မိုးရွာသွန်းမှုကြောင့် ပုပ္ပါး- ကျောက်ပန်းတောင်းလမ်း ရေကျော်နေမှု ပုံရိပ်များ

Sharing is caring!

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မေ(၂၀)ရက်နေ့ ညနေ(၄:၃၀)နာရီက မိုးသည်းထန်းစွာရွာ သွန်းခဲ့သဖြင့်၊

ကျောက်ပန်းတောင်း-ပုပ္ပားလမ်းပေါ်ရှိ ဆည်ပေါက်ချောင်းတွင် ချောင်းရေကျဆင်းခဲ့ရာ၊ ဖြတ်သန်းသွား လာ သည့် မော်တော်ဆိုင်ကယ်နှင့်လူတစ်ဦးမျောပါသွားသဖြင့်၊ အနီးဝန်းကျင်မှ စောင့်ကြည့်နေသူများက ဝိုင်းဝန်းကယ်ဆယ် ခဲ့ရ ကြောင်းသိရသည်။

ကျောက်ပန်းတောင်း-ပုပ္ပားလမ်း မိုင်တိုင်အမှတ် ၄၀၂/၃ နှင့်၄၀၂/၄ ကြားရှိ ဆည်ပေါက်ချောင်းကားလမ်း ရေကျော် ပေ(၇၀)တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ညနေ(၄)နာရီမှ (၄:၃၀)နာရီအချိန်ထိ ချောင်းရေကျဆင်းခဲ့ရာ၊ မော်တော်ကား၊ ဆိုင်ကယ်နှင့်လူများဖြတ်သန်းသွားလာနိုင်ခြင်းမရှိပဲ၊ ရေကျချိန်ကိုစောင့်ဆိုင်းနေကြစဉ်

ကျောက်ပန်းတောင်းမြို့နယ်၊ နတ် ကန်လည်ကျေးရွာနေ ဦးဖိုးနီ(၅၁)နှစ်၊(ဘ)ဦးဖြူ တောင်သူလုပ်ငန်းလုပ်ကိုင်သူမှ KENBO 110 အမျိုးအစား (ဖြူ/နက်ကြား ရောင်)ဆိုင်ကယ်အားစီးနင်းကာ ပုပ္ပားဘက်မှ ကျောက်ပန်းတောင်းဘက်သို့ ရေစီးဆင်းနေသည့်ချောင်းအတွင်းမှ ဖြတ်သန်း စီးမောင်းလာရာ

ရေစီးအားကြောင့် ချောင်းအတွင်းပေ(၃၀)ခန့်မျောပါသွားခဲ့ရာ၊ အနီးဝန်းကျင်မှ ရေကျချိန် စောင့်ဆိုင်းနေ ကြ သည့် လူများက ဝိုင်းဝန်းကယ်ဆယ်ခဲ့ကြသဖြင့် ဆိုင်ကယ်နှင့်လူကိုပြန်လည်ဆယ်ယူရရှိခဲ့ကြောင်းသိရသည်။

ရေစီးနှင့်မျောပါ သွားသူ ဦးဖိုးနီတွင် ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ကြောင်းသိရပြီး၊ အဆိုပါ ဆည်ပေါက်ချောင်းမှာ ပုပ္ပားတောင်၏ အနောက်မြောက်ဘက်အရပ်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းပါက ချောင်းရေကျလေ့ရှိကြောင်းနှင့် တစ်ကြိမ်ရေကျလျှင် အချိန် အားဖြင့် နာရီဝက်၊ တစ်နာရီခန့် ကြာတတ်ကြောင်း ဆည်ပေါက်ကျေးရွာဒေသခံတစ်ဦက ပြောပြပါသည်။

IPRD Kyaukpadaung

Zawgyi Version

မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္တြင္ ေမ(၂၀)ရက္ေန႔ ညေန(၄:၃၀)နာရီက မိုးသည္းထန္းစြာ႐ြာ သြန္းခဲ့သျဖင့္၊

