အုန်းပင်က နဂါးခေါင်းပုံ ပေါ်လာလို့ ဆုတောင်းသူ များပြား
|မင်္ဂလာပါ ပရိသတ်တို့ရေ ဒီနေ့တော့ ထူးထူးခြားခြား ထိုင်းနိုင်ငံ၊ ပတ္တရား ကမ်းခြေ အနီးမှာ အုန်းပင် တစ်ပင်က နဂါးခေါင်း သဏ္ဍာန် အုန်းဖူးတစ်ခိုင် ထူးထူးခြားခြား ထွက်ပေါ်နေလို့ ဒေသခံတွေ အများအပြား လာရောက် ကြည့်ရှူ နေကြပါတယ်။
ဒီအုန်းပင်ဟာ ဆွမ်ဆက် နူကာဂျက်လို့ အမည်ရတဲ့ အသက် ၅၆ နှစ် အရွယ် အမျိုးသားရဲ့ ခြံဝန်းထဲမှာ ပေါက်နေတာလို့ သိရပါတယ်။
နဂါးဆိုတာ ထိုင်းလူမျိုးတွေ အထွဋ်အမြတ် ထားတဲ့ အရာတစ်ခု ဖြစ်လို့ အဲဒီအုန်းပင်ကို အမွှေးနံ့သာတွေနဲ့ ပက်ဖြန်း ပူဇော်နေကြပါတယ်။
ဒါ့အပြင် ထိုင်းလူမျိုးတွေရဲ့ ထုံးစံအတိုင်း ထူးခြားတဲ့ အရာတစ်ခုခု တွေ့ရင် ထိုင်းထီဂဏန်း ရှာလေ့ ရှိတာကြောင့် ဒီအုန်းပင်မှာလည်း ထီဂဏန်းရှာသူ၊ ထီပေါက်ဖို့ ဆုတောင်းသူတွေနဲ့ စည်ကားနေပါတယ်။
ဒါကြောင့် ဆုတောင်းချင်သူများအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။
Credit
Zawgyi Version
Credit