ၁၃ မှာ လယ်ယာမြေနှင့်စပ်လျဉ်း၍ သက်ဆိုင်သူ မည်သူမဆို သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က ဥပဒေနှင့်အညီ ချမှတ်ထားသော အမိန့်ကို လိုက်နာရမည်လို့ ဆိုထားတဲ့အတွက်

လယ်ယာမြေမှာ ကျူးကျော်လုပ်ကိုင်နေသူတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ပြောမယ်၊ စာထုတ်မယ်လို့ယူဆပါတယ်။

ဒီပုဒ်မ ၁၃ က ပုံစံ ၇ ရှိသူရော မရှိသူပါ လယ်ယာမြေနဲ့ သက်ဆိုင်သူအားလုံးကို ဥပဒေနဲ့အညီ ဆောင်ရွက်စေအောင် လယ်စီအဖွဲ့တွေကို တာဝန်ပေးထားတာ ဖြစ်ပါတယ်။

ပုံစံ ၇ မရှိသူကို ပုံစံ ၇ လျောက်ထားဖို့၊ အခြားနည်းသုံးနေရင်လည်း မသုံးဖို့၊ အခြားနည်း သုံးပြီးနေရင်လည်း လယ်ယာမြေအဖြစ် ပြန်သုံးဖို့ သို့မဟုတ် အခြားနည်းအသုံးပြုခွင့် လျောက်ထားစေဖို့ စသည်ဖြင့်

လယ်စီအဖွဲ့က ကာယကံရှင်ကို ဥပဒေနဲ့အညီ ဆောင်ရွက်အောင် ပုဒ်မ ၁၃ အရ အမိန့်ပေးတော့မှာပါ။

ဒီလို အမိန့်ပေးလို့မှ ကာယကံရှင်က မလိုက်နာဘူးဆိုရင်တော့ ပုဒ်မ ၁၃ အရ ချမှတ်သည့်အမိန့်ကို လိုက်နာခြင်းမရှိသော မည်သူမဆို ယင်းအမိန့်ပါ သတ်မှတ်ရက်ကျော်လွန်ပါက သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကသော်လည်းကောင်း၊

ယင်းအဖွဲ့က တာဝန်ပေးအပ်သော ပုဂ္ဂိုလ်ကသော်လည်းကောင်း သက်ဆိုင်ရာတရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုနိုင်သည်လို့ ဆိုတဲ့အတွက်၊ ရဲအရေးပိုင်တဲ့ အမှုလည်းဖြစ်နေတဲ့အတွက်

အမှုဖွင့်ခြင်း၊ တရားစွဲဆိုခြင်းများကို ပုဒ်မ ၃၇ (က) အရ အထက်မှာ တင်ပြခဲ့သလို အရေးယူဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် လယ်ယာမြေကို လုပ်ကိုင်အသုံးပြုနေရင် နိုင်ငံပိုင်မြေကို အသုံးပြုနေတာ ဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်လျောက်ထားရယူပြီး လုပ်ပိုင်ခွင့်ပုံစံ ၇ နဲ့သာ သတ်မှတ်စည်းကမ်းများအတိုင်း လုပ်ကိုင်အသုံးပြုဖို့လိုပါတယ်။

ဒါမှသာ ဥပဒေက ပေးထားသော အခွင့်အရေးများကို အပြည့်အဝ စိတ်ချလက်ချ ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ ပုံစံ ၇ ရှိနေရင်တောင် ဥပဒေပါ သတ်မှတ်စည်းကမ်းများကို လိုက်နာရမှာဖြစ်ပြီး မလိုက်နာခဲ့ရင် အရေးယူခံရမှာ ဖြစ်ပါတယ်။

ပုံစံ ၇ မရှိသူအတွက်ကတော့ ဆိုဖွယ်ရာ မရှိပြောရမှာပါပဲ။ လယ်ယာမြေ လုပ်ပိုင်ခွင့်မရှိသူ တနည်းအားဖြင့် ပုံစံ ၇ မရှိသူများကတော့ လယ်ယာမြေကို မည်သည့်နည်းဖြင့် အသုံးပြုသည်ဖြစ်စေ ဥပဒေနှင့် မညီသည့်အတွက် အရေးယူခံရမည်မှာ သေချာနေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Crd
ေျမကိစၥအတြက္ အေရးႀကီးတဲ့ ပုံစံ (၇)

၂၀၂၀ လယ္ယာေျမ ဥပေဒကို ျပင္ဆင္ၿပီး ေနာက္ပိုင္း လယ္ယာေျမ လုပ္ပိုင္ခြင့္ျပဳလက္မွတ္ ပုံစံ ၇ ရွိသူႏွင့္ မရွိသူတို႔ရဲ႕ အေျခအေနေတြကို သုံးသပ္တင္ျပခ်င္ပါတယ္။

၁-ပုံစံ ၇ ရွိသူအတြက္.