ေက်ာက္ပန္းေတာင္း-ပုပၸားလမ္းေပၚရွိ ဆည္ေပါက္ေခ်ာင္းတြင္ ေခ်ာင္းေရက်ဆင္းခဲ့ရာ၊ ျဖတ္သန္းသြား လာ သည့္ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္လူတစ္ဦးေမ်ာပါသြားသျဖင့္၊ အနီးဝန္းက်င္မွ ေစာင့္ၾကည့္ေနသူမ်ားက ဝိုင္းဝန္းကယ္ဆယ္ ခဲ့ရ ေၾကာင္းသိရသည္။

ေက်ာက္ပန္းေတာင္း-ပုပၸားလမ္း မိုင္တိုင္အမွတ္ ၄၀၂/၃ ႏွင့္၄၀၂/၄ ၾကားရွိ ဆည္ေပါက္ေခ်ာင္းကားလမ္း ေရေက်ာ္ ေပ(၇၀)တြင္ မိုးသည္းထန္စြာ႐ြာသြန္းခဲ့သျဖင့္ ညေန(၄)နာရီမွ (၄:၃၀)နာရီအခ်ိန္ထိ ေခ်ာင္းေရက်ဆင္းခဲ့ရာ၊ ေမာ္ေတာ္ကား၊ ဆိုင္ကယ္ႏွင့္လူမ်ားျဖတ္သန္းသြားလာႏိုင္ျခင္းမရွိပဲ၊ ေရက်ခ်ိန္ကိုေစာင့္ဆိုင္းေနၾကစဥ္

ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ နတ္ ကန္လည္ေက်း႐ြာေန ဦးဖိုးနီ(၅၁)ႏွစ္၊(ဘ)ဦးျဖဴ ေတာင္သူလုပ္ငန္းလုပ္ကိုင္သူမွ KENBO 110 အမ်ိဳးအစား (ျဖဴ/နက္ၾကား ေရာင္)ဆိုင္ကယ္အားစီးနင္းကာ ပုပၸားဘက္မွ ေက်ာက္ပန္းေတာင္းဘက္သို႔ ေရစီးဆင္းေနသည့္ေခ်ာင္းအတြင္းမွ ျဖတ္သန္း စီးေမာင္းလာရာ

ေရစီးအားေၾကာင့္ ေခ်ာင္းအတြင္းေပ(၃၀)ခန႔္ေမ်ာပါသြားခဲ့ရာ၊ အနီးဝန္းက်င္မွ ေရက်ခ်ိန္ ေစာင့္ဆိုင္းေန ၾက သည့္ လူမ်ားက ဝိုင္းဝန္းကယ္ဆယ္ခဲ့ၾကသျဖင့္ ဆိုင္ကယ္ႏွင့္လူကိုျပန္လည္ဆယ္ယူရရွိခဲ့ေၾကာင္းသိရသည္။

ေရစီးႏွင့္ေမ်ာပါ သြားသူ ဦးဖိုးနီတြင္ ပြန္းပဲ့ဒဏ္ရာ အနည္းငယ္သာရရွိခဲ့ေၾကာင္းသိရၿပီး၊ အဆိုပါ ဆည္ေပါက္ေခ်ာင္းမွာ ပုပၸားေတာင္၏ အေနာက္ေျမာက္ဘက္အရပ္ေဒသတြင္ မိုးသည္းထန္စြာ႐ြာသြန္းပါက ေခ်ာင္းေရက်ေလ့ရွိေၾကာင္းႏွင့္ တစ္ႀကိမ္ေရက်လွ်င္ အခ်ိန္ အားျဖင့္ နာရီဝက္၊ တစ္နာရီခန႔္ ၾကာတတ္ေၾကာင္း ဆည္ေပါက္ေက်း႐ြာေဒသခံတစ္ဦက ေျပာျပပါသည္။

IPRD Kyaukpadaung

Add a Comment

Your email address will not be published. Required fields are marked *