ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ သဘာဝ ပိုးနှင်ဆေး၊ ပိုးသတ်ဆေး ၄ မျိုး

Sharing is caring!

အရမ်းလွယ်ပြီး ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ သဘာဝ ပိုးနှင်ဆေး၊ ပိုးသတ်ဆေး ၄ မျိုးကို ဗဟုသုတ အဖြစ်ဖော်ပြပေးလိုက်ပါတယ်။သီးနှံပင်တွေပဲ စိုက်စိုက်၊ အလှပန်းပင်တွေပဲ စိုက်စိုက် အပင်စိုက်ပျိုးခြင်းနဲ့ ပိုး၊ ရောဂါ ကျရောက်ခြင်းဟာ အတူယှဥ်တွဲပြီး

မလွဲမသွေ ကြုံတွေ့လာရမယ့် အကြောင်းအရာဖြစ်ပါတယ်။ ဓာတုဆေးဝါးတွေ အသုံးပြုခြင်းဟာ ရေရှည်မှာ ဘယ်လိုပဲဆိုးကျိုးတွေ ရှိလာနိုင်တယ်ပြောပြော အချိန်တိုအတွင်း ထိရောက်မှုရှိပြီး အသုံးဝင်တာကြောင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြရတာ

ဖြစ်ပါတယ်။ သို့သော်လည်း ယနေ့အချိန်မှာ သွင်းအားစုတွေရဲ့ ဈေးနှုန်းဟာ တဖြည်းဖြည်းနဲ့ မြင့်တက်လာနေတဲအတွက် စိုက်ပျိုးရေး လုပ်နေကြတဲ့ တောင်သူတွေရော အပင်စိုက်ပျိုးသူ ဝါသနာရှင်တွေအတွက်ရော အနည်းနဲ့အများ အခက်အခဲ ဖြစ်နေကြတာ

ပါ။ ဒါပေမယ့်လည်း တစ်ဖက်ကနေ ပြန်တွေးကြည့်လိုက်ရင် အခုလိုအချိန်ဟာ စိုက်ပျိုးရေးလုပ်ကိုင်ရာမှာ သဘာဝနည်းလမ်းတွေကို ပြုလုပ်အသုံးပြုဖို့ အသင့်တော်ဆုံး အချိန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုဆောင်းပါးမှာတော့ စိုက်ခင်းတွေမှာကျရောက်တဲ့ အ

ဖျက်ပိုးမွှားတွေကို ကာကွယ်နှိမ်နင်းပေးနိုင်ပြီး အိမ်မှာအလွယ်တကူပြုလုပ်နိုင်မယ့် သဘာဝပိုးနှင်ဆေး၊ ပိုးသတ်ဆေး ပြုလုပ်တဲ့နည်းလမ်းတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ကြိုတင်အသိပေးလိုတာက ယခုဆောင်းပါးမှာ ဖော်ပြထားတဲ့ နှုန်းထားတွေဟာ တ

နိုင်တပိုင်စိုက်ခင်းတွေမှာ အသုံးပြုဖို့ ရည်ရွယ်တာ ဖြစ်တာဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိစိုက်ခင်းအနေအထားပေါ် မူတည်ပြီး ပါဝင်ပစ္စည်းနဲ့ နှုန်းထားကို ပြောင်းလဲ အသုံးပြုရမှာ ဖြစ်ပါတယ်။

အိမ်လုပ် သဘာဝပိုးသတ်ဆေး

အိမ်မှာရှိပြီးသား သဘာဝပစ္စည်းတွေနဲ့လည်း ပိုးသတ်ဆေးကို အလွယ်တကူပြုလုပ်နိုင်ပါတယ်။ ဒီပိုးသတ်ဆေး ပြုလုပ်တဲ့နည်းလမ်းဟာ လွယ်ကူရိုးရှင်းပြီး လူကိုလည်း အဆိပ်အတောက်မဖြစ်စေတဲ့အပြင် အဖျက်ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ဒီပိုးသတ်ဆေးဟာ ပျပိုး၊ လှေးပိုး၊ မွှားပင့်ကူ၊ ယင်ဖြူ၊ အင်းဆက်သားလောင်းတွေနဲ့ အခြားသော ခန္ဓာကိုယ်ပျော့ပျောင်းတဲ့ အင်းဆက်တွေကိုပါ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ပြုလုပ်နည်းနဲ့ ပါဝင်ပစ္စည်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ရေနွေး (ခပ်နွေးနွေး) – ၁ လီတာ