ပုံစံ ၇ ဆိုတာ လယ္ယာေျမ လုပ္ပိုင္ခြင့္ျပဳ လက္မွတ္၊ လယ္ယာေျမ လုပ္ပိုင္ခြင့္ဆိုတာ လယ္ယာေျမကို လက္ဝယ္ထားရွိ၍ စိုက္ပ်ိဳးလုပ္ကိုင္ အသုံးခ်ခြင့္ျပဳျခင္းကိုဆိုသည္။ (ပုဒ္မ ၃။ (စ) အရ)

ပုံစံ ၇ ရွိရင္ ဘာအခြင့္အေရးေတြ ရသလဲ ဆိုေတာ့

(၁) လယ္ယာေျမကို လက္ရွိထားပိုင္ခြင့္၊ လယ္ယာေျမ လုပ္ပိုင္ခြင့္၊ ရာသီသီးႏွံကို ေျပာင္းလဲ စိုက္ပ်ိဳးႏိုင္ခြင့္၊ ယင္းသို႔လုပ္ပိုင္ခြင့္မွ ေပၚထြက္လာသည့္ အက်ိဳးအျမတ္ကို ခံစားပိုင္ခြင့္၊

(၂) လယ္ယာေျမကို အားလုံးျဖစ္ေစ၊ တစ္စိတ္တစ္ပိုင္းျဖစ္ေစ၊ လုပ္ပိုင္ခြင့္အား သတ္မွတ္ထားေသာ စည္းကမ္းခ်က္မ်ားႏွင့္အညီ ေရာင္းခ်ခြင့္၊ ေပါင္ႏွံခြင့္၊ ငွားရမ္းခြင့္၊ လဲလွယ္ခြင့္ႏွင့္ ေပးကမ္းခြင့္၊

(၃) လယ္ယာေျမ လုပ္ပိုင္ခြင့္ကို အေမြဆက္ခံျခင္းႏွင့္ စပ္လ်ဥ္း၍ အျငင္းပြားမႈ ေပၚေပါက္လာပါက တည္ဆဲ ဥပေဒႏွင့္အညီ သက္ဆိုင္ရာ တရား႐ုံး၏ အဆုံးအျဖတ္ခံယူႏိုင္ခြင့္၊

(၄) သတ္မွတ္သည့္ စည္းကမ္းခ်က္မ်ားကို ေဖာက္ဖ်က္ျခင္း မရွိသေ႐ြ႕ လယ္ယာေျမလုပ္ပိုင္ခြင့္၊

(၅) လယ္ယာေျမတြင္ စိုက္ပ်ိဳးေရးလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အစိုးရ သို႔မဟုတ္ အစိုးရ အသိအမွတ္ျပဳထားသည့္ အဖြဲ႕အစည္း၊ အသင္းအဖြဲ႕မ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္လည္းေကာင္း၊ ပုဂၢလိက ရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္လည္းေကာင္း အက်ိဳးတူလုပ္ကိုင္ခြင့္၊

(၆) လယ္ယာေျမတြင္ ႏိုင္ငံျခားသား သို႔မဟုတ္ ႏိုင္ငံျခားသားပါဝင္ေသာ အဖြဲ႕အစည္းႏွင့္ ပူးေပါင္း၍ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ဥပေဒႏွင့္အညီ အက်ိဳးတူလုပ္ကိုင္ခြင့္။

(ပုဒ္မ ၉ လယ္ယာေျမ လုပ္ပိုင္ခြင့္ရရွိသူ၏အခြင့္အေရးမ်ား)

ပုံစံ ၇ ရွိရင္ ဒီစည္းကမ္းေတြကို လိုက္နာရမယ္-

(၁) ဤဥပေဒတြင္ ျပ႒ာန္းထားသည့္အတိုင္း လယ္ယာေျမကို လုပ္ကိုင္ရမည္။

(၂) လယ္ယာေျမႏွင့္ စပ္လ်ဥ္း၍ တည္ဆဲဥပေဒတစ္ရပ္ရပ္အရ စည္းၾကပ္ေသာေျမခြန္ႏွင့္အျခား အခြန္အခမ်ားကို ေပးေဆာင္ရမည္။

(၃) လယ္ယာေျမ လုပ္ပိုင္ခြင့္ကို ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ျခင္းႏွင့္ ေပးကမ္းျခင္းတို႔ကို ေဆာင္႐ြက္သည့္အခါ ၿမိဳ႕နယ္ လယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕က သတ္မွတ္သည့္

