မျောက်ကျောက်ရောဂါမဖြစ်‌စေရန် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ.

Sharing is caring!

၁ -တိရစ္ဆာန်တွေကို အကာအကွယ်မပါဘဲ ကိုင်တွယ်ခြင်းမလုပ်ပါနဲ့‌။၂- ဖျားနာသေဆုံးနေတဲ့သတ္တဝါတွေကိုအထူးရှောင်ပါ။

၃- ရောဂါပိုးရှိသည်ဟုသံသယရှိသောတိရစ္ဆာန်တွေကို သီးခြားခွဲထားပါ ။၄- တကိုယ်ရေသန့်ရှင်းရေးနေ့စဉ်ပြုလုပ်ပါ။၅- လက်ကို ဆပ်ပြာနဲ့မကြာခဏဆေးပါ။
(သို့) လက်သန့်ဆေးရည် သုံးပါ။

၆- သင့်ခန္ဓာကိုယ်ကို အကာအကွယ်အသုံးပြုပါ။ – မျောက်ကျောက်ရောဂါ ပိုးကူးစက်ခံရလျှင် ပြလာတတ်တဲ့လက္ခဏာများကျောက်ရောဂါနဲ့ ပုံစံခြင်းတူပါတယ်။

ထိုရောဂါ ကူးစက်ခံရပြီး (၇)ရက်မှ (၁၄)ရက်အတွင်း- ရောဂါလက္ခဏာပြနှိုင်သလို ရောဂါကူးစက်ခံရပြီး (၅)ရက်မှ(၂၁)ရက်အတွင်း ရောဂါလက္ခဏာပြတာမျိုးလည်းရှိတတ်ပါတယ်။

ထိုရောဂါ ကူးစက်ခံပြီဆိုရင် ဖြစ်လာတတ်တဲ့ ရောဂါလက္ခဏာများကတော့

၁- အဖျားဝင်ခြင်း

၂- ခေါင်းကိုက်ပြီး အဆစ်အမြစ်တွေနာလာခြင်း

၃- ခြေကုန်လက်ပန်းကျပြီး ရင်တုန်မောပန်းလာခြင်း

အဖျားဝင်ပြီး (၁)ရက်မှ (၃)ရက်အတွင်း အဖု အပိတ်တွေ စထွက်လာခြင်း။ထိုအဖုအပိတ်တွေဟာ ပထမ မျက်နှာမှတဆင့် ခန္ဓာကိုယ်သို့ တဖြည်းဖြည်း ပြန့်သွားပါမယ်။

နောက်ထပ် အသားအရေအရောင်ပါပြောင်းလာပါတယ်။ အနာစက်တွေထွက်လာခြင်း။ အရေကြည်ဖုတွေထွက်လာခြင်း။

ပြည်တည်နာ ပုံစံလို အနာများထွက်လာခြင်း။ ထို မျောက်ကျောက်ရောဂါကို ၁၄-ရက်မှ ၁-လ နီးပါးအထိခံစားရပါတယ်။

ထို့နောက် တဖြည်းဖြည်းပြန်လည်သက်သာသွားပါတယ်။ တခြားနိုင်ငံတွေမှာတော့ သေဆုံးမှုနည်းပါးသည်ဟု သိရပါတယ်ခင်ဗျာ ။

အားလုံးရောဂါဘယကင်းရှင်းကြပါစေ

Dr. စည်သူထင်လတ် ။

Zawgyi Version

၁ -တိရစာၦန္ေတြကို အကာအကြယ္မပါဘဲ ကိုင္တြယ္ျခင္းမလုပ္ပါနဲ႔‌။၂- ဖ်ားနာေသဆုံးေနတဲ့သတၱဝါေတြကိုအထူးေရွာင္ပါ။

၃- ေရာဂါပိုးရွိသည္ဟုသံသယရွိေသာတိရစာၦန္ေတြကို သီးျခားခြဲထားပါ ။၄- တကိုယ္ေရသန႔္ရွင္းေရးေန႔စဥ္ျပဳလုပ္ပါ။၅- လက္ကို ဆပ္ျပာနဲ႔မၾကာခဏေဆးပါ။
(သို႔) လက္သန႔္ေဆးရည္ သုံးပါ။

၆- သင့္ခႏၶာကိုယ္ကို အကာအကြယ္အသုံးျပဳပါ။ – ေမ်ာက္ေက်ာက္ေရာဂါ ပိုးကူးစက္ခံရလွ်င္ ျပလာတတ္တဲ့လကၡဏာမ်ားေက်ာက္ေရာဂါနဲ႔ ပုံစံျခင္းတူပါတယ္။

ထိုေရာဂါ ကူးစက္ခံရၿပီး (၇)ရက္မွ (၁၄)ရက္အတြင္း- ေရာဂါလကၡဏာျပႏႈိင္သလို ေရာဂါကူးစက္ခံရၿပီး (၅)ရက္မွ(၂၁)ရက္အတြင္း ေရာဂါလကၡဏာျပတာမ်ိဳးလည္းရွိတတ္ပါတယ္။

ထိုေရာဂါ ကူးစက္ခံၿပီဆိုရင္ ျဖစ္လာတတ္တဲ့ ေရာဂါလကၡဏာမ်ားကေတာ့

၁- အဖ်ားဝင္ျခင္း

၂- ေခါင္းကိုက္ၿပီး အဆစ္အျမစ္ေတြနာလာျခင္း

၃- ေျခကုန္လက္ပန္းက်ၿပီး ရင္တုန္ေမာပန္းလာျခင္း

အဖ်ားဝင္ၿပီး (၁)ရက္မွ (၃)ရက္အတြင္း အဖု အပိတ္ေတြ စထြက္လာျခင္း။ထိုအဖုအပိတ္ေတြဟာ ပထမ မ်က္ႏွာမွတဆင့္ ခႏၶာကိုယ္သို႔ တျဖည္းျဖည္း ျပန႔္သြားပါမယ္။

ေနာက္ထပ္ အသားအေရအေရာင္ပါေျပာင္းလာပါတယ္။ အနာစက္ေတြထြက္လာျခင္း။ အေရၾကည္ဖုေတြထြက္လာျခင္း။

ျပည္တည္နာ ပုံစံလို အနာမ်ားထြက္လာျခင္း။ ထို ေမ်ာက္ေက်ာက္ေရာဂါကို ၁၄-ရက္မွ ၁-လ နီးပါးအထိခံစားရပါတယ္။

ထို႔ေနာက္ တျဖည္းျဖည္းျပန္လည္သက္သာသြားပါတယ္။ တျခားႏိုင္ငံေတြမွာေတာ့ ေသဆုံးမႈနည္းပါးသည္ဟု သိရပါတယ္ခင္ဗ်ာ ။

အားလုံးေရာဂါဘယကင္းရွင္းၾကပါေစ

Dr. စည္သူထင္လတ္ ။

Add a Comment

Your email address will not be published. Required fields are marked *