Mask တွေ ဘာကြောင့် ဈေးကျသွားလဲဆိုတာ ရှင်းပြလိုက်တဲ့ ဆရာဝန်ကြီး

Sharing is caring!

သူငယ်ချင်းတို့ အနီးအနားမှာ ယခင်က Mask တစ်ခု ၄၀၀ ကျပ်လောက်နဲ့ ဝယ်ရပြီးတော့အခုချိန်မှာ ၁၅၀ ကျပ်လောက် ဖြစ်သွားတာကို တွေ့ရပါမယ်နော်။ အဲ့တာဟာ ဘာကြောင့် ဈေးတွေ ကျသွားတာလဲဆိုတာကို ဒေါက်တာက ရှင်းပြထားတာလေးပါ။ ဖတ်ကြည့်ပါ ဗဟုသုတ ရပါတယ်။

Mask ဈေးတွေ မတရား ကျလာတာနဲ့အမျှ ပစ္စည်း အမှန်ရောင်းသူတွေ နေရာမရတော့ဘဲ ဈေးပေါပြီးရော ဆိုတာတွေ နေရာရ လာတာကြောင့် ဒီစာကို ရေးပါတယ်။သာမာန် လူတွေက Technical Detail မသိကြ တာကြောင့်တစ်ပိုင်း၊ သိရင်တောင် မြန်မာနိုင်ငံမှာ စစ်လို့မရတာကြောင့် တစ်ပိုင်း မို့လို့ ဖြစ်တာဆိုတော့ ဝယ်တဲ့သူတွေအပြစ်မဟုတ်ပါဘူး၊ ဈေးကွက်ထဲက ပစ္စည်းတွေကို လိုက်မစစ်နိုင်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လိုအပ်ချက်လို့ ယူဆပါတယ်။

Surgical Mask ဖြစ်ဖို့က ASTM Level 1 Mask ဖြစ်ဖို့ အနည်းဆုံး လိုပါတယ်။ အဲ့ဒီမှာ 0.3 micron ရှိတဲ့ အမှုန်တွေကို ၉၅% ကာကွယ်နိုင်ဖို့လိုပါတယ်။ Particle Filtration Efficiency (PFE) 95% လို့လဲ ခေါ်ပါတယ်။ဒါပေမယ့် အခုလက်ရှိ 3 Ply Mask တစ်ခု ၂၅၀ တို့ဘာတို့ ဈေးကွက် ထဲရောင်းနေတဲ့ဟာတွေကို ယူပြီး တရုတ်က Lab မှာ စစ်ကြည့်တဲ့အခါ PFE 46.6% ပဲရှိပါတယ်။

ဆိုလိုရင်း ကတော့ ဈေးပေါတာကို စက်ရုံကိုမှာတာမို့ စက်ရုံ က meltblown non-woven fabric ကို ပိုပါးအောင်လုပ်ပြီး ထုတ်ပေးလိုက်တာပါ။ဟိုးအရင်တုန်းကလဲ တရုတ်စက်ရုံတွေ လုပ်လေ့ရှိပါတယ်။ Amoxicillin ကိုတောင် တစ်လုံး ၁၀-၂၀ လောက်နဲ့ ရအောင် မြန်မာနိုင်ငံကိုသွင်းလာတဲ့ ကုန်သည်တွေရှိပါတယ်၊ ဆေးတောင့်အထဲမှာ ဂျုံမှုန့်ပဲ ပါပါတယ်၊ ဘာမှ ဆေးအာနိသင်မှ မပါပါဘူး။ ဆေးတက္ကသိုလ်တက်တုန်းက ဆရာတွေပြောပြဖူး လို့သိရတာပါ။ ဈေးကွက်ထဲမှာ ဒါမျိုးတွေအများကြီးပါ။

နောက်ပိုင်း တရုတ်က ပစ္စည်းမှာတော့လဲ လက်တွေ့သိ လာရတာပါ၊ သူတို့ရဲ့ Minimum Order Quantity (MOQ) ကိုမှီအောင်မှာမယ်ဆို ကွာလတီကိုလိုချင်သလောက် လျှော့ခိုင်းတိုးခိုင်း စိတ်ကြိုက်လုပ်ခိုင်းလို့ရပါတယ်။ တံဆိပ်ကတော့ တူတူပါပဲ။ တရုတ်စက်ရုံအများစုက Branding နဲ့သွားတာ မဟုတ်ဘဲ OEM ပုံစံနဲ့သွားတာမို့ပါ။ ထုတ်ရုံပဲထုတ်ပေးပြီး ကြိုက်တဲ့တံဆိပ် စိတ်ကြိုက်ရိုက်ပေးတာပါ။

