ခါးကြောညပ်တဲ့ မိတ်ဆွေတွေအတွက် သက်သာပျောက်ကင်းစေဖို့ နည်းလမ်းကောင်း
|ခါးကြောညပ်တဲ့ မိတ်ဆွေတွေအတွက် သက်သာပျောက်ကင်းစေဖို့ နည်းလမ်းကောင်းလေးကို အခမဲ့ မျှဝေပေးချင်ပါတယ်။
ခါးကြောညပ်ရောဂါသည် ကိုယ်ခန္ဓာ၏ အောက်ပိုင်း ခါး၊ပေါင် နှင့် ခြေသလုံးတို့တွင် ခံစားရလေ့ရှိပါသည်။ ခါးကြောညပ်ရောဂါသည် အလွန်ခံရခက်သည်။
၂၄နာရီပါတ်လုံး ခံစားနေရသည်တော့ မဟုတ်ပါ။ ခါးကြောက အညပ်ခံရလိုက် ပြန်လွတ်သွားလိုက် ဖြစ်ဟန်ရှိပါသည်။
ခါးကြောညပ်ဝေဒနာ ခံစားနေရချိန်တွင် အနေခံခက်လှသဖြင့် စိတ်ဓာတ်ပင် ကျချင်လာတတ်သည်။
ခါးကြောညပ်ဝေဒနာ မသက်မသာ ဒုက္ခခံစားနေရရာက ခါးကြောညပ်ခြင်းမှ ပြန်လွတ်သွားသောအခါ ခံစားရသောသုခသည် အလွန်ပင်တန်ဘိုးရှိကြောင်း ခံစားသိရှိမိတော့သည်။ (ဒါ့ကြောင့်ပင် ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုကြရပါသည်)
ယခုဆက်လက်၍ ကျွန်တော်ကိုယ်တိုင် ခံစားခဲ့ရသော အကြောညပ်ဝေဒနာ သက်သာပျောက်ကင်းခဲ့ရပုံကို ကုသိုလ်ပြုပါမည်။
တစ်ခုတော့ပြောလိုသည် လွယ်လွန်းပြီး ငွေမကုန်ရသဖြင့် တန်ဘိုးမရှိထင်ကာ တန်ဘိုးမသိဖြစ်မှာတော့ စိုးရိမ်မိသည်။
လက်တွေ့ပျောက်ကင်းခဲ့သော လေ့ကျင့်နည်း
လိုအပ်သောပစ္စည်းမှာ_တစ်ကိုက်( ၂ တောင်)ခန့်ရှိသော ကြိုးတစ်ချောင်းမျှသာဖြစ်ပါသည် ပီနံကြိုး(ပလပ်စတစ်ကြိုး)ဖြင့်လည်း ရပါသည်။
🍁၁။ ၎င်းကြိုးကို ပုံတွင်ပြထားသည့်အတိုင်း အဖြားနှစ်ဖက်ဆက်ချည်၍ ကြိုးကွင်းလုပ်လိုက်ပါ။
🍁 ၂။ မွှေ့ယာအခင်းမပါသော ခုတင်ပေါ်တွင် ပက်လက်အိပ် ပါ။
🍁၃။ ခြေနှက်ဖက်ကို ပုံတွင်ပြထားသည့်အတိုင်းကားထားပါခြေဖဝါးအဖျားပိုင်းသည် အပြင်ဘက်ကိုလဲ၍နေတတ်ပါသည်)။
🍁၄။ ထိုသို့မဖြစ်စေရန် ပုံတွင်ပြထားသည့်အတိုင်း ခြေဖျားပိုင်းနှစ်ဖက်ကို ကြိုးကွင်းဖြင့်သိုင်းထားရပါသည်(ခြေရင်းဘက်မှကြည့်လျှင် ပုံပြပါအပါအတိုင်း ခြေဖဝါးနှစ်ဖက် မတ်မတ်ထောင်နေပါစေ)။