တန္ဖိုးႏွင့္အညီ တည္ဆဲဥပေဒအရ သတ္မွတ္ေသာ တံဆိပ္ေခါင္းခြန္ႏွင့္ ဦးစီးဌာနက သတ္မွတ္သည့္ စာခ်ဳပ္စာတမ္း မွတ္ပုံတင္ခတို႔ကို ေပးေဆာင္၍ သက္ဆိုင္ရာ ၿမိဳ႕နယ္ဦးစီးဌာန႐ုံးတြင္ မွတ္ပုံတင္ရမည္။

(၄) တည္ဆဲဥပေဒႏွင့္အညီ အေမြဆက္ခံျခင္းျဖင့္ လယ္ယာေျမ လုပ္ပိုင္ခြင့္ကို ရရွိသည့္အခါ သတ္မွတ္ခ်က္မ်ားႏွင့္အညီ သက္ဆိုင္ရာၿမိဳ႕နယ္ ဦးစီးဌာန႐ုံးတြင္ မွတ္ပုံတင္ရမည္။

(၅) စိုက္ပ်ိဳးထုတ္လုပ္မႈ အရင္းအႏွီးအတြက္သာ လယ္ယာေျမလုပ္ပိုင္ခြင့္ကို ေပါင္ႏွံခြင့္ရွိၿပီး အစိုးရဘဏ္ သို႔မဟုတ္ အစိုးရက အသိအမွတ္ျပဳေသာ ဘဏ္တြင္သာ ေပါင္ႏွံရမည္။

(၆) လယ္ယာေျမကို ခြင့္ျပဳမိန႔္မရရွိဘဲ အျခားနည္း သုံးစြဲျခင္းမျပဳရ။

(၇) လယ္ယာေျမကို ရာသီသီးႏွံအမ်ိဳးအစားမွ အျခားသီးႏွံ အမ်ိဳးအစားသို႔ ခြင့္ျပဳခ်က္မရွိဘဲ ေျပာင္းလဲ စိုက္ပ်ိဳးျခင္းမျပဳရ။

(၈) ခိုင္လုံေသာ အေၾကာင္းျပခ်က္မရွိဘဲ လယ္ယာေျမကို လွပ္ထားျခင္းမျပဳရ။ သို႔ရာတြင္ လယ္ယာေျမကို လွပ္ထားရန္ အေၾကာင္းတစ္စုံတစ္ရာ ေပၚေပါက္ပါက ေျမတည္ရွိရာရပ္ကြက္ သို႔မဟုတ္

ေက်း႐ြာအုပ္စု လယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕မွတစ္ဆင့္ ၿမိဳ႕နယ္လယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕သို႔ တင္ျပရမည္။ ယင္းသို႔ လွပ္ထားျခင္းသည္လည္း ေ႐ႊ႕ေျပာင္းေတာင္ယာေျမမွအပ ႏွစ္ႏွစ္ဆက္တိုက္ထက္ မပိုေစရ။

(၉) လယ္ယာေျမ လုပ္ပိုင္ခြင့္မရမီကာလအတြင္း သို႔မဟုတ္ လယ္ယာေျမ လုပ္ပိုင္ခြင့္ႏွင့္ စပ္လ်ဥ္း၍ အျငင္းပြားမႈ ျဖစ္ေပၚေနေသာ ကာလအတြင္း လယ္ယာေျမကို ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ျခင္း သို႔မဟုတ္ ေပးကမ္းျခင္း မျပဳရ။

(ပုဒ္မ ၁၂ လယ္ယာေျမ လုပ္ပိုင္ခြင့္ရရွိသူလိုက္နာရမည့္ စည္းကမ္းမ်ား)

ဒီစည္းကမ္းေတြကို မလိုက္နာဘူး၊ ေဖာက္ဖ်က္တယ္ဆိုရင္ ဘာျဖစ္မလဲ

စည္းကမ္းခ်က္ အားလုံးကိုျဖစ္ေစ၊ စည္းကမ္းခ်က္ တစ္ရပ္ရပ္ကိုျဖစ္ေစ၊ လိုက္နာရန္ ပ်က္ကြက္လွ်င္ သက္ဆိုင္ရာၿမိဳ႕နယ္ လယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕က ဥပေဒႏွင့္အညီ စုံစမ္းစစ္ေဆးၿပီး ေအာက္ပါ အမိန႔္ တစ္ရပ္ရပ္ကိုျဖစ္ေစ၊ တစ္ရပ္ထက္ပို၍ျဖစ္ေစ ခ်မွတ္ႏိုင္သည္-

(၁) သတ္မွတ္သည့္ ဒဏ္ေၾကးေငြ ေပးေဆာင္ေစျခင္း၊

(၂) သတ္မွတ္သည့္ နည္းလမ္းအတိုင္း လယ္ယာေျမကို ေဆာင္႐ြက္ေစျခင္း၊

(၃) လယ္ယာေျမေပၚမွ ႏွင္ထုတ္ထိုက္သူမ်ားကို ႏွင္ထုတ္ျခင္း၊

(၄) လယ္ယာေျမေပၚတြင္ ခြင့္ျပဳခ်က္မရွိဘဲ ေဆာက္လုပ္ထားေသာ အေဆာက္အအုံမ်ားကို ဖယ္ရွားျခင္း။ (ပုဒ္မ ၁၉ အရ)

