(၇၅) နှစ်အရွယ်အဖွားရဲ့ ဘိုးဘွားရိပ်သာ မသွားချင်လို့ ကျတဲ့မျက်ရည်

Sharing is caring!

သံယောဇဉ်များ ပြတ်ကြရာဝယ် …(၂၅)ဦးမြောက် ခိုကိုးရာမဲ့အဖွားအား မြဆည်းဆာ မှ ခေါ်ယူစောင့်ရှောက်လိုက်ပြန်ပြီ ။အဖွားနာမည်က – ဒေါ်ကြည်

အသက်ကတော့ (၇၅) လောက်လို့ ခန့်မှန်းပါတယ်။အဖွားလဲ သူ့အသက်သူ တိတိကျကျ မမှတ်မိပါဘူး။

မော်လမြိုင် (၆)မိုင်ကျေးရွာမှ ယနေ့ (20.5.2020)ရက်နေ့မှာ သွားရောက်ခေါ်ယူ စောင့်ရှောက်ခဲ့တာပါ။အဖွားရဲ့ ဇာတိဇစ်မြစ်က ကရင်ပြည်နယ် ကော့ကရိတ် ကလို့ပြောပြသိရှိရပါတယ်။ ဆွေးမျိုးသားချ င်းတွေလဲ မရှိတော့ပါဘူး။

လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀)ကျော်လောက်ကတည်းက မော်လမြိုင်သို့ ရောက်ရှိနေခဲ့ပြီး နေ့စားအလုပ်သမဘဝနဲ့ လုပ်လုပ်စားစားနေထိုင် စားသောက်ခဲ့ပါတယ်။လယ်ယာရှင်က နေ့စားအလုပ်သမားတွေအတွက် ဆောက်ပေးထားတဲ့ တဲလေးထဲမှာ နေထိုင်ကြရင်း နေ့စားလုပ်ကိုင် စားသောက်ရင်းအဖွားနည်းတူ ပဲခူးဘက် အညာဘက်တွေက လာရောက် လုပ်ကိုင်စားသောက်ကြတဲ့ ဘဝတူ အလုပ်သမားတွေနဲ့ မိသားစုသဖွယ်သံယောဇဉ်တွေ ဖြစ်ခဲ့ပြီး စုပေါင်းနေထိုင်ခဲ့ကြပါတယ်။

အသက်အရွယ် ကြီးရင့်လာလို့ အဖွားလုပ်ကိုင်စားသောက်လို့မနိုင်တော့တဲ့ အချိန်မှာလည်း ကျန်တဲ့ အလုပ်သမားတွေကမိသားစုဝင်လိုပဲ အတူနေထိုင် စားသောက်ခဲ့ကြပါတယ်။အဲဒီလို နေထိုင်စဉ် အဖွားရဲ့ နေထိုင်ရေးတွေကို (၆)မိုင်ရွာဘက်မှာဖွဲ့စည်းထားတဲ့ သက်ကြီးရွယ်အို ကူညီစောင့်ရှောက်ရေးအဖွဲ့တွေကဝိုင်းဝန်း ကူညီထောက်ပံ့ ကြည့်ရှုထားခဲ့တယ်လို့ သိရပါတယ်။

အဖွားက ခိုကိုးရာမဲ့လည်းဖြစ် အသက်အရွယ်လည်း ကြီးလာလို့ဘိုးဘွားရိပ်သာကို သွားဖို့ ဖြောင်းဖြနားချခဲ့ပေမဲ့ သံယောဇဉ် အတွယ်အတာလေးတွေ ရှိနေပြီး နားချရခက်တော့ အချိန်တွေ နှောင့်နှေးနေ ခဲ့တယ်လို့ သိရပါတယ်။ တူတူနေတဲ့ ဆွေမတော်မျိုးမတော် မိသားစု လို ဖြစ်နေတဲ့ အလုပ်သမားတွေကလည်း အဖွားကို အတင်းမပို့ရက်။

ခုတော့ အချိန်တန်ခဲ့ပြီး။အဖွားနဲ့ အတူနေထိုင်တဲ့ မိသားစုတွေကလည်း သူတို့ရဲ့ ဇာတိမြို့က ရွာတွေကို အပြီးပြန်ရတော့မယ်။ ရွာမှာကျန်ခဲ့တဲ့ ဘိုးဘွားမိဘတွေက လည်း အသက်အရွယ်ကြီးရင့်လာပြီး ဖြစ်တဲ့အတွက် တနယ်တကျေးမှာ အလုပ်လာလုပ်နေကြတဲ့ မိသားစုတွေ အတူတူနေချင်ကြပါပြီးတဲ့။