ဟင်းသီးဟင်းရွက် အဆီ – ထမင်းစားဇွန်း ၁ ဇွန်း

သဘာဝ ဆပ်ပြာအရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

၎င်းပါဝင် ပစ္စည်းတွေကို ရောနှောပြီး ကောင်းစွာလှုပ်ခါပေးပါ။ ပြီးလျှင် ပိုးကျရောက်နေတဲ့ အရွက်တွေရဲ့ အထက် အောက် မျက်နှာပြင်ကို နှံ့စပ်အောင်ဖျန်းပေးပြီး ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ ပိုးသတ်ဆေးမှာ ပါဝင်တဲ့ အဆီနဲ့ ဆပ်ပြာဟာ အင်းဆက်တွေရဲ့

ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အပေါ်ယံအလွှာကို ဖယ်ရှားပေးနိုင်ပြီး တဖြည်းဖြည်းနဲ့ ခြောက်သွေ့သေဆုံးသွားနိုင်တာ ဖြစ်ပါတယ်။

ဆားဖျော်ရည်

ဆားဖျော်ရည်ဟာလည်း ရိုးရှင်ပြီး အလွယ်တကူပြုလုပ်နိုင်တဲ့ သဘာဝနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဆားဖျော်ရည်ကို အသုံးပြုခြင်းဖြင့် ပျပိုး၊ ခရု၊ ပက်ကျိ စတဲ့ အဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်း အသုံးပြုတဲ့အခါ တစ်ခု

သတိထားရမှာက ဆားပမာဏ အနည်းငယ်ပဲ အသုံးပြုသင့်တာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆားပမာဏ များများအသုံးပြုခဲ့မယ်ဆိုရင် အပင်ရဲ့ အရွက်တွေကို လောင်စေနိုင်တဲ့အတွက် အလွန်အကျွံအသုံးမပြုမိဖို့ သတိပြုသင့်ပါတယ်။ ပြုလုပ်တဲ့နည်း

ကတော့ ရိုးရှင်းပါတယ်။ ဆား လက်ဖက်ရည်ပန်းကန်လုံးရဲ့ ၄ ပုံ ၁ ပုံ ပမာဏကို ရေ ၂ လီတာနဲ့ ရောစပ်ရမှာ ဖြစ်ပါတယ်။ ပြီးလျှင် ကောင်းစွာရောမွှေပြီးတော့ မိမိစိုက်ခင်းနဲ့ အပင်တွေမှာ စနစ်တကျ ပက်ဖျန်းနိုင်ပါတယ်။

ဆေးရွက်ကြီး ပိုးသတ်ဆေး

ဆေးရွက်ကြီးမှာ ပါဝင်တဲ့ နီကိုတင်းဓာတ်ဟာ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ အားလုံးသိရှိပြီးဖြစ်ပါတယ်။ ထို့နည်းတူ နီကိုတင်းဓာတ်ဟာ အင်းဆက်အဖျက်ပိုးတွေကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဆေးရွက်ကြီးဟာ နှစ်ပေါင်းများစွာ

ကတည်းက သဘာဝပိုးနှင်ဆေးအနေနဲ့ အသုံးပြုခဲ့ကြတဲ့ သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ပျပိုး၊ ခရု၊ ပက်ကျိနဲ့ အခြားသော ခန္ဓာကိုယ်ပျော့ပျောင်းတဲ့ အင်းဆက်အဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းပေးနိုင်တာ ဖြစ်ပါတယ်။ ပြုလုပ်တဲ့နည်း

က‌တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဆေးရွက်ကြီးခြောက် ခွက် ၁ ခွက်စာကို ရေနွေး ၁ ဂါလံနဲ့ ရောစပ်ပါ။ ပြီးလျှင် ၎င်းအရောအနှောကို ၂ ရက်ခန့် စိမ်ထားပါ။ စိမ်ပြီးပါက သဘာဝဆပ်ပြာအရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပေးပါ။ ပြီးလျှင် အဖျက်ပိုး ကျရောက်နေတဲ့ အပင်အစိတ်အပိုင်း

တွေမှာ ဖျန်းပေးနိုင်ပါတယ်။

ပန်းဖြင့်ပြုလုပ်သော ပိုးသတ်ဆေး

အချို့သော ဂန္ဓမာပန်းတွေမှာဆိုရင် ပိုင်ရီသရင် (Pyrethrins) လို့ခေါ်တဲ့ အင်းဆက်ပိုးမွှားတွေကို အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတ်တွေပါရှိပါတယ်။ ဒီဓာတ်ဟာ ပိုးသတ်ဆေးတွေမှာ အသုံးများတဲ့ ဒြပ်စင်တစ်မျိုးဖြစ်ပြီး ဂန္ဓမာပန်းတွေမှာတော့ ပိုင်ရီသ