ဒီလို အမိန္႔ေပးရင္ ဘယ္ေန႔ဘယ္ရက္အတြင္း ဘယ္လိုလုပ္ပါလို႔ စာနဲ႔ ထုတ္ျပန္ေပးမွာ။ ဒါကိုမွ ဆက္ၿပီး မလိုက္နာဘူးဆိုရင္

အမိန႔္ကို လိုက္နာျခင္းမရွိေသာ မည္သည့္လယ္ယာေျမ လုပ္ပိုင္ခြင့္ရရွိသူကိုမဆို ယင္းအမိန႔္ပါ သတ္မွတ္ရက္ေက်ာ္လြန္ပါက ၿမိဳ႕နယ္ လယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕ကေသာ္လည္းေကာင္း၊

ယင္းအဖြဲ႕က တာဝန္ေပးအပ္ေသာ ပုဂၢိဳလ္ကေသာ္လည္းေကာင္း သက္ဆိုင္ရာ တရား႐ုံးတြင္ ဦးတိုက္ေလွ်ာက္ထား တရားစြဲဆိုႏိုင္သည္။(ပုဒ္မ ၂၀ (က) အရ)

ဒီလို တရားစြဲ ခံရၿပီ ဆိုရင္ေတာ့

မည္သူမဆို ပုဒ္မ ၁၉ အရ ခ်မွတ္ေသာ အမိန႔္ကိုျဖစ္ေစ၊ ဤဥပေဒအရ လယ္ယာေျမလုပ္ပိုင္ခြင့္ အျငင္းပြားမႈတြင္ ခ်မွတ္ေသာအမိန႔္ သို႔မဟုတ္ ဆုံးျဖတ္ခ်က္ကိုျဖစ္ေစ၊

လိုက္နာရန္ပ်က္ကြက္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ထိုသူကို အနည္းဆုံး ေျခာက္လမွ အမ်ားဆုံး ႏွစ္ႏွစ္အထိ ေထာင္ဒဏ္ျဖစ္ေစ၊ အနည္းဆုံး က်ပ္သုံးသိန္းမွ အမ်ားဆုံး က်ပ္ငါးသိန္းအထိ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္။ (ပုဒ္မ ၃၅ အရ)

တစ္ႀကိမ္တရားစြဲဆို ခံရဘူးတဲ့သူက ေနာက္တႀကိမ္ တရားစြဲဆိုခံရၿပီ ဆိုရင္ေတာ့

ပုဒ္မ ၁၉ အရ ခ်မွတ္ေသာအမိန႔္ကို လိုက္နာရန္ ပ်က္ကြက္ေၾကာင္း ျပစ္မႈထင္ရွား စီရင္ျခင္းခံရသူသည္ ယခင္က အလားတူျပစ္မႈျဖင့္ ျပစ္မႈထင္ရွားစီရင္ျခင္းခံခဲ့ရလွ်င္ ထပ္မံက်ဴးလြန္ေသာ ျပစ္မႈအတြက္ ပုဒ္မ ၃၅ ပါအမ်ားဆုံး ေထာင္ဒဏ္ ခ်မွတ္ျခင္းခံရမည္။ (ပုဒ္မ ၃၆ အရ)

အထက္မွာ တင္ျပခဲ့တာေတြက ပုံစံ ၇ ရွိတဲ့သူရဲ႕ အခြင့္အေရးေတြ၊ စည္းကမ္းေတြ၊ စည္းကမ္းမလိုက္နာရင္ အေရးယူခံရမွာေတြပဲ ျဖစ္ပါတယ္။ စည္းကမ္းမလိုက္နာခဲ့ရင္ေတာင္ တရားစြဲခံရဖို႔က နည္းတယ္လို႔ ေျပာလို႔ရပါတယ္။

အမႈကရဲအေရး မပိုင္တဲ့ အမႈျဖစ္တာကတစ္ေၾကာင္း၊ ရပ္ေက်း ၿမိဳ႕နယ္ လယ္စီေတြက တရားစြဲရမွာထက္ အျခားေသာ နည္းမ်ိဳးစုံနဲ႔ ညႇိေပး၊
ဖိအားေပး၊ ဥပေဒနဲ႔ ေျခာက္လွန္႔ လိုက္နာေအာင္ လုပ္ၾကမွာပါ။

