ဘာသာ မတူပေမယ့် ဗုဒ္ဓဘာသာအတွက် ထိရောက်တဲ့ လှူဒါန်းမှု ပြုလိုက်သူ တစ်ဦး
|ယခု သတင်းကို ( Ben Cheong ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်။ အားလုံး အတုယူပြီး ဒီလို စိတ်ထားမျိုးရှိနိုင်ရင် အကောင်းဆုံးပါပဲနော်။
ဒီပုံလေးကို အမှတ်မထင် ကြည့်လိုက်မယ်ဆိုလျှင် မြန်မာပြည်ထဲက ဒေသတစ်ခုမှာလို့ ထင်မှတ်မှားစရာပါ။
နေရာက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း၊ ချစ်တကောင်းတိုင်းဒေသအတွင်းရှိ ဘန်ဒါဘန်ခရိုင် မှာဖြစ်ပါသတဲ့။
အဆိုပါဒေသရဲ့ မြေပိုင်ရှင် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ မစ္စတာမာဘူဘာရဲ့ အလှူပွဲတစ်ခုမှာဖြစ်ပါတယ်။
သူဟာ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်ပေမယ့် အဆိုပါဒေသရှိ မိဘမဲ့ကလေးများဂေဟာတစ်ခုအတွက် မြေနေရာအကျယ်ကြီးတစ်နေရာကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ကျောင်းထံပေးအပ်လှူဒါန်းခဲ့သလို ပုံပါ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတစ်ဆူကိုလည်း ထုလုပ်ပူဇော်ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။
Ben Cheong
Zawgyi Version
Ben Cheong