ရင်ဓာတ်အပြင် အင်းဆက်တွေကို အဆိပ်ဖြစ်စေနိုင်တဲ့ အခြားသော ဓာတုပစ္စည်းတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီဓာတ်တွေဟာ ဂန္ဓမာပန်းတွေတိုင်းမှာ ပါဝင်နေတာတော့ မဟုတ်ပါဘူး။ အင်းဆက်တွေကို အဆိပ်ဖြစ်စေတဲ့ ဓာတ်တွေပါရှိနေ

တဲ့ မျိုးစိတ်တွေကတော့ Chrysanthemum cinerariifolium နဲ့ Chrysanthemum coccineum ဆိုတဲ့ ဂန္ဓမာပန်း မျိုးစိတ်တွေပဲ ဖြစ်ပါတယ်။ ဒီပိုးသတ်ဆေးကိုတော့ သခွား၊ သခွားမွှေးနဲ့ အာလူး သီးနှံတွေမှာ ကျရောက်တတ်တဲ့ ယင်ဖြူ၊ ပျပိုး၊

ကျိုင်းကောင်၊ ရွက်ဖြတ်ပိုး စတာတွေကို ကာကွယ်နှိမ်နင်းဖို့ အသုံးပြုနိုင်ပါတယ်။ ပြုလုပ်တဲ့နည်းက‌တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

လတ်လတ်ဆတ်ဆတ် ခူးလာတဲ့ ဂန္ဓမာပန်းပွင့်တွေကို အေးမြခြောက်သွေ့ပြီး အလင်းရောင် တိုက်ရိုက်မရတဲ့ နေရာမှာ အခြောက်ခံထားပါ။ ခြောက်သွေ့သွားပါက ပန်းပွင့်များကို အမှုန့်ဖြစ်သည်အထိ ကြိတ်ချေပေးပါ။ ၎င်းအမှုန့်တွေဟာ အသက်ရှုလမ်းကြောင်း

ကို မအီမသာဖြစ်စေတတ်တာကြောင့် ကိုင်တွယ်ဆောင်ရွက်နေစဥ်မှာ မျက်နှာဖုံးအကာအကွယ် (Mask) တပ်ဆင်ပြီး ပြုလုပ်ပါ။ အမှုန့် ရရှိပါက ပန်းပွင့်အမှုန့် လက်ဖက်ရည်ပန်းကန်လုံးရဲ့ ၄ ပုံ ၁ ပုံ ပမာဏကို ရေ ၁ လီတာနဲ့ ရောစပ်ပြီး နှံ့စပ်သွားအောင်

သေချာလှုပ်ခါပေးပါ။ ပြီးပါက အဖျက်ပိုး ကျရောက်နေတဲ့ အပင်တွေမှာ ပက်ဖျန်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Htoo (Agri)

Zawgyi Version

အရမ္းလြယ္ၿပီး ကိုယ္တိုင္ျပဳလုပ္ႏိုင္တဲ့ သဘာဝ ပိုးႏွင္ေဆး၊ ပိုးသတ္ေဆး ၄ မ်ိဳးကို ဗဟုသုတ အျဖစ္ေဖာ္ျပေပးလိုက္ပါတယ္။သီးႏွံပင္ေတြပဲ စိုက္စိုက္၊ အလွပန္းပင္ေတြပဲ စိုက္စိုက္ အပင္စိုက္ပ်ိဳးျခင္းနဲ႔ ပိုး၊ ေရာဂါ က်ေရာက္ျခင္းဟာ အတူယွဥ္တြဲၿပီး

မလြဲမေသြ ႀကဳံေတြ႕လာရမယ့္ အေၾကာင္းအရာျဖစ္ပါတယ္။ ဓာတုေဆးဝါးေတြ အသုံးျပဳျခင္းဟာ ေရရွည္မွာ ဘယ္လိုပဲဆိုးက်ိဳးေတြ ရွိလာႏိုင္တယ္ေျပာေျပာ အခ်ိန္တိုအတြင္း ထိေရာက္မႈရွိၿပီး အသုံးဝင္တာေၾကာင့္ က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳေနၾကရတာ

ျဖစ္ပါတယ္။ သို႔ေသာ္လည္း ယေန႔အခ်ိန္မွာ သြင္းအားစုေတြရဲ႕ ေဈးႏႈန္းဟာ တျဖည္းျဖည္းနဲ႔ ျမင့္တက္လာေနတဲအတြက္ စိုက္ပ်ိဳးေရး လုပ္ေနၾကတဲ့ ေတာင္သူေတြေရာ အပင္စိုက္ပ်ိဳးသူ ဝါသနာရွင္ေတြအတြက္ေရာ အနည္းနဲ႔အမ်ား အခက္အခဲ ျဖစ္ေနၾကတာ

ပါ။ ဒါေပမယ့္လည္း တစ္ဖက္ကေန ျပန္ေတြးၾကည့္လိုက္ရင္ အခုလိုအခ်ိန္ဟာ စိုက္ပ်ိဳးေရးလုပ္ကိုင္ရာမွာ သဘာဝနည္းလမ္းေတြကို ျပဳလုပ္အသုံးျပဳဖို႔ အသင့္ေတာ္ဆုံး အခ်ိန္ပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ယခုေဆာင္းပါးမွာေတာ့ စိုက္ခင္းေတြမွာက်ေရာက္တဲ့ အ

ဖ်က္ပိုးမႊားေတြကို ကာကြယ္ႏွိမ္နင္းေပးႏိုင္ၿပီး အိမ္မွာအလြယ္တကူျပဳလုပ္ႏိုင္မယ့္ သဘာဝပိုးႏွင္ေဆး၊ ပိုးသတ္ေဆး ျပဳလုပ္တဲ့နည္းလမ္းေတြကို မွ်ေဝေပးသြားမွာ ျဖစ္ပါတယ္။ ႀကိဳတင္အသိေပးလိုတာက ယခုေဆာင္းပါးမွာ ေဖာ္ျပထားတဲ့ ႏႈန္းထားေတြဟာ တ

ႏိုင္တပိုင္စိုက္ခင္းေတြမွာ အသုံးျပဳဖို႔ ရည္႐ြယ္တာ ျဖစ္တာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မိမိစိုက္ခင္းအေနအထားေပၚ မူတည္ၿပီး ပါဝင္ပစၥည္းနဲ႔ ႏႈန္းထားကို ေျပာင္းလဲ အသုံးျပဳရမွာ ျဖစ္ပါတယ္။

အိမ္လုပ္ သဘာဝပိုးသတ္ေဆး

အိမ္မွာရွိၿပီးသား သဘာဝပစၥည္းေတြနဲ႔လည္း ပိုးသတ္ေဆးကို အလြယ္တကူျပဳလုပ္ႏိုင္ပါတယ္။ ဒီပိုးသတ္ေဆး ျပဳလုပ္တဲ့နည္းလမ္းဟာ လြယ္ကူ႐ိုးရွင္းၿပီး လူကိုလည္း အဆိပ္အေတာက္မျဖစ္ေစတဲ့အျပင္ အဖ်က္ပိုးမႊားေတြကိုလည္း ဖယ္ရွားေပးႏိုင္ပါတယ္။

ဒီပိုးသတ္ေဆးဟာ ပ်ပိုး၊ ေလွးပိုး၊ မႊားပင့္ကူ၊ ယင္ျဖဴ၊ အင္းဆက္သားေလာင္းေတြနဲ႔ အျခားေသာ ခႏၶာကိုယ္ေပ်ာ့ေပ်ာင္းတဲ့ အင္းဆက္ေတြကိုပါ ကာကြယ္ေပးႏိုင္တာ ျဖစ္ပါတယ္။ ျပဳလုပ္နည္းနဲ႔ ပါဝင္ပစၥည္းေတြကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

ေရေႏြး (ခပ္ေႏြးေႏြး) – ၁ လီတာ

ဟင္းသီးဟင္း႐ြက္ အဆီ – ထမင္းစားဇြန္း ၁ ဇြန္း

သဘာဝ ဆပ္ျပာအရည္ – လက္ဖက္ရည္ဇြန္း ၂ ဇြန္း

၎ပါဝင္ ပစၥည္းေတြကို ေရာေႏွာၿပီး ေကာင္းစြာလႈပ္ခါေပးပါ။ ၿပီးလွ်င္ ပိုးက်ေရာက္ေနတဲ့ အ႐ြက္ေတြရဲ႕ အထက္ ေအာက္ မ်က္ႏွာျပင္ကို ႏွံ႔စပ္ေအာင္ဖ်န္းေပးၿပီး ကာကြယ္ႏွိမ္နင္းႏိုင္ပါတယ္။ ပိုးသတ္ေဆးမွာ ပါဝင္တဲ့ အဆီနဲ႔ ဆပ္ျပာဟာ အင္းဆက္ေတြရဲ႕