ဘာလို႔ဆို ဘယ္သူကမွ အမုန္းခံ၊ ႐ုံးေရာက္ ဂတ္ေရာက္ အလုပ္အရႈပ္ မခံခ်င္ၾကလို႔ပါ။ ေတာ္ေတာ္ေလးကို စည္းကမ္း မလိုက္နာ ေျပာမရ ဆိုမရ ေပကပ္ေနၿပီး မရတဲ့အဆုံးမွ အထက္အဆင့္ဆင့္ကလဲ စြဲခြင့္ျပဳေတာ့မွ တရားစြဲၾကမွာပါ။

ဒါသည္ပင္ ပုံစံ ၇ ရွိသူအတြက္ အခြင့္အေရးတစ္ရပ္ ျဖစ္လာတယ္ ေျပာရမွာပါပဲ။

၂-ပုံစံ ၇ မရွိသူအတြက္

လယ္ယာေျမမွာ လုပ္ပိုင္ခြင့္ ပုံစံ ၇ မရွိပဲ စိုက္ပ်ိဳးတယ္၊ အသုံးခ်ေနတယ္၊ အိမ္ေဆာက္ေနတယ္၊ ဆိုင္ေဆာက္ထားတယ္၊ အုတ္ဖုတ္တယ္ စသည္ျဖင့္ အျခားနည္း တမ်ိဳးမ်ိဳးအသုံးခ်ေနတာမ်ိဳးပါ။

ဆိုလိုတာက လယ္ယာေျမကို တနည္းနည္းနဲ႔ အသုံးျပဳေနတာမ်ိဳးကို ဆိုလိုျခင္းျဖစ္ပါတယ္။

ဒီေနရာမွာ ပုံစံ ၇ မရတဲ့ အေၾကာင္းအရင္းက သူကိုယ္တိုင္ ပုံစံ ၇ မေလ်ာက္ခဲ့တာေၾကာင့္ မရခဲ့တာမ်ိဳးလဲ ျဖစ္ႏိုင္တယ္၊ ေလ်ာက္ခဲ့ေပမဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မရခဲ့တာလဲ ျဖစ္ႏိုင္တယ္၊ အျခားနည္း အသုံးျပဳေနတာေၾကာင့္ ပုံစံ ၇ ေပးမရလို႔ မရခဲ့တာလည္း ျဖစ္ႏိုင္တယ္၊

သူအသုံးျပဳေနတဲ့ေျမက လယ္ယာေျမ အမ်ိဳးအစား မဟုတ္လို႔ မရခဲ့တာလဲ ျဖစ္ႏိုင္တယ္ (လယ္ယာေျမ အမ်ိဳးအစား မဟုတ္လို႔ ပုံစံ ၇ မရခဲ့တာက လယ္ယာေျမဥပေဒနဲ႔ မဆိုင္ေတာ့ပါဘူး)။

ဘယ္လိုပဲ ျဖစ္ျဖစ္ ဆိုလိုရင္းကေတာ့ လယ္ယာေျမ အမ်ိဳးအစားလဲ ျဖစ္ရမယ္၊ ပုံစံ ၇ မရွိတာလည္း ျဖစ္ရမယ္။

ဒီလို အေျခအေနမ်ိဳးဆိုရင္ လယ္ယာေျမကို လုပ္ပိုင္ခြင့္မရပဲ အသုံးျပဳေနသူ၊ လယ္ယာေျမကို အခြင့္မရပဲ အသုံးခ်ေနသူ ျဖစ္သြားပါၿပီ။ ဒီလိုမ်ိဳးဆိုရင္ေတာ့ မည္သူမဆို လယ္ယာေျမ လုပ္ပိုင္ခြင့္မရရွိဘဲ လယ္ယာေျမကို

က်ဴးေက်ာ္လုပ္ကိုင္ေၾကာင္း ျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္ ထိုသူကို အနည္းဆုံး ေျခာက္လမွ အမ်ားဆုံး ႏွစ္ႏွစ္အထိ ေထာင္ဒဏ္ျဖစ္ေစ၊ အနည္းဆုံး က်ပ္သုံးသိန္းမွ အမ်ားဆုံး က်ပ္ငါးသိန္းအထိ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္။ (ပုဒ္မ ၃၇ (က) အရ)

ဒီေနရာမွာ “မည္သူမဆို” ၊ “လယ္ယာေျမမွာ” ၊ “လုပ္ပိုင္ခြင့္မရပဲ” ၊ “က်ဴးေက်ာ္လုပ္ကိုင္ေၾကာင္း” ဆိုတဲ့ စကားလုံးေတြကို သတိျပဳပါ။

ဘယ္သူပဲ ျဖစ္ျဖစ္ လယ္ယာေျမ အမ်ိဳးအစားေျမမွာ လုပ္ပိုင္ခြင့္မရပဲ က်ဴးေက်ာ္လုပ္ကိုင္ရင္ အေရးယူခံရမယ္လို႔ ဆိုလိုပါတယ္။

