မျက်စိအတွက် အထူးကောင်းမွန်တဲ့ ရုံးပတီသီး အစွမ်း

Sharing is caring!

ကျနော်က ပါဝါ 400ကျော်ရှိပါတယ်ပါဝါကျနိုင်မယ်လို့ ထင်ရတဲ့ သဘာဝနည်းလမ်းတခုတွေ့ထားပါတယ်ကျနော်လဲ စမ်းလုပ်နေဆဲပါလူအများကိုမျှဝေခြင်လို့ပါ

ကျနော့် အိမ်ရှေ့က ‌အဒေါ်တယောက်ကမျက်စိတစ်ဖက်မမြင်ရပါ ဘူးတဲ့သူကလဲ ရှက်တော့ ဘယ်သူမှ မပြောဘူးတဲ့

ခွဲစိတ်ပြီးလဲ ကောင်းမလာလို့ လှိုင်းပေါ် စူးစမ်းကြည့်တော့ဆရာဝန်တယောက်ရေးထားတဲ့နည်းလမ်းကိုတွေ့ပြီးစမ်းလုပ်ကြည့်တော့( ၃လ) လောက်ကြာ‌တော့ကောင်းကောင်းပြန်မြင်ရလာတယ်တဲ့အဝေးက သစ်ပင်သစ်ရွက်တွေလဲ မြင်လာရတယ်တဲ့

သူလဲ ကျနော့်အမေကို နည်းလမ်းမျှဝေပါတယ်နည်းလမ်းက ဒီလိုပါ

ရေကျက်အေး လိုပါတယ်ရေကျက်အေးဆိုတာက ပွက်ပွက်ဆူအောင် တည်ထားတဲ့ရေနွေးကို အအေးခံထားတဲ့ ရေပါ

ရေကျက်အေးရလာတဲ့ခါရုံးပတီသီးကို သေချာဆေးကြောပြီးအရှည်လိုက် လေးစိတ်လောက် ခွဲခြမ်းလိုက်ပါ

(တယောက်စာကို ရုံးပတီသီး သုံးလေးခု ဆို လုံလောက်ပါပြီ)ခွက်တခုထဲ ကို ရေကျက်အေးနဲ့ ရုံးပတီသီးကို( ညက‌နေမနက်ထိစိမ်ရပါတယ်)

ကျနော်တို့က မိသားစုလေးယောက်လုံးသောက်တာမို့ရေလေးခွက် လေးယောက်စာစလုံတခုထဲ စိမ်ထားလိုက်ပါတယ်

တစ်ယောက်တည်းသမားဆို ရေတစ်ခွက်စာပေါ့စိမ်တဲ့အခါမှာ အဖုံးတခုခုအုပ်ပေးဖို့လိုပါတယ်မနက်ရောက်တဲ့အခါအရည်ချွဲချွဲလေးရပါမယ် ပုံစံကြည့်ရတာနဲအရသာ ဆိုးဆိုးနဲ့သောက်ရခက်မယ်လို့ထင်ထားခဲ့တာ

တကယ်တမ်းကျ ရေနဲ့မခြားနားပါဘူးအရသာလဲ မရှိပါဘူး သောက်ရလွယ်ပါတယ်(အဖတ်တွေကိုတော့ရေစစ်နဲ့စစ်ပြီး အရည်ကိုယူရပါမယ်)

အစားမစားခင်သောက်ရပါတယ် ရေတဖန်ခွက်စာပါမျက်စိ မှုန်သူများအတွက် အကူညီ ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်ကျနော်လဲ စသောက်‌နေဆဲပါ

သဘာဝနည်းလမ်းမို့ စမ်းကြည့်သင့်ပါတယ်ကျနော်တို့ လေးယောက်စာမို့လို့ နည်းနည်းများပါတယ်ဓာတ်ပုံထဲက အတိုင်းပါ

ကျနော်တို့ကတော့ တနေ့တကြိမ်သောက်ပါတယ်

Credit

Zawgyi Version














Credit

Add a Comment

Your email address will not be published. Required fields are marked *