ခႏၶာကိုယ္ေပၚမွာရွိတဲ့ အေပၚယံအလႊာကို ဖယ္ရွားေပးႏိုင္ၿပီး တျဖည္းျဖည္းနဲ႔ ေျခာက္ေသြ႕ေသဆုံးသြားႏိုင္တာ ျဖစ္ပါတယ္။

ဆားေဖ်ာ္ရည္

ဆားေဖ်ာ္ရည္ဟာလည္း ႐ိုးရွင္ၿပီး အလြယ္တကူျပဳလုပ္ႏိုင္တဲ့ သဘာဝနည္းလမ္းတစ္ခု ျဖစ္ပါတယ္။ ဆားေဖ်ာ္ရည္ကို အသုံးျပဳျခင္းျဖင့္ ပ်ပိုး၊ ခ႐ု၊ ပက္က်ိ စတဲ့ အဖ်က္ပိုးေတြကို ကာကြယ္ႏွိမ္နင္ေပးႏိုင္မွာ ျဖစ္ပါတယ္။ ဒီနည္းလမ္း အသုံးျပဳတဲ့အခါ တစ္ခု

သတိထားရမွာက ဆားပမာဏ အနည္းငယ္ပဲ အသုံးျပဳသင့္တာ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဆားပမာဏ မ်ားမ်ားအသုံးျပဳခဲ့မယ္ဆိုရင္ အပင္ရဲ႕ အ႐ြက္ေတြကို ေလာင္ေစႏိုင္တဲ့အတြက္ အလြန္အကြၽံအသုံးမျပဳမိဖို႔ သတိျပဳသင့္ပါတယ္။ ျပဳလုပ္တဲ့နည္း

ကေတာ့ ႐ိုးရွင္းပါတယ္။ ဆား လက္ဖက္ရည္ပန္းကန္လုံးရဲ႕ ၄ ပုံ ၁ ပုံ ပမာဏကို ေရ ၂ လီတာနဲ႔ ေရာစပ္ရမွာ ျဖစ္ပါတယ္။ ၿပီးလွ်င္ ေကာင္းစြာေရာေမႊၿပီးေတာ့ မိမိစိုက္ခင္းနဲ႔ အပင္ေတြမွာ စနစ္တက် ပက္ဖ်န္းႏိုင္ပါတယ္။

ေဆး႐ြက္ႀကီး ပိုးသတ္ေဆး

ေဆး႐ြက္ႀကီးမွာ ပါဝင္တဲ့ နီကိုတင္းဓာတ္ဟာ လူေတြရဲ႕က်န္းမာေရးကို ထိခိုက္ႏိုင္တယ္ဆိုတာ အားလုံးသိရွိၿပီးျဖစ္ပါတယ္။ ထို႔နည္းတူ နီကိုတင္းဓာတ္ဟာ အင္းဆက္အဖ်က္ပိုးေတြကိုလည္း ကာကြယ္ေပးႏိုင္တာ ျဖစ္ပါတယ္။ ေဆး႐ြက္ႀကီးဟာ ႏွစ္ေပါင္းမ်ားစြာ

ကတည္းက သဘာဝပိုးႏွင္ေဆးအေနနဲ႔ အသုံးျပဳခဲ့ၾကတဲ့ သဘာဝပစၥည္းတစ္မ်ိဳးျဖစ္ပါတယ္။ အထူးသျဖင့္ ပ်ပိုး၊ ခ႐ု၊ ပက္က်ိနဲ႔ အျခားေသာ ခႏၶာကိုယ္ေပ်ာ့ေပ်ာင္းတဲ့ အင္းဆက္အဖ်က္ပိုးေတြကို ကာကြယ္ႏွိမ္နင္းေပးႏိုင္တာ ျဖစ္ပါတယ္။ ျပဳလုပ္တဲ့နည္း