အခု Mask ကိစ္စမှာလဲ တကမ္ဘာလုံးမှာ ပြဿနာတက် သွားတာ ဒါကြောင့်ပါ။Meltblown Non-Woven ရဲ့ မူရင်းကုန်ကြမ်းဟာ တစ်တန်ဈေး နဲ့တွက်ပါတယ်။ ဒီတော့ ဥပမာပေးရရင် – ပုံမှန် တစ်တန်ကို အခု ၁ သိန်းထွက်ရင် ၂ ဆပိုပြီးပါးလိုက်ရင် အခု ၂ သိန်းရမှာပါ။ ၃၀၀ တန်ကို ၂၀၀ နဲ့လိုချင်ရင် သုံးပုံတစ်ပုံ ပိုပြီးပါးလိုက်ရုံပါပဲ။ ဒီလိုပိုပါးလိုက်ခြင်းဟာ မျက်လုံးနဲ့ကြည့်ရင် မသိနိုင်ပါဘူး။ ဒါကို စမ်းနိုင်တဲ့ ဓါတ်ခွဲခန်းကိုပို့ပြီး စမ်းသပ်မှ သိမှာပါ။

တစ်ချို့ဆိုင်တွေဆို လည်ပါတယ်။ Quality-A ဆို ၄၀၀၊ Quality-B ဆို ၃၀၀၊ Quality C ဆို ၂၅၀ စသဖြင့် ခွဲရောင်း ပါတယ်။ ဈေးပေါတာကြိုက်တဲ့သူအတွက်လဲ ဈေးပေါတာ၊ ဈေးကြီးတာကြိုက်တဲ့သူအတွက်လဲ ဈေးကြီးတာ စသဖြင့်ပါ။မြန်မာအခေါ် ၃ လွှာအထူ၊ ၃ လွှာအပါး စသဖြင့် ခေါ်ချင် တိုင်းခေါ်နေကြတာပါ၊ ဘယ်လောက်ထူတယ် ဘယ်လောက် ပါးတယ် စစ်နိုင်စွမ်း ကျွန်တော်တို့ဆီမှာ ရှိမရှိ မသိပါဘူး။ (မရှိဘူးလို့ထင်ပါတယ်)

ဒါကြောင့် 3 ply ဖြစ်ပြီးရော ကောင်းမယ် လုံခြုံမယ် လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ Surgical Mask လို့ပြောတိုင်းလဲ ကောင်းမယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ တကယ်ကို နားလည်ပြီး မှန်မှန်ကန်ကန်သွင်းရောင်းတဲ့ဆိုင်တို့ ကုမ္ပဏီတို့ ဖြစ်ဖို့ပဲလိုပါတယ်။

ဒါပေမယ့် အဲ့လိုကုမ္ပဏီတွေလဲ မခံနိုင်တော့ပါဘူး။ ပေါပေ့ ဆိုတာတွေ သွင်းလာတဲ့နောက်မှာ ဈေးတွေကျနေတာကို မင်းတို့က အမြတ်ကြီးစားတာလားဆိုတာရဲ့နောက်မှာ အကုန်ဈေးပေါဖို့ပဲ အာရုံစိုက်လာရတော့တာပါ၊ မရောင်းရဘဲနဲ့တော့ ဘယ်သူမှ မရှင်သန်နိုင်ပါဘူး။လက်ရှိကို တကယ့် Surgical Mask အစစ်တွေ Grade အမြင့်တွေဟာ ဈေးအရမ်းကျ မလာသေးပါဘူး။ တရုတ်စက်ရုံတွေကို လှမ်းမေးကြည့်ရင်သိပါတယ်။ ဈေးအပေါဆုံးလို့မမေးဘဲ ကွာလတီပြည့်တဲ့ပစ္စည်းလို့မေးဖို့တော့လိုပါတယ်။