လုပ္ပိုင္ခြင့္ရဖို႔ဆိုတာ လယ္ယာေျမဥပေဒအရ ပုံစံ ၇ ေလ်ာက္မွ လုပ္ပိုင္ခြင့္ရမွာပါ။

လုပ္ပိုင္ခြင့္ ပုံစံ ၇ မရခဲ့ရင္ တနည္း ပုံစံ ၇ မရွိခဲ့ရင္ က်ဴးေက်ာ္သူ ျဖစ္သြားပါၿပီ။ ေျမအားလုံး၏ ပင္ရင္းပိုင္ရွင္သည္ ႏိုင္ငံေတာ္ျဖစ္သည္ ဆိုတဲ့ လယ္ယာေျမဥပေဒ ပုဒ္မ ၃ (စ) မွာပါတဲ့ စကားရပ္အရ ႏိုင္ငံပိုင္ေျမမွာ က်ဴးေက်ာ္လုပ္ကိုင္သူ ျဖစ္သြားပါတယ္။

ဒီလို က်ဴးေက်ာ္လုပ္ကိုင္ရင္ အေရးယူခံရေတာ့မွာပါ။ (ပုဒ္မ ၃၇ (က) အရ)

လယ္ယာေျမ က်ဴးေက်ာ္လုပ္ကိုင္သူဆိုရင္ ခ်က္ခ်င္း အမႈဖြင့္အေရးယူႏိုင္ေလာက္ေအာင္ ျပဌာန္းထားတာက “ပုဒ္မ ၃၇ ႏွင့္ ပုဒ္မ ၃၇-က တို႔အရ တရားစြဲဆိုေသာ ျပစ္မႈမ်ားကို ရဲအေရးယူပိုင္ခြင့္ရွိေသာ ျပစ္မႈမ်ားအျဖစ္ သတ္မွတ္သည္” လို႔ ေဖာ္ျပထားပါတယ္။ (ပုဒ္မ ၄၀ အရ)

ဒီေနရာမွာ ရဲအေရးပိုင္တယ္ဆိုတာေလးကို အနည္းငယ္ တင္ျပခ်င္ပါတယ္။ ျပစ္မႈဆိုင္ရာဥပေဒ ပုဒ္မ ၁၅၄ ရဲအေရးယူပိုင္ခြင့္ရွိေသာ ျပစ္မႈတစ္ရပ္ က်ဴးလြန္ျခင္းႏွင့္ စပ္လ်ဥ္းသည့္ သတင္းေပးခ်က္တိုင္းကို ျပည္သူ႔ရဲတပ္ဖြဲ႕ စခန္းမႉးတစ္ဦးထံ ႏႈတ္ျဖင့္ေပးခဲ့လွ်င္

ထိုအရာရွိကိုယ္တိုင္ျဖစ္ေစ၊ ၎၏ ၫႊန္ၾကားခ်က္အရျဖစ္ေစ စာျဖင့္ေရးမွတ္ရမည့္အျပင္ သတင္းေပးသူအား ျပန္ဖတ္ျပရမည္။

ထို႔ျပင္ စာျဖင့္ေရးသားေပးသည္ျဖစ္ေစ၊ အထက္တြင္ဆိုခဲ့သည့္အတိုင္း စာျဖင့္ေရးမွတ္ယူရသည္ျဖစ္ေစ အဆိုပါ သတင္းေပးခ်က္တိုင္းတြင္ သတင္းေပးသူက လက္မွတ္ေရးထိုးရမည္။ အမႈလာတိုင္ရင္ ဖြင့္ကိုဖြင့္ရမွာပါ။

တိုင္ခ်က္နဲ႔ပတ္သက္ၿပီး ရဲလက္စြဲ အပိုဒ္ ၁၄၁၄ မွာ ရဲအရာရွိပိုင္ေသာ အမႈျဖစ္ပြားေၾကာင္း သတင္းရရွိသည့္အခါ ေႏွာင့္ေႏွးျခင္းမရွိဘဲ တိုင္ခ်က္ဖြင့္ေပးရန္ အေရးႀကီးသည္။

ရရွိေသာ သတင္းေပးခ်က္သည္ အမႈအေၾကာင္းကို ကိုယ္တိုင္တစ္စုံတစ္ရာ မသိသူကေပးေသာ တစ္ဆင့္ၾကားသတင္းျဖစ္ေစ၊ အမႈအေၾကာင္း အနည္းငယ္မွ်သာ သိေသာသူ၏ သတင္းျဖစ္ေစ၊

အမႈအေၾကာင္း အျပည့္အစုံသိသူ၏ သတင္းျဖစ္ေစ မည္သည့္ သတင္းမ်ိဳးကိုမဆို ျပစ္မႈဆိုင္ရာက်င့္ထုံးဥပေဒတြင္ ျပ႒ာန္းခ်က္မ်ားအရ ခ်က္ခ်င္းတိုင္ခ်က္ဖြင့္ေပးရမည္။

