ဘုရားသခင်ရဲ့ကျေးဇူးတော်ဖြင့် အဆိုတော်မျိုးကြီးနဲ့ နီတာ ရောဂါကင်းပြီး အိမ်ပြန်ပြီ
|သင်းအုပ်ဆရာ ဟောပြောသူဖြစ်တဲ့ အမေရိကန်နိုင်ငံသား ဒေးဗစ် လားရဲ့ ဟောပြောပွဲကနေ လူပေါင်း ၁၀၀ ကျော် ကူးစက်ခံရတဲ့အထဲမှာ အဆိုတော် မျိုးကြီးနဲ့ အဆိုတော် နီတာတို့လည်း ပါဝင်ခဲ့ပါတယ်။
အဆိုတော်မျိုးကြီး ကူးစက်ခံရတယ်ဆိုတဲ့ သတင်းကြားချိန်မှာ သူ့ရဲ့ ပရိသတ်ဟာ အတော်လေးကို ကြေကွဲစိုးရိမ်ခဲ့ကြပါတယ်။
ထို့အတူပဲ မဟုတ်ပါစေနဲ့ ဆုတောင်းခဲ့ပေမယ့် Positive လူနာ ဖြစ်သွားတဲ့မျိုးကြီးအတွက် ပရိသတ်က အများကြီး စိုးရိမ်နေခဲ့ကြပါတယ်။ အဲ့ဒီအချိန် ကမ္ဘာမှာလည်းဆေးမရှိ ၊ နိုင်ငံတွေမှာလည်း သောက်သောက်လဲ သေကြတာကြောင့်လည်း ပါပါတယ်။
အခုတော့ အားလုံးရဲ့ အားပေးမှုတွေနဲ့ ခွန်အားဖြစ်စေခဲ့လို့ အဆိုတော် မျိုးကြီး နဲ့ အဆိုတော် နီတာတို့ နေပြန်ကောင်းပြီး အိမ်အပြန်ခရီးကို လှလှပပ ပြန်နိုင်ခဲ့ပါပြီ။
သူတို့ကို အားပေးကြတဲ့ စိတ်ပူပေးကြတဲ့ ပရိသတ် တစ်ဦးခြင်းဆီတိုင်းကိုလည်း အထူးကျေးဇူးတင်ရှိပါတယ် တဲ့။
Zawgyi Version