မြေဝယ်သူတိုင်း သိသင့်တဲ့ မိမိအမည်ပေါက် ပြောင်းနည်း
|မြေဝယ်ပြီး သူများ အလိမ်မခံရအောင် အားလုံး အတွက် မျှဝေပေးလိုက်ပါတယ်နော်..မြေကွက်နှင့်အိမ် အပြီးအပိုင်အရောင်းအဝယ်ပြုလုပ်သည့် စာချုပ်ချုပ်ဆိုပြီးပြီဆိုတာနဲ့ မိမိဝယ်ယူခဲ့သော မြေနှင့်အိမ်ကို တရားဝင်ပိုင်ဆိုင်သွားပြီလို့ မထင်ကြပါနဲ့ ❌
ဂရမ်မြေဖြစ်တာမို့ အခွန်ဆောင်ပြီး အမည်ပေါက်သို့ပြောင်းလဲ လုပ်ဆောင်ပြီးမှသာလျှင် တရားဝင်ပိုင်ဆိုင်မည်ဖြစ်ပါသည်။အခွန်ဆောင်ပြီး မိမိအမည်သို့ပြောင်းလဲရန်အတွက် အောက်ပါလုပ်ငန်းစဉ်တွေကို ပြုလုပ်ဆောင်ရွက်ရပါမည်။
၁။ တိုင်းအခွန်ရုံးသို့ ဝယ်ခွန်ရာဖြတ်တင်ရန်လိုအပ်သော စာရွက်စာတမ်းများ
(က) အရောင်းအဝယ်စာချုပ်(ယာယီ) မိတ္တူ – ၆ စုံ
(ခ) အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မြေပုံမြေရာဇဝင်(၁၀၅-၁၀၆)မိတ္တူ – ၆စုံ
(ဂ) မြေနှင့်အိမ် ဓါတ်ပုံ – ၄ ပုံ
(ဃ) ဂရမ်မိတ္တူ – ၆ စုံ
(င) ကိုယ်စားလှယ်လွှဲစာပါရှိပါက ကိုယ်စားလှယ်လွှဲစာမိတ်တူ – ၆ စုံ
(စ) ဝယ်ယူသူ၏ မှတ်ပုံတင် နှင့် သန်းခေါင်စာရင်း မိတ္တူ -၆စုံ
(ဇ)ရောင်းသူ၏ မှတ်ပုံတင်နှင့် သန်းခေါင်းစာရင်း မိတ္တူ – ၆စုံ
၂။ ရာဖြတ်ကျပြီး သက်ဆိုင်ရာမြို့နယ်အခွန်ရုံးတွင် ရာဖြတ်တင်တုန်းက စာရွက်စာတမ်းများမိတ္တူ – ၁စုံ ယူပြီး ဝယ်ခွန် နှင့် တံဆိပ်ခေါင်းခွန် ချလံ ထုတ်ယူရပါမည်။
၃။ ချလံရလျှင် သက်ဆိုင်ရာမြို့နယ်ရဲ့ မြန်မာစီးပွားရေးဘဏ်မှာ ငွေသွင်းရပါမည်။
၄။ ငွေသွင်းပြီးပါက ငွေသွင်းချလံဖြင့် မြို့နယ်အခွန်ရုံးတွင်တံဆိပ်ခေါင်း နှင့် ဝင်ငွေခွန်ကြေညာလွှာ (၀င-၈) ကို ထုတ်ယူရပါမည်။
၅။ တံဆိပ်ခေါင်းရပြီဆိုလျှင် အရောင်းအဝယ်စာချုပ်နှင့်အတူ မူရင်းစာရွက်စာတမ်းများသယ်ဆောင်ပြီး မှတ်ပုံတင်စာချုပ်ရုံးတွင် မှတ်ပုံသွားတင်ရပါမည်။
၆။ မှတ်ပုံတင်စာချုပ် လက်ဝယ်ပြန်ရသောအခါ မြို့တော်စည်ပင်ရဲ့ မြေယာဌာနတွင် အမည်ပြောင်းလျှောက်ထားရပါမည်။
ဒီအချက်တွေလုပ်ဆောင်ပြီးရင်တော့ ဝယ်ယူခဲ့သော မြေနှင့်အိမ် သည် မိမိနာမည်ဖြင့် ထွက်ရှိလာမည်ဖြစ်ပါသည်။
