မိခင်အိုရဲ့ ဆုတောင်းစာ

Sharing is caring!

မျက်ရည်ခိုင်မှ ဖတ်ပါ

ငါ…ကျေနပ်ပါပြီ

ငါ…အိပ်ယာထဲ .. လဲတဲ့ အခါ …….မိုးလင်းတဲ့ အခါ …..ငယ်စဉ်ကလေ…

မင်းတို့ရဲ့ မျက်နှာနုလေးကို အေးမှာစိုးလို့…ငါနေ့စဉ် ရေနွေးနဲ့ သစ်ပေးခဲ့ပေမယ့် ..ငါ့ကိုတော့

ရေအေးနဲ့ သစ်ပေးရင်ပဲ ..ကျေနပ်ပါပြီ ။

အစာကျွေးတဲ့ အခါ…ငယ်စဉ်ကလေ…..

မင်းတို့ကြီးထွားရှင်သန်ဖို့ စျေးကြီးတဲ့ ….အာဟာရမုန့်တွေ ငါဝင်အောင်ကျွေးခဲ့ပေမဲ့….

ငါ့ကိုတော့ အစာကြေ တဲ့…ဆန်ပြုတ်ကျဲလေး ကျွေးရင်ပဲကျေနပ်ပါပြီ.. ။

ငါ အစား မဝင်တဲ့အခါ…ငယ်စဉ်ကလေ…..

ထမင်းတစ်ပန်းကန် စားကုန်ဖို့အိမ်ရှေ့အိမ်နောက်လှည့်ပတ်ပြေးလွား

နာရီရှည်ကြာလို့ ငါမညောင်းခဲ့ပေမဲ့ငါ့ကိုတော့ မိနစ်ပိုင်းလောက်

အားစိုက်ကျွေးရင်ပဲကျေနပ်ပါပြီ .. ။

ငါ အိပ်မပျော်တဲ့ အခါငယ်စဉ်ကလေ …..

လေးထိုးလို့ ၊ ဖျားလို့ ၊ ဝမ်းလျှော လို့ရောဂါစုံ ဖြစ်တတ်တဲ့

မင်းတို့တစ်တွေကို ပြုစုယုယရင်း တစ်လမအိပ်ရလို့လည်း

ငါမငြီးငြူခဲ့ပေမဲ့ ဝေဒနာကြောင့်..အိပ်မပျော်တဲ့ငါ့ကို

တစ်ရက် နှစ်ရက်သီးခံကြည့်ပေးရင်ပဲ

ကျေနပ်ပါပြီ .. ။

ငါမထနိုင်တဲ့ အခါ….ငယ်စဉ်ကလေ….

ရက်ပေါင်းများစွာ ချိုမိုင်မိုင်ဆိုပေးရင်း…လက်ကလေးတွေသန်မာအောင်

ကြိုးစားပေးခဲ့တဲ့ ငါ့ကို ..မင်းတို့လက်ကလေးတွေကို

ခဏတာအသုံးချပြီး ထူပေးကြရင်ပဲ

ကျေနပ်ပါပြီ .. ။

ငါ တွေ့ချင်တဲ့အခါ….ငယ်စဉ်ကလေ….

လပေါင်များစွာ ခြေကိုဖြောင့်စင်းပြီးသီချင်းဆိုပေးရင်း

ခြေထောက်လေးတွေ သန်မာအောင်နှိပ်နယ်ပေးခဲ့တဲ့ ငါ့ဆီ ..မင်းတို့

ခြေထောက်လေးတွေ အသုံးချပြီးခဏလာတွေ့ရင်ဘဲ ကျေနပ်ပါပြီ .. ။

ငါမလှုပ်ရှား နိုင်တဲ့အခါ ….ငယ်စဉ်ကလေ….

နူးညံပေ့ဆိုတဲ့ အဝတ် အထည်တောင်..နာမှာစိုးလို့ အသာအယာ ဝတ်ပေးခဲ့ပေမဲ့

အသ်ိလွတ်ချိန်အထိ အရှက် လုံစွာ…ငါ့ကို ဂရုတစိုက် ဖုံးပေး ရင်ပဲ

ကျေနပ်ပါပြီ .. ။

ငါ ထွက်သွားတဲ့အခါ ….

ထိုအချိန်မှ လေ……

ငါ့သား ငါ့သမီး ငါ့မြေးမြစ် တို့နောင်တအမွေ.. မရစေချင် လို့

ပြုစုခွင့်ရတုန်း ..ပြုစုနိုင်ကြဖို့အခွင့်ပေးတာဝန်ကျေခဲ့ပါရစေ …. ။

#Credit

➖➖➖🍂

မိခင် ၊ ဖခင်တိုင်းအား …ဤစာစုဖြင့်ဂါရဝပြုအပ်ပါသည်။ မိဘချစ်သူတိုင်း ပြန်လည်မျှဝေပေးပါ။

Zawgyi Version

မ်က္ရည္ခိုင္မွ ဖတ္ပါ

ငါ…ေက်နပ္ပါၿပီ

ငါ…အိပ္ယာထဲ .. လဲတဲ့ အခါ …….မိုးလင္းတဲ့ အခါ …..ငယ္စဥ္ကေလ…

မင္းတို႔ရဲ႕ မ်က္ႏွာႏုေလးကို ေအးမွာစိုးလို႔…ငါေန႔စဥ္ ေရေႏြးနဲ႔ သစ္ေပးခဲ့ေပမယ့္ ..ငါ့ကိုေတာ့

ေရေအးနဲ႔ သစ္ေပးရင္ပဲ ..ေက်နပ္ပါၿပီ ။

အစာေကြၽးတဲ့ အခါ…ငယ္စဥ္ကေလ…..