ရဲအေရးယူပိုင္သည့္ ျပစ္မႈက်ဴးလြန္ေၾကာင္း ပထမသတင္းေပးတိုင္ခ်က္ကို ႏႈတ္ျဖင့္ျဖစ္ေစ၊ စာျဖင့္ျဖစ္ေစ၊ စကားေျပာေၾကးနန္းျဖင့္ျဖစ္ေစ၊ ႀကိဳးမဲ့ေၾကးနန္းျဖင့္ျဖစ္ေစ ေပးပါလ်က္ လက္ခံေရးမွတ္ယူျခင္းမျပဳခဲ့ေသာ္ သို႔မဟုတ္ သတင္းေပး တိုင္ၾကားသည့္အတိုင္း မဟုတ္ဘဲ

တိုင္ၾကားသူကိုျဖစ္ေစ၊ စြပ္စြဲခံရသူကိုျဖစ္ေစ၊ အက်ိဳးယုတ္ေလ်ာ့ေစရန္ သို႔မဟုတ္ အက်ိဳးရွိေစရန္အႀကံျဖင့္ ျပဳျပင္ေျပာင္းလဲေရးမွတ္ယူခဲ့ေသာ္ သို႔မဟုတ္ အမႈထိမ္ဝွက္ရန္အႀကံျဖင့္ ပထမ သတင္းေပးတိုင္ခ်က္စာအုပ္မွ သတင္းေပးခ်က္ကို ဆုတ္ပစ္ေဖ်ာက္ဖ်က္ခဲ့ေသာ္

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ရဲစည္းကမ္း ထိန္းသိမ္းေရး ဥပေဒအရျဖစ္ေစ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၁၇၇ ႏွင့္ ၂၁၈ တို႔အရျဖစ္ေစ အေရးယူျခင္းခံရမည့္အျပင္ အၿမဲတမ္း ထုတ္ပယ္ျခင္းခံရမည္လို႔ ဆိုပါတယ္။

ဒီရဲလက္စြဲအပိုဒ္အရ ကာယကံရွင္က တိုင္သည္ျဖစ္ေစ၊ အျခားသူက တိုင္သည္ျဖစ္ေစ၊ အျပည့္အစုံမသိသူက တိုင္သည္ျဖစ္ေစ ခ်က္ခ်င္းတိုင္ခ်က္ဖြင့္ေပးရမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ပုံစံ ၇ မရွိသူ၊ တနည္းအားျဖင့္လယ္ယာေျမ လုပ္ပိုင္ခြင့္မရွိသူ ေတြဟာ ႏိုင္ငံပိုင္ လယ္ယာေျမမွာ က်ဴးေက်ာ္လုပ္ကိုင္သူေတြ ျဖစ္ၿပီး ဒီဥပဒအရ ျပစ္မႈက်ဴးလြန္သူမ်ားျဖစ္ကာ

ရဲအေရးယူပိုင္ခြင့္ ရွိတဲ့ ျပစ္မႈျဖစ္တဲ့အတြက္ ရဲစခန္းကို ဘယ္သူကျဖစ္ျဖစ္ တိုင္လိုက္တာနဲ႔ အမႈဖြင့္ခံရေတာ့မယ္။

ရဲကလည္း အမႈဖြင့္ေပးရေတာ့မယ္ မဖြင့္ရင္ ရဲကိုယ္တိုင္ အေရးယူခံရႏိုင္တယ္။ ဒါေၾကာင့္ လယ္ယာေျမမွာ က်ဴးေက်ာ္လုပ္ကိုင္ေနတာ၊ အျခားနည္း သုံးေနတာနဲ႔တင္ ခ်က္ခ်င္း အမႈဖြင့္အေရးယူခံရမွာ ျဖစ္ပါတယ္။

ဒီေနရာမွာ တစ္ခု သတိျပဳမိတာက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လယ္ယာေျမကို လုပ္ပိုင္ခြင့္ ပုံစံ ၇ မရခဲ့တာမ်ိဳး ရွိႏိုင္တဲ့အတြက္ လယ္ယာေျမ က်ဴးေက်ာ္ လုပ္ကိုင္ေနသူတိုင္းကို ခ်က္ခ်င္းအမႈဖြင့္ တရားစြဲမယ္လို႔ေတာ့ မထင္ပါဘူး။

လယ္ယာေျမ ဥပေဒ ပုဒ္မ ၁၃ မွာ လယ္ယာေျမႏွင့္စပ္လ်ဥ္း၍ သက္ဆိုင္သူ မည္သူမဆို သက္ဆိုင္ရာ လယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕ အဆင့္ဆင့္က ဥပေဒႏွင့္အညီ ခ်မွတ္ထားေသာ အမိန႔္ကို လိုက္နာရမည္လို႔ ဆိုထားတဲ့အတြက္