အားလုံး အဆင်ပြေကြပါစေ။
Credit
Zawgyi Version
ေျမဝယ္ၿပီး သူမ်ား အလိမ္မခံရေအာင္ အားလုံး အတြက္ မွ်ေဝေပးလိုက္ပါတယ္ေနာ္..ေျမကြက္ႏွင့္အိမ္ အၿပီးအပိုင္အေရာင္းအဝယ္ျပဳလုပ္သည့္ စာခ်ဳပ္ခ်ဳပ္ဆိုၿပီးၿပီဆိုတာနဲ႔ မိမိဝယ္ယူခဲ့ေသာ ေျမႏွင့္အိမ္ကို တရားဝင္ပိုင္ဆိုင္သြားၿပီလို႔ မထင္ၾကပါနဲ႔ ❌
ဂရမ္ေျမျဖစ္တာမို႔ အခြန္ေဆာင္ၿပီး အမည္ေပါက္သို႔ေျပာင္းလဲ လုပ္ေဆာင္ၿပီးမွသာလွ်င္ တရားဝင္ပိုင္ဆိုင္မည္ျဖစ္ပါသည္။အခြန္ေဆာင္ၿပီး မိမိအမည္သို႔ေျပာင္းလဲရန္အတြက္ ေအာက္ပါလုပ္ငန္းစဥ္ေတြကို ျပဳလုပ္ေဆာင္႐ြက္ရပါမည္။
၁။ တိုင္းအခြန္႐ုံးသို႔ ဝယ္ခြန္ရာျဖတ္တင္ရန္လိုအပ္ေသာ စာ႐ြက္စာတမ္းမ်ား
(က) အေရာင္းအဝယ္စာခ်ဳပ္(ယာယီ) မိတၱဴ – ၆ စုံ
(ခ) အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုရန္ ေျမပုံေျမရာဇဝင္(၁၀၅-၁၀၆)မိတၱဴ – ၆စုံ
(ဂ) ေျမႏွင့္အိမ္ ဓါတ္ပုံ – ၄ ပုံ
(ဃ) ဂရမ္မိတၱဴ – ၆ စုံ
(င) ကိုယ္စားလွယ္လႊဲစာပါရွိပါက ကိုယ္စားလွယ္လႊဲစာမိတ္တူ – ၆ စုံ
(စ) ဝယ္ယူသူ၏ မွတ္ပုံတင္ ႏွင့္ သန္းေခါင္စာရင္း မိတၱဴ -၆စုံ
(ဇ)ေရာင္းသူ၏ မွတ္ပုံတင္ႏွင့္ သန္းေခါင္းစာရင္း မိတၱဴ – ၆စုံ
၂။ ရာျဖတ္က်ၿပီး သက္ဆိုင္ရာၿမိဳ႕နယ္အခြန္႐ုံးတြင္ ရာျဖတ္တင္တုန္းက စာ႐ြက္စာတမ္းမ်ားမိတၱဴ – ၁စုံ ယူၿပီး ဝယ္ခြန္ ႏွင့္ တံဆိပ္ေခါင္းခြန္ ခ်လံ ထုတ္ယူရပါမည္။
၃။ ခ်လံရလွ်င္ သက္ဆိုင္ရာၿမိဳ႕နယ္ရဲ႕ ျမန္မာစီးပြားေရးဘဏ္မွာ ေငြသြင္းရပါမည္။
၄။ ေငြသြင္းၿပီးပါက ေငြသြင္းခ်လံျဖင့္ ၿမိဳ႕နယ္အခြန္႐ုံးတြင္တံဆိပ္ေခါင္း ႏွင့္ ဝင္ေငြခြန္ေၾကညာလႊာ (၀င-၈) ကို ထုတ္ယူရပါမည္။
၅။ တံဆိပ္ေခါင္းရၿပီဆိုလွ်င္ အေရာင္းအဝယ္စာခ်ဳပ္ႏွင့္အတူ မူရင္းစာ႐ြက္စာတမ္းမ်ားသယ္ေဆာင္ၿပီး မွတ္ပုံတင္စာခ်ဳပ္႐ုံးတြင္ မွတ္ပုံသြားတင္ရပါမည္။
၆။ မွတ္ပုံတင္စာခ်ဳပ္ လက္ဝယ္ျပန္ရေသာအခါ ၿမိဳ႕ေတာ္စည္ပင္ရဲ႕ ေျမယာဌာနတြင္ အမည္ေျပာင္းေလွ်ာက္ထားရပါမည္။
ဒီအခ်က္ေတြလုပ္ေဆာင္ၿပီးရင္ေတာ့ ဝယ္ယူခဲ့ေသာ ေျမႏွင့္အိမ္ သည္ မိမိနာမည္ျဖင့္ ထြက္ရွိလာမည္ျဖစ္ပါသည္။
အားလုံး အဆင္ေျပၾကပါေစ။
Credit