မြန်မာနိုင်ငံမှာကို လက်ရှိ ၅၀၀ ၆၀၀ ရောင်းနေတဲ့ပစ္စည်းတွေရှိပါတယ်။ ဈေးတင်ရိုက်တာ မဟုတ်ပါဘူး ကွာလတီကို ကွာတာပါ။ တကယ်တန်း လူနာနဲ့ တိုက်ရိုက်ထိတွေ့ရမယ့် ဆရာဝန်တွေအတွက်တော့ လက်လီရောင်းဈေး ၂၀၀ တန် ၃၀၀ တန်ကို မသုံးသင့်ဘူးလို့ပဲ ကျွန်တော်ကတော့ ယူဆပါတယ်။

ဒါပေမယ့် ဝမ်းနည်းစရာက ဆေးရုံတွေတောင် ဈေးသက်သာ တာတွေပဲ မှာသုံးနေကြပြီလို့ကြားမိတာပါပဲ။ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့လဲ (FDA အနေနဲ့) ရောင်းနေတဲ့ဆေးပစ္စည်းတွေရဲ့ စိတ်ချရမှုကို ဈေးကွက်ထဲမှာ Random Test လုပ်သင့်ပါတယ်။ ရွေးချယ် တာတော့ ဝယ်သူ တစ်ယောက်ချင်းစီရဲ့ သဘောပါ။ကျွန်တော်အနေနဲ့တော့ ဈေးကွက်ထဲမှာဖြစ်နေတာတွေကို အသိရှိအောင်၊ Mask တွေရဲ့ နည်းပညာ အခြေခံကိုသိအောင် ပြောပြတာပါ။

ဒေါက်တာကျော်ကျော်စိုင်း (M.B.,B.S. IM1)

Zawgyi Version

သူငယ္ခ်င္းတို႔ အနီးအနားမွာ ယခင္က Mask တစ္ခု ၄၀၀ က်ပ္ေလာက္နဲ႔ ဝယ္ရၿပီးေတာ့အခုခ်ိန္မွာ ၁၅၀ က်ပ္ေလာက္ ျဖစ္သြားတာကို ေတြ႕ရပါမယ္ေနာ္။ အဲ့တာဟာ ဘာေၾကာင့္ ေဈးေတြ က်သြားတာလဲဆိုတာကို ေဒါက္တာက ရွင္းျပထားတာေလးပါ။ ဖတ္ၾကည့္ပါ ဗဟုသုတ ရပါတယ္။

Mask ေဈးေတြ မတရား က်လာတာနဲ႔အမွ် ပစၥည္း အမွန္ေရာင္းသူေတြ ေနရာမရေတာ့ဘဲ ေဈးေပါၿပီးေရာ ဆိုတာေတြ ေနရာရ လာတာေၾကာင့္ ဒီစာကို ေရးပါတယ္။သာမာန္ လူေတြက Technical Detail မသိၾက တာေၾကာင့္တစ္ပိုင္း၊ သိရင္ေတာင္ ျမန္မာႏိုင္ငံမွာ စစ္လို႔မရတာေၾကာင့္ တစ္ပိုင္း မို႔လို႔ ျဖစ္တာဆိုေတာ့ ဝယ္တဲ့သူေတြအျပစ္မဟုတ္ပါဘူး၊ ေဈးကြက္ထဲက ပစၥည္းေတြကို လိုက္မစစ္ႏိုင္တဲ့ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လိုအပ္ခ်က္လို႔ ယူဆပါတယ္။

Surgical Mask ျဖစ္ဖို႔က ASTM Level 1 Mask ျဖစ္ဖို႔ အနည္းဆုံး လိုပါတယ္။ အဲ့ဒီမွာ 0.3 micron ရွိတဲ့ အမႈန္ေတြကို ၉၅% ကာကြယ္ႏိုင္ဖို႔လိုပါတယ္။ Particle Filtration Efficiency (PFE) 95% လို႔လဲ ေခၚပါတယ္။ဒါေပမယ့္ အခုလက္ရွိ 3 Ply Mask တစ္ခု ၂၅၀ တို႔ဘာတို႔ ေဈးကြက္ ထဲေရာင္းေနတဲ့ဟာေတြကို ယူၿပီး တ႐ုတ္က Lab မွာ စစ္ၾကည့္တဲ့အခါ PFE 46.6% ပဲရွိပါတယ္။

