တရားဟော ဆရာ ဒေးဗစ်လား အပြစ်မရှိကြောင်း သက်သေဗီဒီယိုဖိုင် ထွက်ပေါ်လာ

Sharing is caring!

  • အောက်တွင် ဗီဒီယိုဖိုင် ထည့်ထားပါသည်။

တရားဟောပြောပွဲကနေတစ်ဆင့် လူပေါင်း ၁၀၀ ကျော်လောက်ကို ကူးစက်စေခဲ့တဲ့အတွက် မကြာခင်ကမှ ရောဂါပျောက်ကင်းပြီး Q ထွက်လာသူ တရားဟော ဆရာ ဖာသာ ဒေးဗစ်လား ကို လတ်တလောမှာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေအရ တရားစွဲဆိုခြင်း ခံနေရပါတယ်။

ဒီအတွက် သက်ဆိုင်ရာဘာသာရေးဘက်က ညီအစ်ကိုမောင်နှမတွေကလည်း စိတ်မကောင်းဖြစ်နေကြတာကိုလည်းတွေ့ရပါတယ်။ အခုအခါမှာလည်း ဆရာဒေးဗစ်လား အနေဖြင့် ဘုရားသခင်ရဲ့နာမတော်ကြောင့် လက်ရှိအကျပ်အတည်းက လွတ်မြောက်လာဦးမှာဖြစ်တယ်လို့လည်း သန့်ရှင်းသော စိတ်နှလုံးတော်ဖြင့်ယုံကြည်နေကြပါတယ်။

အခုတစ်ခါလည်း သူတို့ရဲ့ ယုံကြည်မှုတွေအရပဲ ဖြစ်တည်လာဦးမလားဆိုတာတော့ မပြောနိုင်သေးပါဘူး။ လက်ရှိအချိန်မှာတော့ ဆရာဒေဗစ်လားကို တရားစွဲဆိုပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

ထို့အတူပဲ ဆရာဒေးဗစ်လားဟာ တရားဥပဒေကိုချိုးဖောက်တာမဟုတ်ပဲနဲ့ အမိန့်ထုတ်တာမတိုင်ခင်က တရားပွဲလုပ်ခဲ့တာကြောင့် ပြစ်မှုကျူးလွန်ရာ မရောက်ဘူးဆိုတဲ့ ဗီဒီယိုဖိုင်တစ်ခုကလည်း အင်တာနက်မှာ ပျံ့နှံ့လာပါတယ်။

ဒီဗီဒီယိုကြောင့် တရားဟော ဆရာဒေးဗစ်လားမှာ အပြစ်ကျူးလွန်ခြင်းမရှိဘူးလို့ အခိုင်အမာယုံကြည်နေကြသူတွေလည်းရှိနေပါတယ်။

  • ဗီဒီယိုဖိုင် ကြည့်ရန် နှိပ်ပါ

Zawgyi Version

  • ေအာက္တြင္ ဗီဒီယိုဖိုင္ ထည့္ထားပါသည္။

တရားေဟာေျပာပြဲကေနတစ္ဆင့္ လူေပါင္း ၁၀၀ ေက်ာ္ေလာက္ကို ကူးစက္ေစခဲ့တဲ့အတြက္ မၾကာခင္ကမွ ေရာဂါေပ်ာက္ကင္းၿပီး Q ထြက္လာသူ တရားေဟာ ဆရာ ဖာသာ ေဒးဗစ္လား ကို လတ္တေလာမွာ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဥပေဒအရ တရားစြဲဆိုျခင္း ခံေနရပါတယ္။

ဒီအတြက္ သက္ဆိုင္ရာဘာသာေရးဘက္က ညီအစ္ကိုေမာင္ႏွမေတြကလည္း စိတ္မေကာင္းျဖစ္ေနၾကတာကိုလည္းေတြ႕ရပါတယ္။ အခုအခါမွာလည္း ဆရာေဒးဗစ္လား အေနျဖင့္ ဘုရားသခင္ရဲ႕နာမေတာ္ေၾကာင့္ လက္ရွိအက်ပ္အတည္းက လြတ္ေျမာက္လာဦးမွာျဖစ္တယ္လို႔လည္း သန႔္ရွင္းေသာ စိတ္ႏွလုံးေတာ္ျဖင့္ယုံၾကည္ေနၾကပါတယ္။

အခုတစ္ခါလည္း သူတို႔ရဲ႕ ယုံၾကည္မႈေတြအရပဲ ျဖစ္တည္လာဦးမလားဆိုတာေတာ့ မေျပာႏိုင္ေသးပါဘူး။ လက္ရွိအခ်ိန္မွာေတာ့ ဆရာေဒဗစ္လားကို တရားစြဲဆိုၿပီး အင္းစိန္ေထာင္မွာ ခ်ဳပ္ေႏွာင္ထားတယ္လို႔ သိရပါတယ္။

ထို႔အတူပဲ ဆရာေဒးဗစ္လားဟာ တရားဥပေဒကိုခ်ိဳးေဖာက္တာမဟုတ္ပဲနဲ႔ အမိန႔္ထုတ္တာမတိုင္ခင္က တရားပြဲလုပ္ခဲ့တာေၾကာင့္ ျပစ္မႈက်ဴးလြန္ရာ မေရာက္ဘူးဆိုတဲ့ ဗီဒီယိုဖိုင္တစ္ခုကလည္း အင္တာနက္မွာ ပ်ံ႕ႏွံ႔လာပါတယ္။

ဒီဗီဒီယိုေၾကာင့္ တရားေဟာ ဆရာေဒးဗစ္လားမွာ အျပစ္က်ဴးလြန္ျခင္းမရွိဘူးလို႔ အခိုင္အမာယုံၾကည္ေနၾကသူေတြလည္းရွိေနပါတယ္။

  • ဗီဒီယိုဖိုင္ ၾကည့္ရန္ ႏွိပ္ပါ

Add a Comment

Your email address will not be published. Required fields are marked *