အခုပဲ ဒေါက်တာ လဲ့လဲ့မော်ကို ထောင်ဒဏ် နှစ်ရှည်ချမှတ်လိုက်ပါပြီ

Sharing is caring!

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ဟာဆိုရင် အဂတိလိုက်စားမှု လေးမှုနဲ့ တရားစွဲဆိုခြင်း ခံထားရတဲ့ သူ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ သူမရဲ့ အမှု သုံးခု အတွက် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံရန် တနင်္သာရီတိုင်းဒေသကြီး တရားရုံးက အမိန့် ချမှတ်လိုက်ပါတယ်။

စုစုပေါင်း လေးမှုမှာ ၃ မှု စီရင်ပြီးတာကြောင့် အမိန့်ချဖို့ နောက်တစ်မှုကျန်ပါသေးတယ်။ ထိုအမှုအတွက် မည်သို့ဆုံးဖြတ်မလဲ မသိသေးပါဘူး။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် က လဘ်ယူမှုနဲ့ ထောင်ဒဏ်ကျခဲ့သလို လာဘ်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ GGS ကုမ္ပဏီက ထိပ်တန်းအရာရှိနှစ်ဦးကိုလည်း ထောင်ဒဏ် ဆယ်နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အခု အချိန်အထိတော့ စစ်ဆေးနေတဲ့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တရားခွင်မှာ နောက်ထပ်ကျန်တဲ့အမှုအတွက် အမိန့်ဖတ်ကြားနေဆဲဖြစ်ပြီတော့း ခုချခံရတဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ဆိုရာမှာ တော့ တစ်ပေါင်းတည်းကျခံရမှာလား၊ သီးခြားစီလားဆိုတာတော့ မသိရသေးပါဘူး။

နောက်ဆက်တွဲသတင်းတွေကို ဆက်လက်တင်ဆက်ပေးပါ့မယ်နော်။

Zawgyi version







Add a Comment

Your email address will not be published.