ဆိုလိုရင္း ကေတာ့ ေဈးေပါတာကို စက္႐ုံကိုမွာတာမို႔ စက္႐ုံ က meltblown non-woven fabric ကို ပိုပါးေအာင္လုပ္ၿပီး ထုတ္ေပးလိုက္တာပါ။ဟိုးအရင္တုန္းကလဲ တ႐ုတ္စက္႐ုံေတြ လုပ္ေလ့ရွိပါတယ္။ Amoxicillin ကိုေတာင္ တစ္လုံး ၁၀-၂၀ ေလာက္နဲ႔ ရေအာင္ ျမန္မာႏိုင္ငံကိုသြင္းလာတဲ့ ကုန္သည္ေတြရွိပါတယ္၊ ေဆးေတာင့္အထဲမွာ ဂ်ဳံမႈန႔္ပဲ ပါပါတယ္၊ ဘာမွ ေဆးအာနိသင္မွ မပါပါဘူး။ ေဆးတကၠသိုလ္တက္တုန္းက ဆရာေတြေျပာျပဖူး လို႔သိရတာပါ။ ေဈးကြက္ထဲမွာ ဒါမ်ိဳးေတြအမ်ားႀကီးပါ။

ေနာက္ပိုင္း တ႐ုတ္က ပစၥည္းမွာေတာ့လဲ လက္ေတြ႕သိ လာရတာပါ၊ သူတို႔ရဲ႕ Minimum Order Quantity (MOQ) ကိုမွီေအာင္မွာမယ္ဆို ကြာလတီကိုလိုခ်င္သေလာက္ ေလွ်ာ့ခိုင္းတိုးခိုင္း စိတ္ႀကိဳက္လုပ္ခိုင္းလို႔ရပါတယ္။ တံဆိပ္ကေတာ့ တူတူပါပဲ။ တ႐ုတ္စက္႐ုံအမ်ားစုက Branding နဲ႔သြားတာ မဟုတ္ဘဲ OEM ပုံစံနဲ႔သြားတာမို႔ပါ။ ထုတ္႐ုံပဲထုတ္ေပးၿပီး ႀကိဳက္တဲ့တံဆိပ္ စိတ္ႀကိဳက္႐ိုက္ေပးတာပါ။

အခု Mask ကိစၥမွာလဲ တကမာၻလုံးမွာ ျပႆနာတက္ သြားတာ ဒါေၾကာင့္ပါ။Meltblown Non-Woven ရဲ႕ မူရင္းကုန္ၾကမ္းဟာ တစ္တန္ေဈး နဲ႔တြက္ပါတယ္။ ဒီေတာ့ ဥပမာေပးရရင္ – ပုံမွန္ တစ္တန္ကို အခု ၁ သိန္းထြက္ရင္ ၂ ဆပိုၿပီးပါးလိုက္ရင္ အခု ၂ သိန္းရမွာပါ။ ၃၀၀ တန္ကို ၂၀၀ နဲ႔လိုခ်င္ရင္ သုံးပုံတစ္ပုံ ပိုၿပီးပါးလိုက္႐ုံပါပဲ။ ဒီလိုပိုပါးလိုက္ျခင္းဟာ မ်က္လုံးနဲ႔ၾကည့္ရင္ မသိႏိုင္ပါဘူး။ ဒါကို စမ္းႏိုင္တဲ့ ဓါတ္ခြဲခန္းကိုပို႔ၿပီး စမ္းသပ္မွ သိမွာပါ။

တစ္ခ်ိဳ႕ဆိုင္ေတြဆို လည္ပါတယ္။ Quality-A ဆို ၄၀၀၊ Quality-B ဆို ၃၀၀၊ Quality C ဆို ၂၅၀ စသျဖင့္ ခြဲေရာင္း ပါတယ္။ ေဈးေပါတာႀကိဳက္တဲ့သူအတြက္လဲ ေဈးေပါတာ၊ ေဈးႀကီးတာႀကိဳက္တဲ့သူအတြက္လဲ ေဈးႀကီးတာ စသျဖင့္ပါ။ျမန္မာအေခၚ ၃ လႊာအထူ၊ ၃ လႊာအပါး စသျဖင့္ ေခၚခ်င္ တိုင္းေခၚေနၾကတာပါ၊ ဘယ္ေလာက္ထူတယ္ ဘယ္ေလာက္ ပါးတယ္ စစ္ႏိုင္စြမ္း ကြၽန္ေတာ္တို႔ဆီမွာ ရွိမရွိ မသိပါဘူး။ (မရွိဘူးလို႔ထင္ပါတယ္)