လယ္ယာေျမမွာ က်ဴးေက်ာ္လုပ္ကိုင္ေနသူေတြကို ဥပေဒနဲ႔အညီ ေဆာင္႐ြက္ဖို႔ ေျပာမယ္၊ စာထုတ္မယ္လို႔ယူဆပါတယ္။

ဒီပုဒ္မ ၁၃ က ပုံစံ ၇ ရွိသူေရာ မရွိသူပါ လယ္ယာေျမနဲ႔ သက္ဆိုင္သူအားလုံးကို ဥပေဒနဲ႔အညီ ေဆာင္႐ြက္ေစေအာင္ လယ္စီအဖြဲ႕ေတြကို တာဝန္ေပးထားတာ ျဖစ္ပါတယ္။

ပုံစံ ၇ မရွိသူကို ပုံစံ ၇ ေလ်ာက္ထားဖို႔၊ အျခားနည္းသုံးေနရင္လည္း မသုံးဖို႔၊ အျခားနည္း သုံးၿပီးေနရင္လည္း လယ္ယာေျမအျဖစ္ ျပန္သုံးဖို႔ သို႔မဟုတ္ အျခားနည္းအသုံးျပဳခြင့္ ေလ်ာက္ထားေစဖို႔ စသည္ျဖင့္

လယ္စီအဖြဲ႕က ကာယကံရွင္ကို ဥပေဒနဲ႔အညီ ေဆာင္႐ြက္ေအာင္ ပုဒ္မ ၁၃ အရ အမိန္႔ေပးေတာ့မွာပါ။

ဒီလို အမိန္႔ေပးလို႔မွ ကာယကံရွင္က မလိုက္နာဘူးဆိုရင္ေတာ့ ပုဒ္မ ၁၃ အရ ခ်မွတ္သည့္အမိန႔္ကို လိုက္နာျခင္းမရွိေသာ မည္သူမဆို ယင္းအမိန႔္ပါ သတ္မွတ္ရက္ေက်ာ္လြန္ပါက သက္ဆိုင္ရာ လယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕ကေသာ္လည္းေကာင္း၊

ယင္းအဖြဲ႕က တာဝန္ေပးအပ္ေသာ ပုဂၢိဳလ္ကေသာ္လည္းေကာင္း သက္ဆိုင္ရာတရား႐ုံးတြင္ ဦးတိုက္ေလွ်ာက္ထား တရားစြဲဆိုႏိုင္သည္လို႔ ဆိုတဲ့အတြက္၊ ရဲအေရးပိုင္တဲ့ အမႈလည္းျဖစ္ေနတဲ့အတြက္

အမႈဖြင့္ျခင္း၊ တရားစြဲဆိုျခင္းမ်ားကို ပုဒ္မ ၃၇ (က) အရ အထက္မွာ တင္ျပခဲ့သလို အေရးယူေဆာင္႐ြက္ေတာ့မွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ လယ္ယာေျမကို လုပ္ကိုင္အသုံးျပဳေနရင္ ႏိုင္ငံပိုင္ေျမကို အသုံးျပဳေနတာ ျဖစ္တဲ့အတြက္ လုပ္ပိုင္ခြင့္ေလ်ာက္ထားရယူၿပီး လုပ္ပိုင္ခြင့္ပုံစံ ၇ နဲ႔သာ သတ္မွတ္စည္းကမ္းမ်ားအတိုင္း လုပ္ကိုင္အသုံးျပဳဖို႔လိုပါတယ္။

ဒါမွသာ ဥပေဒက ေပးထားေသာ အခြင့္အေရးမ်ားကို အျပည့္အဝ စိတ္ခ်လက္ခ် ခံစားႏိုင္ၾကမွာ ျဖစ္ပါတယ္။ ပုံစံ ၇ ရွိေနရင္ေတာင္ ဥပေဒပါ သတ္မွတ္စည္းကမ္းမ်ားကို လိုက္နာရမွာျဖစ္ၿပီး မလိုက္နာခဲ့ရင္ အေရးယူခံရမွာ ျဖစ္ပါတယ္။

ပုံစံ ၇ မရွိသူအတြက္ကေတာ့ ဆိုဖြယ္ရာ မရွိေျပာရမွာပါပဲ။ လယ္ယာေျမ လုပ္ပိုင္ခြင့္မရွိသူ တနည္းအားျဖင့္ ပုံစံ ၇ မရွိသူမ်ားကေတာ့ လယ္ယာေျမကို မည္သည့္နည္းျဖင့္ အသုံးျပဳသည္ျဖစ္ေစ ဥပေဒႏွင့္ မညီသည့္အတြက္ အေရးယူခံရမည္မွာ ေသခ်ာေနၿပီျဖစ္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

Crd

Add a Comment

Your email address will not be published.