မင္းတို႔ႀကီးထြားရွင္သန္ဖို႔ ေစ်းႀကီးတဲ့ ….အာဟာရမုန္႔ေတြ ငါဝင္ေအာင္ေကြၽးခဲ့ေပမဲ့….

ငါ့ကိုေတာ့ အစာေၾက တဲ့…ဆန္ျပဳတ္က်ဲေလး ေကြၽးရင္ပဲေက်နပ္ပါၿပီ.. ။

ငါ အစား မဝင္တဲ့အခါ…ငယ္စဥ္ကေလ…..

ထမင္းတစ္ပန္းကန္ စားကုန္ဖို႔အိမ္ေရွ႕အိမ္ေနာက္လွည့္ပတ္ေျပးလြား

နာရီရွည္ၾကာလို႔ ငါမေညာင္းခဲ့ေပမဲ့ငါ့ကိုေတာ့ မိနစ္ပိုင္းေလာက္

အားစိုက္ေကြၽးရင္ပဲေက်နပ္ပါၿပီ .. ။

ငါ အိပ္မေပ်ာ္တဲ့ အခါငယ္စဥ္ကေလ …..

ေလးထိုးလို႔ ၊ ဖ်ားလို႔ ၊ ဝမ္းေလွ်ာ လို႔ေရာဂါစုံ ျဖစ္တတ္တဲ့

မင္းတို႔တစ္ေတြကို ျပဳစုယုယရင္း တစ္လမအိပ္ရလို႔လည္း

ငါမၿငီးျငဴခဲ့ေပမဲ့ ေဝဒနာေၾကာင့္..အိပ္မေပ်ာ္တဲ့ငါ့ကို

တစ္ရက္ ႏွစ္ရက္သီးခံၾကည့္ေပးရင္ပဲ

ေက်နပ္ပါၿပီ .. ။

ငါမထႏိုင္တဲ့ အခါ….ငယ္စဥ္ကေလ….

ရက္ေပါင္းမ်ားစြာ ခ်ိဳမိုင္မိုင္ဆိုေပးရင္း…လက္ကေလးေတြသန္မာေအာင္

ႀကိဳးစားေပးခဲ့တဲ့ ငါ့ကို ..မင္းတို႔လက္ကေလးေတြကို

ခဏတာအသုံးခ်ၿပီး ထူေပးၾကရင္ပဲ

ေက်နပ္ပါၿပီ .. ။

ငါ ေတြ႕ခ်င္တဲ့အခါ….ငယ္စဥ္ကေလ….

လေပါင္မ်ားစြာ ေျခကိုေျဖာင့္စင္းၿပီးသီခ်င္းဆိုေပးရင္း

ေျခေထာက္ေလးေတြ သန္မာေအာင္ႏွိပ္နယ္ေပးခဲ့တဲ့ ငါ့ဆီ ..မင္းတို႔

ေျခေထာက္ေလးေတြ အသုံးခ်ၿပီးခဏလာေတြ႕ရင္ဘဲ ေက်နပ္ပါၿပီ .. ။

ငါမလႈပ္ရွား ႏိုင္တဲ့အခါ ….ငယ္စဥ္ကေလ….

ႏူးညံေပ့ဆိုတဲ့ အဝတ္ အထည္ေတာင္..နာမွာစိုးလို႔ အသာအယာ ဝတ္ေပးခဲ့ေပမဲ့

အသ္ိလြတ္ခ်ိန္အထိ အရွက္ လုံစြာ…ငါ့ကို ဂ႐ုတစိုက္ ဖုံးေပး ရင္ပဲ

ေက်နပ္ပါၿပီ .. ။

ငါ ထြက္သြားတဲ့အခါ ….

ထိုအခ်ိန္မွ ေလ……

ငါ့သား ငါ့သမီး ငါ့ေျမးျမစ္ တို႔ေနာင္တအေမြ.. မရေစခ်င္ လို႔

ျပဳစုခြင့္ရတုန္း ..ျပဳစုႏိုင္ၾကဖို႔အခြင့္ေပးတာဝန္ေက်ခဲ့ပါရေစ …. ။

#Credit

➖➖➖🍂

မိခင္ ၊ ဖခင္တိုင္းအား …ဤစာစုျဖင့္ဂါရဝျပဳအပ္ပါသည္။ မိဘခ်စ္သူတိုင္း ျပန္လည္မွ်ေဝေပးပါ။

Add a Comment

Your email address will not be published.