အဲဒီတော့ အလုပ်သမား မိသားစုတွေနဲ့ အတူနေထိုင်တဲ့ အဖွားကခိုးကိုးရာမဲ့ တယောက်တည်း ကျန်ခဲ့တော့မယ်။ စိတ်မချဘူး။ခေါ်သွား လို့ကလည်း အဆင်မပြေကြပြန်။ နောက်ဆုံးတော့ အဖွားအတွက် စိတ်အချရဆုံးနဲ့ အသင့်တော်ဆုံး ခိုလှုံရာနေရာဖြစ်တဲ့မြဆည်းဆာ မှာ နားခိုဖို့ (၆)မိုင်ရွာမှ သက်ကြီးစောင့်ရှောက်ရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ လာရောက်တောင်းဆိုကြလေပြီး။

အမှန်တကယ်ခိုကိုးရာမဲ့ဖြစ်နေသဖြင့် “မြဆည်းဆာ”ဘိုးဘွားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့များမှ အဖွားနေထိုင်ရာ နေရာသို့အရောက်သွားရောက်ကြည့်ရှု့လေ့လာပြီး မြဆည်းဆာ ၏ ရင်ခွင်မှာ နားခိုစေဖို့ခေါ်ယူစောင့်ရှောက် လိုက်ပါပြီး။

အဖွား ဘဝ နောင်ရေး စိတ်အေးရပါပြီး အဖွားရေ …

လူ့ဘဝဇာတ်ခုံအဖုံဖုံမှာ နည်းမျိုးစုံနဲ့ ကျင်လည်ခဲ့ကြပြီးဘဝနေဝင်ချိန် ရောက်ခါနီးမှ ဒုက္ခပေါင်းစုံနဲ့ အခက်အခဲဖြစ်နေကြတဲ့ အဘိုးအဘွားတွေကို မြဆည်းဆာ မှအမှန်တကယ် ကူညီဖေးမ စောင့်ရှောက်ပေးနေလျှက်ရှိပါသည်။
“မြဆည်းဆာ”ဘိုးဘွားများခိုလှုံရာရိပ်သာမုရောင်းကျေးရွာ မော်လမြိုင်မြို့။မော်လမြိုင်-ကျိုက်မရောသွား ကားလမ်းမဘေးအားကာသိပ္ပံအလွန် ထန်းပင်တန်းအနီးမြဆည်းဆာဘိုးဘွားများခိုလှုံရာရိပ်သာတည်ဆောက်နေမှုလုပ်ငန်း၌ တတပ်တအား ကုသိုလ်ပါဝင်လိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ်များနှင့် ဘဏ်အကောင့်များသို့ ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်ပါသည်။

မြဆည်းဆာ ဘဏ်အကောင့်

08330208302104801(KBZ)

0159600500029831 (CB ဘဏ်)

မြဆည်းဆာရိပ်သာ ရုံးဖုန်း

09 446446780

09 446446790

ဘဒ္ဒန္တနရိန္ဒ (မြစေတီစာသင်တိုက်)

ရိပ်သာတည်ဆောက်ရေးဦးဆောင်ပဓါနနာယကဆရာတော်

09 425300140

09 691271969

ကိုဇင်မိုး (အကျိုးတော်ဆောင်)

09 442158281

09 968446565

ဦးမြင့်ဦး (အကျိုးတော်ဆောင်)

09 780002397

09 5322044

ဦးမျိုးနိုင် (အကျိုးတော်ဆောင်)

09 792404429

Zawgyi Version

သံေယာဇဥ္မ်ား ျပတ္ၾကရာဝယ္ …(၂၅)ဦးေျမာက္ ခိုကိုးရာမဲ့အဖြားအား ျမဆည္းဆာ မွ ေခၚယူေစာင့္ေရွာက္လိုက္ျပန္ၿပီ ။အဖြားနာမည္က – ေဒၚၾကည္

