စံပယ် စိုက်ပြီး အပွင့်မပွင့်ကြတဲ့ မိတ်ဆွေများအတွက်
|စံပယ် စိုက်ပြီး အပွင့်မပွင့်ကြတဲ့ မိတ်ဆွေများအတွက် ပိုစ့်လေး တင်ပေးလိုက်ပါပြီနော်။ ဘာတွေလိုအပ်လဲ တစ်ဆင့်ချင်း လုပ်သွားလိုက်ပါနော်။
1.မြေလဲပေးပါ ပြီးတော့ အရွက်ညှပ်ပေးပါပျိုးထုပ်မြေကအပွင့်အတွက်အာဟာရမရှိတော့ဘူး တစ်နှစ်ဆိုတော့ ဆန်ဆေးရေတော့တပတ်တခါလောင်းပါ။
2.အရွက်ကြမ်းတွေခြွေပေးရင် အဲဒီခြွေပေးတဲ့နေရာကအညွန့်ထွက်ပြီးအဖူးပါပါတယ်3.မြေကြပ်နေရင်…မြေဆွ..မြေဆွေး..နောက်ချီးထည့်…အရွက်ချွေ..ရေဝအောင်လောင်း..နေပူထဲမှာထား..ဆားခါးထည့်ပေးပါ။
4.ကြက်ဥအခွံထောင်းထည့်ပေး.. သစ်ရွက်မီးရှို့ပြီးသားပြာလေးပုံပေးတယ်..အပွင့်သန်ဆေးလေး တစ်ပတ် ၂ ခါ ထည့်ပေးပါ5.နေရောင် ခြည်ရဖို့ လိုပါတယ် …ရေကို အောက်ခြေရော အရွက်လေးတွေပါ ဖြန်းပေးပါ အရွက်လေးတွေ ပွင့်ပြီးသားကိုင်းထိပ်လေးတွေ
မကြာခန ညှပ်ပေးပါ… အဖူးသစ်လေးတွေတက်ပါတယ်။
6.ဆန်ဆေးရေကိုတညသိပ်ပြီးဟင်းချိုမှုန့်နဲနဲလောက်ထဲ့ပြီးလောင်းကြည့်ပါ7.အရွက်အရင့်တွေချွေပေးရပါတယ် အညွန့်လိုဟာတွေလဲဖြတ်ပေးပါအတက်အသစ်မထွက်တဲ့ အညွန့်တုန်းတွေလဲဖြတ်ပေးပါ မြေမကြပ်အောင် ဖွဲပြာ မြေဆွေးရောသုံးပါ
8.ဆန်ဆေးရေ အပုပ်ခံ ( ၃ရက်လောက်ထား) ပြီးလောင်း ၄နှစ်ကြာ အပင်တွေတောင် ပွင့်ပါတယ်။
9.ပွင့်အောင် B1 ငှက်ပျေခွံချောက် ကြက်သွန်နီဖြူချောက်အပင်စိုက်ထဲကထည့်တယ်၂ပတ် ကြာမြေစွဲသွားတော့ ဘီယာလက်သန်းတစ်လုံးလောက်ကို ရေ နို့ဆီတစ်ဘူးနဲ့ရောပြီးလောင်းတယ် ၄လလောက်ရှိပြီ အဖူးအပွင့်မပြတ်ပါ သိသလောက်လေးစမ်းကြည့်တာ အပွင့်ပွင့်
ရမဲ့ အပင်တိုင်းမပြတ်ပွင့်တယ်။
10.ဆန်ဆေးရေလောင်း ငါးဆေးတဲ့အရေလောင်း ကြက်သွန်ခွံ တစ်ညသိပ်ရေလောင်း အရမ်းပွင့်။
11.ဆန်ဆေးရေအပုတ်ခံ ကြက်သွန်ခွံ တစ်ညသိပ် အမိုင်နိုအားဆေး အချိုမှုန့် ဆားခါး အကုန်ထည့် နေပူတဲ့ နေရာထားရင် အရင်မပွင်တဲ့အပင်ပွင့်ပြီး အပွင့်တွေလှလာပါမယ်။