ဒါေၾကာင့္ 3 ply ျဖစ္ၿပီးေရာ ေကာင္းမယ္ လုံၿခဳံမယ္ လို႔ ဘယ္သူမွ အာမမခံႏိုင္ပါဘူး။ Surgical Mask လို႔ေျပာတိုင္းလဲ ေကာင္းမယ္လို႔ ဘယ္သူမွ အာမမခံႏိုင္ပါဘူး။ တကယ္ကို နားလည္ၿပီး မွန္မွန္ကန္ကန္သြင္းေရာင္းတဲ့ဆိုင္တို႔ ကုမၸဏီတို႔ ျဖစ္ဖို႔ပဲလိုပါတယ္။

ဒါေပမယ့္ အဲ့လိုကုမၸဏီေတြလဲ မခံႏိုင္ေတာ့ပါဘူး။ ေပါေပ့ ဆိုတာေတြ သြင္းလာတဲ့ေနာက္မွာ ေဈးေတြက်ေနတာကို မင္းတို႔က အျမတ္ႀကီးစားတာလားဆိုတာရဲ႕ေနာက္မွာ အကုန္ေဈးေပါဖို႔ပဲ အာ႐ုံစိုက္လာရေတာ့တာပါ၊ မေရာင္းရဘဲနဲ႔ေတာ့ ဘယ္သူမွ မရွင္သန္ႏိုင္ပါဘူး။လက္ရွိကို တကယ့္ Surgical Mask အစစ္ေတြ Grade အျမင့္ေတြဟာ ေဈးအရမ္းက် မလာေသးပါဘူး။ တ႐ုတ္စက္႐ုံေတြကို လွမ္းေမးၾကည့္ရင္သိပါတယ္။ ေဈးအေပါဆုံးလို႔မေမးဘဲ ကြာလတီျပည့္တဲ့ပစၥည္းလို႔ေမးဖို႔ေတာ့လိုပါတယ္။

ျမန္မာႏိုင္ငံမွာကို လက္ရွိ ၅၀၀ ၆၀၀ ေရာင္းေနတဲ့ပစၥည္းေတြရွိပါတယ္။ ေဈးတင္႐ိုက္တာ မဟုတ္ပါဘူး ကြာလတီကို ကြာတာပါ။ တကယ္တန္း လူနာနဲ႔ တိုက္႐ိုက္ထိေတြ႕ရမယ့္ ဆရာဝန္ေတြအတြက္ေတာ့ လက္လီေရာင္းေဈး ၂၀၀ တန္ ၃၀၀ တန္ကို မသုံးသင့္ဘူးလို႔ပဲ ကြၽန္ေတာ္ကေတာ့ ယူဆပါတယ္။

ဒါေပမယ့္ ဝမ္းနည္းစရာက ေဆး႐ုံေတြေတာင္ ေဈးသက္သာ တာေတြပဲ မွာသုံးေနၾကၿပီလို႔ၾကားမိတာပါပဲ။က်န္းမာေရးဝန္ႀကီးဌာန အေနနဲ႔လဲ (FDA အေနနဲ႔) ေရာင္းေနတဲ့ေဆးပစၥည္းေတြရဲ႕ စိတ္ခ်ရမႈကို ေဈးကြက္ထဲမွာ Random Test လုပ္သင့္ပါတယ္။ ေ႐ြးခ်ယ္ တာေတာ့ ဝယ္သူ တစ္ေယာက္ခ်င္းစီရဲ႕ သေဘာပါ။ကြၽန္ေတာ္အေနနဲ႔ေတာ့ ေဈးကြက္ထဲမွာျဖစ္ေနတာေတြကို အသိရွိေအာင္၊ Mask ေတြရဲ႕ နည္းပညာ အေျခခံကိုသိေအာင္ ေျပာျပတာပါ။

ေဒါက္တာေက်ာ္ေက်ာ္စိုင္း (M.B.,B.S. IM1)

Add a Comment

Your email address will not be published. Required fields are marked *