အသက္ကေတာ့ (၇၅) ေလာက္လို႔ ခန႔္မွန္းပါတယ္။အဖြားလဲ သူ႔အသက္သူ တိတိက်က် မမွတ္မိပါဘူး။

ေမာ္လၿမိဳင္ (၆)မိုင္ေက်း႐ြာမွ ယေန႔ (20.5.2020)ရက္ေန႔မွာ သြားေရာက္ေခၚယူ ေစာင့္ေရွာက္ခဲ့တာပါ။အဖြားရဲ႕ ဇာတိဇစ္ျမစ္က ကရင္ျပည္နယ္ ေကာ့ကရိတ္ ကလို႔ေျပာျပသိရွိရပါတယ္။ ေဆြးမ်ိဳးသားခ် င္းေတြလဲ မရွိေတာ့ပါဘူး။

လြန္ခဲ့တဲ့ ႏွစ္ေပါင္း(၃၀)ေက်ာ္ေလာက္ကတည္းက ေမာ္လၿမိဳင္သို႔ ေရာက္ရွိေနခဲ့ၿပီး ေန႔စားအလုပ္သမဘဝနဲ႔ လုပ္လုပ္စားစားေနထိုင္ စားေသာက္ခဲ့ပါတယ္။လယ္ယာရွင္က ေန႔စားအလုပ္သမားေတြအတြက္ ေဆာက္ေပးထားတဲ့ တဲေလးထဲမွာ ေနထိုင္ၾကရင္း ေန႔စားလုပ္ကိုင္ စားေသာက္ရင္းအဖြားနည္းတူ ပဲခူးဘက္ အညာဘက္ေတြက လာေရာက္ လုပ္ကိုင္စားေသာက္ၾကတဲ့ ဘဝတူ အလုပ္သမားေတြနဲ႔ မိသားစုသဖြယ္သံေယာဇဥ္ေတြ ျဖစ္ခဲ့ၿပီး စုေပါင္းေနထိုင္ခဲ့ၾကပါတယ္။

အသက္အ႐ြယ္ ႀကီးရင့္လာလို႔ အဖြားလုပ္ကိုင္စားေသာက္လို႔မႏိုင္ေတာ့တဲ့ အခ်ိန္မွာလည္း က်န္တဲ့ အလုပ္သမားေတြကမိသားစုဝင္လိုပဲ အတူေနထိုင္ စားေသာက္ခဲ့ၾကပါတယ္။အဲဒီလို ေနထိုင္စဥ္ အဖြားရဲ႕ ေနထိုင္ေရးေတြကို (၆)မိုင္႐ြာဘက္မွာဖြဲ႕စည္းထားတဲ့ သက္ႀကီး႐ြယ္အို ကူညီေစာင့္ေရွာက္ေရးအဖြဲ႕ေတြကဝိုင္းဝန္း ကူညီေထာက္ပံ့ ၾကည့္ရႈထားခဲ့တယ္လို႔ သိရပါတယ္။

အဖြားက ခိုကိုးရာမဲ့လည္းျဖစ္ အသက္အ႐ြယ္လည္း ႀကီးလာလို႔ဘိုးဘြားရိပ္သာကို သြားဖို႔ ေျဖာင္းျဖနားခ်ခဲ့ေပမဲ့ သံေယာဇဥ္ အတြယ္အတာေလးေတြ ရွိေနၿပီး နားခ်ရခက္ေတာ့ အခ်ိန္ေတြ ေႏွာင့္ေႏွးေန ခဲ့တယ္လို႔ သိရပါတယ္။ တူတူေနတဲ့ ေဆြမေတာ္မ်ိဳးမေတာ္ မိသားစု လို ျဖစ္ေနတဲ့ အလုပ္သမားေတြကလည္း အဖြားကို အတင္းမပို႔ရက္။

ခုေတာ့ အခ်ိန္တန္ခဲ့ၿပီး။အဖြားနဲ႔ အတူေနထိုင္တဲ့ မိသားစုေတြကလည္း သူတို႔ရဲ႕ ဇာတိၿမိဳ႕က ႐ြာေတြကို အၿပီးျပန္ရေတာ့မယ္။ ႐ြာမွာက်န္ခဲ့တဲ့ ဘိုးဘြားမိဘေတြက လည္း အသက္အ႐ြယ္ႀကီးရင့္လာၿပီး ျဖစ္တဲ့အတြက္ တနယ္တေက်းမွာ အလုပ္လာလုပ္ေနၾကတဲ့ မိသားစုေတြ အတူတူေနခ်င္ၾကပါၿပီးတဲ့။