အားလုံး အဆင်ပြေကြပါစေ။
Credit
Zawgyi Version
စံပယ္ စိုက္ၿပီး အပြင့္မပြင့္ၾကတဲ့ မိတ္ေဆြမ်ားအတြက္ ပိုစ့္ေလး တင္ေပးလိုက္ပါၿပီေနာ္။ ဘာေတြလိုအပ္လဲ တစ္ဆင့္ခ်င္း လုပ္သြားလိုက္ပါေနာ္။
1.ေျမလဲေပးပါ ၿပီးေတာ့ အ႐ြက္ညႇပ္ေပးပါပ်ိဳးထုပ္ေျမကအပြင့္အတြက္အာဟာရမရွိေတာ့ဘူး တစ္ႏွစ္ဆိုေတာ့ ဆန္ေဆးေရေတာ့တပတ္တခါေလာင္းပါ။
2.အ႐ြက္ၾကမ္းေတြေႁခြေပးရင္ အဲဒီေႁခြေပးတဲ့ေနရာကအၫြန္႔ထြက္ၿပီးအဖူးပါပါတယ္3.ေျမၾကပ္ေနရင္…ေျမဆြ..ေျမေဆြး..ေနာက္ခ်ီးထည့္…အ႐ြက္ေခြၽ..ေရဝေအာင္ေလာင္း..ေနပူထဲမွာထား..ဆားခါးထည့္ေပးပါ။
4.ၾကက္ဥအခြံေထာင္းထည့္ေပး.. သစ္႐ြက္မီးရႈိ႕ၿပီးသားျပာေလးပုံေပးတယ္..အပြင့္သန္ေဆးေလး တစ္ပတ္ ၂ ခါ ထည့္ေပးပါ5.ေနေရာင္ ျခည္ရဖို႔ လိုပါတယ္ …ေရကို ေအာက္ေျခေရာ အ႐ြက္ေလးေတြပါ ျဖန္းေပးပါ အ႐ြက္ေလးေတြ ပြင့္ၿပီးသားကိုင္းထိပ္ေလးေတြ
မၾကာခန ညႇပ္ေပးပါ… အဖူးသစ္ေလးေတြတက္ပါတယ္။
6.ဆန္ေဆးေရကိုတညသိပ္ၿပီးဟင္းခ်ိဳမႈန႔္နဲနဲေလာက္ထဲ့ၿပီးေလာင္းၾကည့္ပါ7.အ႐ြက္အရင့္ေတြေခြၽေပးရပါတယ္ အၫြန႔္လိုဟာေတြလဲျဖတ္ေပးပါအတက္အသစ္မထြက္တဲ့ အၫြန႔္တုန္းေတြလဲျဖတ္ေပးပါ ေျမမၾကပ္ေအာင္ ဖြဲျပာ ေျမေဆြးေရာသုံးပါ
8.ဆန္ေဆးေရ အပုပ္ခံ ( ၃ရက္ေလာက္ထား) ၿပီးေလာင္း ၄ႏွစ္ၾကာ အပင္ေတြေတာင္ ပြင့္ပါတယ္။
9.ပြင့္ေအာင္ B1 ငွက္ေပ်ခြံေခ်ာက္ ၾကက္သြန္နီျဖဴေခ်ာက္အပင္စိုက္ထဲကထည့္တယ္၂ပတ္ ၾကာေျမစြဲသြားေတာ့ ဘီယာလက္သန္းတစ္လုံးေလာက္ကို ေရ ႏို႔ဆီတစ္ဘူးနဲ႔ေရာၿပီးေလာင္းတယ္ ၄လေလာက္ရွိၿပီ အဖူးအပြင့္မျပတ္ပါ သိသေလာက္ေလးစမ္းၾကည့္တာ အပြင့္ပြင့္
ရမဲ့ အပင္တိုင္းမျပတ္ပြင့္တယ္။
10.ဆန္ေဆးေရေလာင္း ငါးေဆးတဲ့အေရေလာင္း ၾကက္သြန္ခြံ တစ္ညသိပ္ေရေလာင္း အရမ္းပြင့္။
11.ဆန္ေဆးေရအပုတ္ခံ ၾကက္သြန္ခြံ တစ္ညသိပ္ အမိုင္ႏိုအားေဆး အခ်ိဳမႈန္႔ ဆားခါး အကုန္ထည့္ ေနပူတဲ့ ေနရာထားရင္ အရင္မပြင္တဲ့အပင္ပြင့္ၿပီး အပြင့္ေတြလွလာပါမယ္။
အားလုံး အဆင္ေျပၾကပါေစ။
Credit