ကျန်းမာရေးဝန်ထမ်းတွေအတွက် ဝမ်းသာစရာ သတင်းကောင်းလာပါပြီ

Sharing is caring!

ကျန်းမာရေးဝန်ထမ်းများ ကို လစာအပြင် ၅၀၀၀၀ ကျပ်ငွေအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေအဖြစ် ချီးမြင့်ပေးသွားမယ်လို့ သိရပါတယ်။ ဒီသတင်းကိုတော့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဖြစ်သူ ဒေါက်တာမြင့်ထွေးက မေလ ၂၂ ရက်နေ့မှာကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ တရားဝင် ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကာလမှာ ရှေ့တန်းကျကျ လုပ်ဆောင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဘဝကို ချီးမြင့်ထောက်ပံ့ပေးတာမျိုးတွေ လုပ်ဆောင်သင့်တယ်လို့ တပ်မတော်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးးဇော်ဖြိုးရဲ့ ဆွေးနွေးချက်ကို ပြည်ထောင်စု ဝန်ကြီးက လုပ်ဆောင်နေကြောင်းနှင့် တလကို ငါးသောင်းနှုန်းနဲ့ စုစုပေါင်း ၂.၅ ဘီလီယံ ချပေးထားပြီးဖြစ်တယ်လို့ လည်း သိရပါတယ်

အခုလို ကျန်းမာရေးဝန်ထမ်းတွေ အတွက် အသိအမှတ်ပြုထောက်ပံ့ပေးတဲ့အတွက်လည်း အားလုံးက ကျေနပ်ကြမယ်ထင်ပါတယ်။

ထို့အတူပဲ ပြည်သူများကလည်း ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြုသောအားဖြင့် လက်ခုပ်တီးပြီး ဂုဏ်ပြုမှုတွေလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။

Zawgyi VErsion





Add a Comment

Your email address will not be published. Required fields are marked *