က‌ေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

ေဆး႐ြက္ႀကီးေျခာက္ ခြက္ ၁ ခြက္စာကို ေရေႏြး ၁ ဂါလံနဲ႔ ေရာစပ္ပါ။ ၿပီးလွ်င္ ၎အေရာအေႏွာကို ၂ ရက္ခန္႔ စိမ္ထားပါ။ စိမ္ၿပီးပါက သဘာဝဆပ္ျပာအရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းထည့္ေပးပါ။ ၿပီးလွ်င္ အဖ်က္ပိုး က်ေရာက္ေနတဲ့ အပင္အစိတ္အပိုင္း

ေတြမွာ ဖ်န္းေပးႏိုင္ပါတယ္။

ပန္းျဖင့္ျပဳလုပ္ေသာ ပိုးသတ္ေဆး

အခ်ိဳ႕ေသာ ဂႏၶမာပန္းေတြမွာဆိုရင္ ပိုင္ရီသရင္ (Pyrethrins) လို႔ေခၚတဲ့ အင္းဆက္ပိုးမႊားေတြကို အဆိပ္အေတာက္ျဖစ္ေစႏိုင္တဲ့ ဓာတ္ေတြပါရွိပါတယ္။ ဒီဓာတ္ဟာ ပိုးသတ္ေဆးေတြမွာ အသုံးမ်ားတဲ့ ျဒပ္စင္တစ္မ်ိဳးျဖစ္ၿပီး ဂႏၶမာပန္းေတြမွာေတာ့ ပိုင္ရီသ

ရင္ဓာတ္အျပင္ အင္းဆက္ေတြကို အဆိပ္ျဖစ္ေစႏိုင္တဲ့ အျခားေသာ ဓာတုပစၥည္းေတြလည္း ပါဝင္ေနတာ ျဖစ္ပါတယ္။ သို႔ေပမယ့္ ဒီဓာတ္ေတြဟာ ဂႏၶမာပန္းေတြတိုင္းမွာ ပါဝင္ေနတာေတာ့ မဟုတ္ပါဘူး။ အင္းဆက္ေတြကို အဆိပ္ျဖစ္ေစတဲ့ ဓာတ္ေတြပါရွိေန

တဲ့ မ်ိဳးစိတ္ေတြကေတာ့ Chrysanthemum cinerariifolium နဲ႔ Chrysanthemum coccineum ဆိုတဲ့ ဂႏၶမာပန္း မ်ိဳးစိတ္ေတြပဲ ျဖစ္ပါတယ္။ ဒီပိုးသတ္ေဆးကိုေတာ့ သခြား၊ သခြားေမႊးနဲ႔ အာလူး သီးႏွံေတြမွာ က်ေရာက္တတ္တဲ့ ယင္ျဖဴ၊ ပ်ပိုး၊

က်ိဳင္းေကာင္၊ ႐ြက္ျဖတ္ပိုး စတာေတြကို ကာကြယ္ႏွိမ္နင္းဖို႔ အသုံးျပဳႏိုင္ပါတယ္။ ျပဳလုပ္တဲ့နည္းက‌ေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

လတ္လတ္ဆတ္ဆတ္ ခူးလာတဲ့ ဂႏၶမာပန္းပြင့္ေတြကို ေအးျမေျခာက္ေသြ႕ၿပီး အလင္းေရာင္ တိုက္႐ိုက္မရတဲ့ ေနရာမွာ အေျခာက္ခံထားပါ။ ေျခာက္ေသြ႕သြားပါက ပန္းပြင့္မ်ားကို အမႈန႔္ျဖစ္သည္အထိ ႀကိတ္ေခ်ေပးပါ။ ၎အမႈန႔္ေတြဟာ အသက္ရႈလမ္းေၾကာင္း

ကို မအီမသာျဖစ္ေစတတ္တာေၾကာင့္ ကိုင္တြယ္ေဆာင္႐ြက္ေနစဥ္မွာ မ်က္ႏွာဖုံးအကာအကြယ္ (Mask) တပ္ဆင္ၿပီး ျပဳလုပ္ပါ။ အမႈန႔္ ရရွိပါက ပန္းပြင့္အမႈန႔္ လက္ဖက္ရည္ပန္းကန္လုံးရဲ႕ ၄ ပုံ ၁ ပုံ ပမာဏကို ေရ ၁ လီတာနဲ႔ ေရာစပ္ၿပီး ႏွံ႔စပ္သြားေအာင္

ေသခ်ာလႈပ္ခါေပးပါ။ ၿပီးပါက အဖ်က္ပိုး က်ေရာက္ေနတဲ့ အပင္ေတြမွာ ပက္ဖ်န္းအသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

Htoo (Agri)

Add a Comment

Your email address will not be published.