သိသူနည်းတဲ့ နှစ်(၈၀၀) ကျော် တန်ခိုးကြီး ရေဆန်ကျွန်းနက်ဘုရားကြီး

Sharing is caring!

သိသူနည်းတဲ့ နှစ်(၈၀၀) ကျော် တန်ခိုးကြီး ရေဆန်ကျွန်းနက်ဘုရားကြီးအကြောင်းကို အများသူငါ ဖူးမြှော်နိုင်ဖို့အတွက် ဖော်ပြတင်ဆက်ပေးလိုက်ပါတယ်။

ရန်ကုန်မြို့မှာတည်ရှိပြီး လူသိပ်မသိသေးတဲ့ နှစ်ပေါင်း (၈၀၀) ကျော်သက်တမ်းရှိ သိဒ္ဓိအောင် ရေဆန်ကျွန်းနက် မြတ်စွာဘုရားကြီး အကြောင်းပါ

သိဒ္ဓိအောင်ရေဆန်ကျွန်းနက် မြတ်စွာဘုရားကြီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၈၀၀) ကျော်လောက်ကတည်းကဧရာဝတီမြစ်ကြီးထဲက ဆယ်ယူပြီး ဗုဒ္ဓဆင်းတုတော် ကြီးအဖြစ် ထုလုပ်ပူဇော်ခဲ့တာ ဖြစ်ပါတယ်။

အလွန်ရှားပါးအဖိုးထိုက်တန်တဲ့ ရေဆန်ကျွန်းနက်နဲ့ ထုလုပ်ပူဇော်ထားတာမို့ လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုးစီးပွားနဲ့ ပြည့်စုံစေမယ့်အပြင် ပီယ လာဘသိဒ္ဓိအစွမ်းတွေကိုပါ ပြီးမြောက်အောင်မြင်စေမှာပဲ ဖြစ်ပါတယ်။

သိဒ္ဓိအောင်ရေဆန်ကျွန်းနက် မြတ်စွာဘုရားကြီးရဲ့တည်နေရာကတော့ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊(၄၈) ရပ်ကွက်၊ ဗိုလ်မှူးဗထူးအိမ်ယာနားကယောက်ကော် အဖေကြီး တည်ထားကိုးကွယ်ခဲ့တဲ့ ဇေယျမုနိဘုရားကြီးဝန်းထဲမှာ ကိန်းဝပ်စံပယ်လျှက် ရှိပါတယ်။

မြန်မာပြည်ရဲ့လူဦးရေအများဆုံး ရန်ကုန်မြို့တော်ကြီးမှာ ရှိနေပေမယ့်လည်း လူအရောက်အပေါက်နည်းပြီး အေးချမ်းဆိတ်ငြိမ်တဲ့နေရာလေးမှာ တည်ရှိတာမို့ အခါသင့်အခွင့်ကြုံတဲ့ သွားရောက်ဖူးမျှော်ကြဖို့လည်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်နော်။

#credit

Zawgyi Version

သိသူနည္းတဲ့ ႏွစ္(၈၀၀) ေက်ာ္ တန္ခိုးႀကီး ေရဆန္ကြၽန္းနက္ဘုရားႀကီးအေၾကာင္းကို အမ်ားသူငါ ဖူးေျမႇာ္ႏိုင္ဖို႔အတြက္ ေဖာ္ျပတင္ဆက္ေပးလိုက္ပါတယ္။

ရန္ကုန္ၿမိဳ႕မွာတည္ရွိၿပီး လူသိပ္မသိေသးတဲ့ ႏွစ္ေပါင္း (၈၀၀) ေက်ာ္သက္တမ္းရွိ သိဒၶိေအာင္ ေရဆန္ကြၽန္းနက္ ျမတ္စြာဘုရားႀကီး အေၾကာင္းပါ

သိဒၶိေအာင္ေရဆန္ကြၽန္းနက္ ျမတ္စြာဘုရားႀကီးဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း (၈၀၀) ေက်ာ္ေလာက္ကတည္းကဧရာဝတီျမစ္ႀကီးထဲက ဆယ္ယူၿပီး ဗုဒၶဆင္းတုေတာ္ ႀကီးအျဖစ္ ထုလုပ္ပူေဇာ္ခဲ့တာ ျဖစ္ပါတယ္။

အလြန္ရွားပါးအဖိုးထိုက္တန္တဲ့ ေရဆန္ကြၽန္းနက္နဲ႔ ထုလုပ္ပူေဇာ္ထားတာမို႔ ေလာကီေလာကုတၱရာ ႏွစ္ျဖာေသာအက်ိဳးစီးပြားနဲ႔ ျပည့္စုံေစမယ့္အျပင္ ပီယ လာဘသိဒၶိအစြမ္းေတြကိုပါ ၿပီးေျမာက္ေအာင္ျမင္ေစမွာပဲ ျဖစ္ပါတယ္။

သိဒၶိေအာင္ေရဆန္ကြၽန္းနက္ ျမတ္စြာဘုရားႀကီးရဲ႕တည္ေနရာကေတာ့ ရန္ကုန္ၿမိဳ႕၊ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္း၊(၄၈) ရပ္ကြက္၊ ဗိုလ္မႉးဗထူးအိမ္ယာနားကေယာက္ေကာ္ အေဖႀကီး တည္ထားကိုးကြယ္ခဲ့တဲ့ ေဇယ်မုနိဘုရားႀကီးဝန္းထဲမွာ ကိန္းဝပ္စံပယ္လွ်က္ ရွိပါတယ္။

ျမန္မာျပည္ရဲ႕လူဦးေရအမ်ားဆုံး ရန္ကုန္ၿမိဳ႕ေတာ္ႀကီးမွာ ရွိေနေပမယ့္လည္း လူအေရာက္အေပါက္နည္းၿပီး ေအးခ်မ္းဆိတ္ၿငိမ္တဲ့ေနရာေလးမွာ တည္ရွိတာမို႔ အခါသင့္အခြင့္ႀကဳံတဲ့ သြားေရာက္ဖူးေမွ်ာ္ၾကဖို႔လည္း တိုက္တြန္းႏႈိးေဆာ္လိုက္ပါတယ္ေနာ္။

#credit

Add a Comment

Your email address will not be published. Required fields are marked *