အဲဒီေတာ့ အလုပ္သမား မိသားစုေတြနဲ႔ အတူေနထိုင္တဲ့ အဖြားကခိုးကိုးရာမဲ့ တေယာက္တည္း က်န္ခဲ့ေတာ့မယ္။ စိတ္မခ်ဘူး။ေခၚသြား လို႔ကလည္း အဆင္မေျပၾကျပန္။ ေနာက္ဆုံးေတာ့ အဖြားအတြက္ စိတ္အခ်ရဆုံးနဲ႔ အသင့္ေတာ္ဆုံး ခိုလႈံရာေနရာျဖစ္တဲ့ျမဆည္းဆာ မွာ နားခိုဖို႔ (၆)မိုင္႐ြာမွ သက္ႀကီးေစာင့္ေရွာက္ေရးအဖြဲ႕ေတြရဲ႕ အကူအညီနဲ႔ လာေရာက္ေတာင္းဆိုၾကေလၿပီး။

အမွန္တကယ္ခိုကိုးရာမဲ့ျဖစ္ေနသျဖင့္ “ျမဆည္းဆာ”ဘိုးဘြားရိပ္သာ အက်ိဳးေတာ္ေဆာင္အဖြဲ႕မ်ားမွ အဖြားေနထိုင္ရာ ေနရာသို႔အေရာက္သြားေရာက္ၾကည့္ရႈ႕ေလ့လာၿပီး ျမဆည္းဆာ ၏ ရင္ခြင္မွာ နားခိုေစဖို႔ေခၚယူေစာင့္ေရွာက္ လိုက္ပါၿပီး။

အဖြား ဘဝ ေနာင္ေရး စိတ္ေအးရပါၿပီး အဖြားေရ …

လူ႔ဘဝဇာတ္ခုံအဖုံဖုံမွာ နည္းမ်ိဳးစုံနဲ႔ က်င္လည္ခဲ့ၾကၿပီးဘဝေနဝင္ခ်ိန္ ေရာက္ခါနီးမွ ဒုကၡေပါင္းစုံနဲ႔ အခက္အခဲျဖစ္ေနၾကတဲ့ အဘိုးအဘြားေတြကို ျမဆည္းဆာ မွအမွန္တကယ္ ကူညီေဖးမ ေစာင့္ေရွာက္ေပးေနလွ်က္ရွိပါသည္။
“ျမဆည္းဆာ”ဘိုးဘြားမ်ားခိုလႈံရာရိပ္သာမုေရာင္းေက်း႐ြာ ေမာ္လၿမိဳင္ၿမိဳ႕။ေမာ္လၿမိဳင္-က်ိဳက္မေရာသြား ကားလမ္းမေဘးအားကာသိပၸံအလြန္ ထန္းပင္တန္းအနီးျမဆည္းဆာဘိုးဘြားမ်ားခိုလႈံရာရိပ္သာတည္ေဆာက္ေနမႈလုပ္ငန္း၌ တတပ္တအား ကုသိုလ္ပါဝင္လိုသူမ်ား အေနျဖင့္ ေအာက္ပါဖုန္းနံပါတ္မ်ားႏွင့္ ဘဏ္အေကာင့္မ်ားသို႔ ဆက္သြယ္စုံစမ္း လႉဒါန္းႏိုင္ပါသည္။

ျမဆည္းဆာ ဘဏ္အေကာင့္

08330208302104801(KBZ)

0159600500029831 (CB ဘဏ္)

ျမဆည္းဆာရိပ္သာ ႐ုံးဖုန္း

09 446446780

09 446446790

ဘဒၵႏၲနရိႏၵ (ျမေစတီစာသင္တိုက္)

ရိပ္သာတည္ေဆာက္ေရးဦးေဆာင္ပဓါနနာယကဆရာေတာ္

09 425300140

09 691271969

ကိုဇင္မိုး (အက်ိဳးေတာ္ေဆာင္)

09 442158281

09 968446565

ဦးျမင့္ဦး (အက်ိဳးေတာ္ေဆာင္)

09 780002397

09 5322044

ဦးမ်ိဳးႏိုင္ (အက်ိဳးေတာ္ေဆာင္)

09 792404429

Add a Comment

Your email address will not be published. Required fields are marked *