သန္တာကျောက် ချိုးနေသူတွေကြည့်ပြီး ပြောစရာ စကားတောင် မရှိတော့ပါဘူး

Sharing is caring!

အောက်ကပုံက မာန်အောင်မြို့နယ် ပင်လယ်ကမ်းစပ်တစ်ခုမှာ ဒီရေကျချိန် လူအချို့ coral တွေနဲ့ ပျော်ပါးနေပုံပါ ။သန္တာကျောက်တန်း coral reef တွေက ကျောက်တုံးတွေ မဟုတ်ဘူး ။ကျွန်တော် သိသလောက် အလွန်သေးငယ်တဲ့ ပင်လယ် သတ္တဝါ သန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိတွေပါ ။သန္တာကောင်တွေလောက် ရှုပ်ထွေးတဲ့ ဇီဝရုပ် ကမ္ဘာမှာ မရှိပါဘူး ။

ပင်လည်ရေ အချဉ်ပေါက်လို့ရော ၊ ဒိုင်းနမိုက်ပစ်ပြီး ငါးဖမ်းကြလို့ရော ၊ ပိုက်ချပြီး ဆွဲတာရယ် ၊ အခုမြင်ရတဲ့ လူတွေ ချိုးကြဖဲ့ကြတာရယ်ကြောင့် coral reef တွေ ပျက်စီးရတယ် ။

အဲ့အခါ coral တွေ မရှိရင် ငါးပိစိလေးတွေ လျော့နည်းလာမယ် ။ ငါးပိစိကို စားတဲ့ ငါးကြီးတွေ ဒုက္ခရောက်မယ် ။ အဲ့အခါ ငါးကောင်ရေ လျော့နည်းလာရင် ဖျံ ၊ ဝက်ဝံ နဲ့ လူတွေ အစာ‌ပျက်လပ် လာလိမ့်မယ် ။
အဲ့ဒီ့ အဏ္ဏဝါဂေဟစနစ် ပျက်စီးသွားရင် လူတွေလည်း ပျက်စီးရပါလိမ့်မယ် ။

Covid ကြောင့် စီးပွားရေး ပျက်စီးတာ နှစ်အနည်းငယ် အတွင်း ပြန်လည် ထူထောင်လို့ရတယ် ။သဘာဝပတ်ဝန်းကျင် ပျက်စီးသွားရင် ဘယ်လိုမှ ပြန်လုပ်လို့မရတော့ပါဘူး။

Coral reef တွေက မုန်တိုင်း ၊ ဆူနာမီ ရေကြီးမယ့် ဒဏ်ကို ကြားထဲက buffer အနေနဲ့ ခံပေးတာပါ ။ခင်ဗျားတို့ ချိုးလိုက်တဲ့ ဂျွပ် ကနဲ က နေ ပြန်ပေးဆပ်ရမယ့် တန်ဖိုးက ဖော်ပြ၍ မရနိုင်လောက်အောင်ပါ ။

ကြီးထွားမှုကလည်း အင်မတန်မှ နှေးကွေးပါတယ် ။အချို့ဆို နှစ်ပေါင်း ၁၀၀၀ လောက်ကြာမှ ၁ မီတာထိသာ ကြီးထွားပါတယ် ။သန္တာကျောက်တန်း တစ်ခု ဖြစ်လာဖို့ဆို နှစ် သန်း‌ပေါင်းများစွာ ကြာပါတယ် ။
ဂျွပ် ကနဲ့ ချိုးလိုက်ရင်တော့ မျက်စိ တစ်မှိတ်စာပဲ ကြာတာပါ။

အကို့လက်ထဲက သန္တာကျောက် size ကို ကြည့်ပြီး ကျွန်တော် ပြောစရာ စကားတောင် မရှိတော့ပါဘူး ။

