အဆောက်အဦး ဆောက်တော့မယ်ဆိုရင် လိုက်နာရမည့် စည်းကမ်းနှင့်နည်းဥပဒေများ

Sharing is caring!

အဆောက်အဦး ဆောက်တော့မယ်ဆိုရင် လိုက်နာရမည့် စည်းကမ်းနှင့်နည်းဥပဒေများ

၁-(၄၀ပေ x ၆၀ပေ)နှင့် အထက်မြေကွက်များတွင် လုံးချင်းအဆောက်အအုံများ ဆောက်လုပ်လိုပါက အနည်းဆုံး ရှေ့ ၅ပေ၊ နောက် ၄ပေ၊ ဘေးနှစ်ဖက်အမိုးစွန်းမှ ၂ပေစီချန်လှပ်ရမည်။

၂-(၄၀ပေ × ၆၀ပေ) အောက်မြေကွက်များတွင်လုံးချင်းအဆောက်အအုံများ ဆောက်လုပ်ပါက အနည်းဆုံး ရှေ့ ၅ပေ၊ နောက် ၄ပေ၊ ဘေးနှစ်ဖက်အစွန်းမှ ၁ ပေစီချန်လှပ်ရမည်။

(ဘေးနှစ်ဖက် ၁ပေချန်သဖြင့် အရွက်ဖွင့်တံခါးဆောင်ရွက်၍မရဘဲ လျှောတံခါး (Sliding Window) ဖြင့် ဆောင်ရွက်ရမည်။

၃-(၄)ထပ်နှင့် အထက်အဆောက်အအုံများတွင် အနည်းဆုံး (Plinth Level) ၁ပေ ဆောင်ရွက်ပြီး (Gf: Level) မှစ၍ (Total Height) ၆၂ပေ ကျော်လွန်ပါကဓာတ်လှေခါး တပ်ဆင်ရမည်။

၄-(၄)ထပ်နှင့် အထက်အဆောက်အအုံများ လျှောက်ထားရာတွင် ယာဉ်ရပ်နားရန်နေရာ ထည့်သွင်းတင်ပြ၍ မပျက်မကွက်ဆောင် ရွက်ရမည်။

၅-(၄)ထပ်နှင့် အထက်အဆောက်အအုံများတွင် အရှေ့ဘက်ပင်မလှေခါးအပြင် အရေးပေါ် အသုံးပြုနိုင်ရေးအတွက် မီးသတ်လှေခါးအား အလွယ်တကူတက်/ဆင်းနိုင်ရန်အတွက် ထည့်သွင်း ဆောက်လုပ်ရမည်။

၆-အဆောက်အအုံ၏အုတ်ခုံအား အနီးကပ်ဆုံး လမ်းမျက်နှာပြင်အထက် အနည်းဆုံး ၁ပေ-၆လက်မမြှင့်၍ ဆောက်လုပ်ရမည်။

၇-အဆောက်အအုံ၏ ကျောရပ်အမြင့်အား မြေညီထပ်(၁၂ပေ)နှင့် အပေါ်ထပ်အား (၁၀ပေ) စီဆောက်လုပ်ရမည်။

၈-အိမ်ခန်း၏ ပန္နက်ဧရိယာသည် (၁ဝဝစ/ပေ)ရှိ၍ လေဝင် /လေထွက် ပြူတင်းပေါက်တံခါးများ ဧရိယာသည် အနည်းဆုံး အခန်းနံရံဧရိယာ၏ သုံးပုံတစ်ပုံရှိရမည်။

၉-ရေမိလ္လာစနစ်အား ရေနှင့်သန့်ရှင်းမှုဌာန၏ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ရမည်။

၁၀-မည်သည့်မြို့နယ်တွင်မဆို (Pile Foundation) ဆောင်ရွက်မည် ဆိုပါက မိမိပိုင်နယ်နိမိတ်အတွင်း အနည်းဆုံး ၂ပေခွာ၍ ဆောင်ရွက်ရမည်။ (သို့) အဆောက်အအုံနှင့် ကုန်ဌာန၏ သတ်မှတ်ညွန်ကြားချက်အတိုင်း ဆောင်ရွက်ရမည်။

၁၁-မိလ္လာကန် (Septic Tank)အတွက် မိမိပိုင်မြေအတွင်းအနည်းဆုံး ၆ပေ ချန်၍ ဆောက်လုပ်ရမည်။ မိလ္လာပိုက်လိုင်းများအတွက် အနောက်ဖက်တွင် အသားတင်၄ပေ ချန်ရမည်။ သို့တည်းမဟုတ် ရေနှင့်သန့်ရှင်းမှုဌာန၏ သတ်မှတ်ညွန်ကြားချက်အတိုင်း ဆောင်ရွက်ရမည်။

၁၂-အရေးပေါ်ထွက်ပေါက်လှေခါးကို မိမိပိုင်မြေအတွင်းတပ်ဆင်ရမည်။

၁၃-(၂)ထပ် ထက်ပိုသောအဆောက်အအုံများကို သံကူကွန်ကရစ် (သို့) သံထည်အဆောက်အအုံ (Steel Structure) ဖြင့် ဆောက်လုပ်ရမည်။

၁၄-အဆောက်အအုံဆောက်လုပ်ရာတွင် မိမိပိုင်နယ်နိမိတ်အတွင်း ဆောက်လုပ်ရမည်။

စည်ပင်မြေဖြစ်သည့် နောက်ဖေးလမ်းကြား၊ ဘေးလမ်းကြား၊ လမ်းနယ်များနှင့် ဘေးကပ်လျက် မြေကွက်များသို့ ကျူးကျော်ဆောက်လုပ်ခြင်းမပြုရ။

၁၅-ကော်မတီမှ အခါအားလျော်စွာ သတ်မှတ်သည့်နေရာများတွင် သတ်မှတ်သည့် အမြင့်အထိသာ ဆောက်လုပ်ရမည်။

Crd

Add a Comment

Your email address will not be published.