🍁၅။ ဘေးဘက်မှကြည့်လျှင်လည်း ပုံပြပါအတိုင်း ခြေဖဝါးနှစ်ဖက် မတ်မတ်ထောင်နေပါစေ။
🍁၆။ ထိုသို့နေရသည်မှာ အလေ့အကျင့်မရသေးက အနည်းငယ်အခံခက်ပါသည်(ကြိုးစား၍လေ့ကျင့်ပါ)။
🍁၇။ ထိုအနေအထားအတိုင်း ၂ နာရီခန့်နေလိုက်ပါက ညပ်နေသော ခါးကြော ပေါင်ကြောများ အညပ်လွတ်ခါ အကြောညပ်ဝေဒနာ သက်သာလာသည်ကို လက်တွေ့ခံစားရပါသည်။
🍁၈။ ထိုအနေအထားအတိုင်း အိပ်ပျော်သွားပြီး ၂ နာရီထက် ပိုကြာလျှင် ပိုကောင်းပါသည်
(အိပ်ယာမှနိုးလျှင် ခန္ဓာကိုယ် အပေါ်ပိုင်းမှစ၍ ဘေးဘက်သို့ စောင်းငဲ့ကာ လှုပ်ရှားလိုက်လျှင် တောင့်တင်းနေသော ခြေနှစ်ဖက်လည်း အဆင်ပြေသွားပါသည်။
🍁 ၉။ ဤကဲ့သို့ တစ်ကြိမ်တစ်ခါ အောင်မြင်အောင် လုပ်ကြည့်ပြီးလျှင် ဤလေ့ကျင့်ခန်း၏ တန်ဘိုးသိရပါလိမ့်မည်။
🍁၁၀။ အခါအားလျှော်စွာ ဆက်လက်လေ့ကျင့်ပါက အကြောညပ်ဝေဒနာ လုံးဝပျောက်ကင်းနိုင်ပါသည်။
Credit: ဦးတင်ဝင်း
Zawgyi Version
ခါးေၾကာညပ္တဲ့ မိတ္ေဆြေတြအတြက္ သက္သာေပ်ာက္ကင္းေစဖို႔ နည္းလမ္းေကာင္းေလးကို အခမဲ့ မွ်ေဝေပးခ်င္ပါတယ္။
ခါးေၾကာညပ္ေရာဂါသည္ ကိုယ္ခႏၶာ၏ ေအာက္ပိုင္း ခါး၊ေပါင္ ႏွင့္ ေျခသလုံးတို႔တြင္ ခံစားရေလ့ရွိပါသည္။ ခါးေၾကာညပ္ေရာဂါသည္ အလြန္ခံရခက္သည္။
၂၄နာရီပါတ္လုံး ခံစားေနရသည္ေတာ့ မဟုတ္ပါ။ ခါးေၾကာက အညပ္ခံရလိုက္ ျပန္လြတ္သြားလိုက္ ျဖစ္ဟန္ရွိပါသည္။
ခါးေၾကာညပ္ေဝဒနာ ခံစားေနရခ်ိန္တြင္ အေနခံခက္လွသျဖင့္ စိတ္ဓာတ္ပင္ က်ခ်င္လာတတ္သည္။
ခါးေၾကာညပ္ေဝဒနာ မသက္မသာ ဒုကၡခံစားေနရရာက ခါးေၾကာညပ္ျခင္းမွ ျပန္လြတ္သြားေသာအခါ ခံစားရေသာသုခသည္ အလြန္ပင္တန္ဘိုးရွိေၾကာင္း ခံစားသိရွိမိေတာ့သည္။ (ဒါ့ေၾကာင့္ပင္ က်န္းမာျခင္းသည္ လာဘ္တစ္ပါးဟု ဆိုၾကရပါသည္)