Credit- Yan Shin Aung

Zawgyi Version

ေအာက္ကပုံက မာန္ေအာင္ၿမိဳ႕နယ္ ပင္လယ္ကမ္းစပ္တစ္ခုမွာ ဒီေရက်ခ်ိန္ လူအခ်ိဳ႕ coral ေတြနဲ႔ ေပ်ာ္ပါးေနပုံပါ ။သႏၲာေက်ာက္တန္း coral reef ေတြက ေက်ာက္တုံးေတြ မဟုတ္ဘူး ။ကြၽန္ေတာ္ သိသေလာက္ အလြန္ေသးငယ္တဲ့ ပင္လယ္ သတၱဝါ သန္းေပါင္းမ်ားစြာနဲ႔ ဖြဲ႕စည္းထားတဲ့ သက္ရွိေတြပါ ။သႏၲာေကာင္ေတြေလာက္ ရႈပ္ေထြးတဲ့ ဇီဝ႐ုပ္ ကမာၻမွာ မရွိပါဘူး ။

ပင္လည္ေရ အခ်ဥ္ေပါက္လို႔ေရာ ၊ ဒိုင္းနမိုက္ပစ္ၿပီး ငါးဖမ္းၾကလို႔ေရာ ၊ ပိုက္ခ်ၿပီး ဆြဲတာရယ္ ၊ အခုျမင္ရတဲ့ လူေတြ ခ်ိဳးၾကဖဲ့ၾကတာရယ္ေၾကာင့္ coral reef ေတြ ပ်က္စီးရတယ္ ။

အဲ့အခါ coral ေတြ မရွိရင္ ငါးပိစိေလးေတြ ေလ်ာ့နည္းလာမယ္ ။ ငါးပိစိကို စားတဲ့ ငါးႀကီးေတြ ဒုကၡေရာက္မယ္ ။ အဲ့အခါ ငါးေကာင္ေရ ေလ်ာ့နည္းလာရင္ ဖ်ံ ၊ ဝက္ဝံ နဲ႔ လူေတြ အစာ‌ပ်က္လပ္ လာလိမ့္မယ္ ။
အဲ့ဒီ့ အဏၰဝါေဂဟစနစ္ ပ်က္စီးသြားရင္ လူေတြလည္း ပ်က္စီးရပါလိမ့္မယ္ ။

Covid ေၾကာင့္ စီးပြားေရး ပ်က္စီးတာ ႏွစ္အနည္းငယ္ အတြင္း ျပန္လည္ ထူေထာင္လို႔ရတယ္ ။သဘာဝပတ္ဝန္းက်င္ ပ်က္စီးသြားရင္ ဘယ္လိုမွ ျပန္လုပ္လို႔မရေတာ့ပါဘူး။

Coral reef ေတြက မုန္တိုင္း ၊ ဆူနာမီ ေရႀကီးမယ့္ ဒဏ္ကို ၾကားထဲက buffer အေနနဲ႔ ခံေပးတာပါ ။ခင္ဗ်ားတို႔ ခ်ိဳးလိုက္တဲ့ ဂြၽပ္ ကနဲ က ေန ျပန္ေပးဆပ္ရမယ့္ တန္ဖိုးက ေဖာ္ျပ၍ မရႏိုင္ေလာက္ေအာင္ပါ ။

ႀကီးထြားမႈကလည္း အင္မတန္မွ ေႏွးေကြးပါတယ္ ။အခ်ိဳ႕ဆို ႏွစ္ေပါင္း ၁၀၀၀ ေလာက္ၾကာမွ ၁ မီတာထိသာ ႀကီးထြားပါတယ္ ။သႏၲာေက်ာက္တန္း တစ္ခု ျဖစ္လာဖို႔ဆို ႏွစ္ သန္း‌ေပါင္းမ်ားစြာ ၾကာပါတယ္ ။
ဂြၽပ္ ကနဲ႔ ခ်ိဳးလိုက္ရင္ေတာ့ မ်က္စိ တစ္မွိတ္စာပဲ ၾကာတာပါ။

အကို႔လက္ထဲက သႏၲာေက်ာက္ size ကို ၾကည့္ၿပီး ကြၽန္ေတာ္ ေျပာစရာ စကားေတာင္ မရွိေတာ့ပါဘူး ။

Credit- Yan Shin Aung

Add a Comment

Your email address will not be published.