ယခုဆက္လက္၍ ကြၽန္ေတာ္ကိုယ္တိုင္ ခံစားခဲ့ရေသာ အေၾကာညပ္ေဝဒနာ သက္သာေပ်ာက္ကင္းခဲ့ရပုံကို ကုသိုလ္ျပဳပါမည္။
တစ္ခုေတာ့ေျပာလိုသည္ လြယ္လြန္းၿပီး ေငြမကုန္ရသျဖင့္ တန္ဘိုးမရွိထင္ကာ တန္ဘိုးမသိျဖစ္မွာေတာ့ စိုးရိမ္မိသည္။
လက္ေတြ႕ေပ်ာက္ကင္းခဲ့ေသာ ေလ့က်င့္နည္း
လိုအပ္ေသာပစၥည္းမွာ_တစ္ကိုက္( ၂ ေတာင္)ခန႔္ရွိေသာ ႀကိဳးတစ္ေခ်ာင္းမွ်သာျဖစ္ပါသည္ ပီနံႀကိဳး(ပလပ္စတစ္ႀကိဳး)ျဖင့္လည္း ရပါသည္။
🍁၁။ ၎ႀကိဳးကို ပုံတြင္ျပထားသည့္အတိုင္း အျဖားႏွစ္ဖက္ဆက္ခ်ည္၍ ႀကိဳးကြင္းလုပ္လိုက္ပါ။
🍁 ၂။ ေမႊ႕ယာအခင္းမပါေသာ ခုတင္ေပၚတြင္ ပက္လက္အိပ္ ပါ။
🍁၃။ ေျခႏွက္ဖက္ကို ပုံတြင္ျပထားသည့္အတိုင္းကားထားပါေျခဖဝါးအဖ်ားပိုင္းသည္ အျပင္ဘက္ကိုလဲ၍ေနတတ္ပါသည္)။
🍁၄။ ထိုသို႔မျဖစ္ေစရန္ ပုံတြင္ျပထားသည့္အတိုင္း ေျခဖ်ားပိုင္းႏွစ္ဖက္ကို ႀကိဳးကြင္းျဖင့္သိုင္းထားရပါသည္(ေျခရင္းဘက္မွၾကည့္လွ်င္ ပုံျပပါအပါအတိုင္း ေျခဖဝါးႏွစ္ဖက္ မတ္မတ္ေထာင္ေနပါေစ)။
🍁၅။ ေဘးဘက္မွၾကည့္လွ်င္လည္း ပုံျပပါအတိုင္း ေျခဖဝါးႏွစ္ဖက္ မတ္မတ္ေထာင္ေနပါေစ။
🍁၆။ ထိုသို႔ေနရသည္မွာ အေလ့အက်င့္မရေသးက အနည္းငယ္အခံခက္ပါသည္(ႀကိဳးစား၍ေလ့က်င့္ပါ)။
🍁၇။ ထိုအေနအထားအတိုင္း ၂ နာရီခန႔္ေနလိုက္ပါက ညပ္ေနေသာ ခါးေၾကာ ေပါင္ေၾကာမ်ား အညပ္လြတ္ခါ အေၾကာညပ္ေဝဒနာ သက္သာလာသည္ကို လက္ေတြ႕ခံစားရပါသည္။
🍁၈။ ထိုအေနအထားအတိုင္း အိပ္ေပ်ာ္သြားၿပီး ၂ နာရီထက္ ပိုၾကာလွ်င္ ပိုေကာင္းပါသည္
(အိပ္ယာမွႏိုးလွ်င္ ခႏၶာကိုယ္ အေပၚပိုင္းမွစ၍ ေဘးဘက္သို႔ ေစာင္းငဲ့ကာ လႈပ္ရွားလိုက္လွ်င္ ေတာင့္တင္းေနေသာ ေျခႏွစ္ဖက္လည္း အဆင္ေျပသြားပါသည္။
🍁 ၉။ ဤကဲ့သို႔ တစ္ႀကိမ္တစ္ခါ ေအာင္ျမင္ေအာင္ လုပ္ၾကည့္ၿပီးလွ်င္ ဤေလ့က်င့္ခန္း၏ တန္ဘိုးသိရပါလိမ့္မည္။
🍁၁၀။ အခါအားေလွ်ာ္စြာ ဆက္လက္ေလ့က်င့္ပါက အေၾကာညပ္ေဝဒနာ လုံးဝေပ်ာက္ကင္းႏိုင္ပါသည္။
Credit: ဦးတင္ဝင္း