တိုက်ပွဲနယ်မြေကနေ ၄၅ နှစ်ကြာမှ အိမ်ပြန်ရောက်ခဲ့တဲ့ ဗိုလ်မှူး သီဟသူရ ကျင်စံ

Sharing is caring!

အိမ်မက်မဟုတ်ခဲ့။ မြန်မာစကားပုံမှာ သေသောသူကြာရင်မေ့၊ ပျောက်သောသူရှာရင်တွေ့။ အခုတော့ ၁၉၇၅ခုနှစ်၊ဇန်နဝါရီလ(၂၅)ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း ပွိုင့်၆၃၀၃မှာ ဒဏ်ရာရပြီး ပွိုင့်၆၆၁၄မှာ ကျဆုံးခဲ့တဲ့ ဗိုလ်မှူး သီဟသူရ ကျင်စံ ကို သူ့သမီး ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါ်စမ်းစမ်းမာက ရှာတွေ့သွားပြီ။

ကျိုင်းတုံသက္ကသိုလ်ကို ရာထူးတိုးနဲ့ ပြောင်းလာခဲ့ရတော့ နှစ်ပေါင်း ၄၅နှစ်တိုင်တိုင် အိမ်ကိုပြန်မလာနိုင်ခဲ့ဘဲ တောကြီးမျက်မည်းမှာ အထီးကျန်ခဲ့ရတဲ့ဖခင်ကို ရှာဖွေဖို့ မက်ခဲ့တဲ့အိမ်မက် အကောင်အထည်ဖော်တော့မယ်ဆိုပြီး ဝမ်းသာခဲ့ရ။ဖခင်ကို ပြန်မခေါ်နိုင်မချင်း ဘယ်မှမပြောင်းဆိုပြီး ရောက်ကတည်းက ၄နှစ်ကျော် ရှာခဲ့ပေမဲ့ နီးရက်နဲ့ ဝေးခဲ့ရ။ Covidကာလမှာ တာဝန်ကတစ်ဖက်၊ ပြည်တော်ပြန်တွေကို ချက်ကျွေးဖို့ ပရဟိတတာဝန်ကို သူ့တက္ကသိုလ်က ဆရာ/ဆရာမ၊ဝန်ထမ်းတွေနဲ့တာဝန်ယူပြီး ဖခင်သတင်း နားစွင့်နေခဲ့ရရှာတယ်။

တစ်နေ့မှာ ကျိုင်းတုံမြို့ ပြည်နယ်အားကစားကွင်းကြီးမှာ ရောက်လာမဲ့ ပြည်တော်ပြန်တွေကိုစောင့်ရင်း သူ့ဖခင်သတင်းလေးများ သိရမလား ရင်ဖွင့်မိလိုက်တယ်။ မေးပါများစကားရ၊ သွားပါများ ခရီးရောက်ဆိုသလို ပြည်တော်ပြန်တွေအတွက် မော်တော်ယာဉ်စီစဉ်ပေးရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ ယကကအတွင်းရေးမှူး ဦးခင်မောင်တင့် ကြားလိုက်ရတော့ မိုင်းပျဉ်းမှာ တာဝန်ထမ်းဆောင်စဉ် ကြားဖူးတာရော၊ ရဲဘော်ရဲဘက်စိတ် အပြည့်ရှိတာရော၊ လေးစားရတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်နေတာရော၊ အထူးသဖြင့် နှစ်ပေါင်း ၄၅နှစ်တိုင်အောင် မမေ့မလျော့ဘဲ ဖခင်ကို ရင်ထဲမှာ ပွေ့ဖက်ထားနိုင်ခဲ့တဲ့ သမီးဖြစ်သူကို လေးစားသောအားဖြင့် မိုင်းပျဉ်းက ရဲဘာ်ရဲဘက် ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်တိုးကို ဖုန်းဆက်လိုက် အကူအညီ တောင်းပါတော့တယ်။

ဒီနေရာမှာ ပြောချင်တာက ကိုယ်ကသာ မလျော့သော ဇွဲလုံ့လနဲ့ စိတ်အားထက်သန်မယ်၊ ရဲဘော်ရဲဘက်စိတ် အပြည့်အဝရှိသူတွေနဲ့ အခုလို ဆုံကြရမယ်ဆိုရင် ရည်မှန်းချက်ကို ရောက်နိုင်တာပါပဲ။ ဦးမောင်တိုးဆိုရင်လည်း ဦးခင်မောင်တင့် အကူအညီ တောင်းခံမှုရယ်၊ တောင်ကြောတစ်လျှောက် သွားလာစဉ်မှာ အမြဲတန်းတွေ့နေရပြီး ဂုဏ်ယူစွာ အလေးပြုခဲ့ရတဲ့ ကျောက်တိုင်လေးရယ်ကို ပိတိဖြစ်စွာနဲ့ ခရီးကြမ်း မမောတမ်း သွားရောက်ခဲ့လေရဲ့။

ဒီကျောက်တိုင်လေးကို ကျဆုံးစဉ်က စိုက်ထူခဲ့တာမဟုတ်၊ ကျဆုံးပြီး နောက်တစ်နှစ်ဖြစ်တဲ့ ၁၉၇၆ခုနှစ်၊ဇန်နဝါလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ နိုင်ငံတော်ပြန်တမ်းနဲ့ သီဟသူရဘွဲ့ကို ပေးတာဆိုတော့ ကျဆုံးပြီးနောက်မှာမှ သစ္စာရှိတဲ့၊လေးစားကြတဲ့၊ကြည်ညိုကြတဲ့ ရဲဘော်ရဲဘက်တွေ နောက်တစ်ခါလာပြီး မှတ်မှတ်ရရ စိုက်ထူပေးခဲ့တာဖြစ်မယ်။

အော် ကျောက်တိုင်လေးရယ်၊ဖခင်ကိုချစ်တဲ့ သမီးရယ်၊ ကျိုင်းတုံမြို့မိမြို့ဖ ဦးခင်မောင်တင့်ရယ်၊ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်တိုးရယ်က ဗိုလ်မှူး သီဟသူရ ကျင်စံ ရဲ့ အလိုတော်အရ ဆုံဆည်းမှုရယ်လား မသိနိုင်တော့ပြီ။ အခုမှာတော့ ကျဆုံးလေပြီးသော ဗိုလ်မှူး သီဟသူရ ကျင်စံရဲ့ တောကြီးမျက်မည်း ပွိုင့် ၆၆၁၄က ကျောက်တိုင်လေးအစား ခန်းနားတဲ့ဗိမာန် လုပ်နေပြီဆိုတာရယ်၊ ၂၀၂၁ခုနှစ်၊ဇန်နဝါရီလ ၂၅ ရက်နေ့မှာ တပ်မတော်အခန်းအနားနဲ့ ဂုဏ်ပြုသင်းဂြိုလ်မှာကို သိလိုက်ရတော့ စစ်သူရဲကောင်းတွေကို ဘယ်သူမှ မမေ့ကြပါဘူးဆိုတာ ယုံကြည်ရင်း၊ ကျေးဇူးတင်ထိုက်သူအားလုံးကို လေးစားလျှက်

ဆရာပိုင်

Zawgyi Version

အိမ္မက္မဟုတ္ခဲ့။ ျမန္မာစကားပုံမွာ ေသေသာသူၾကာရင္ေမ့၊ ေပ်ာက္ေသာသူရွာရင္ေတြ႕။ အခုေတာ့ ၁၉၇၅ခုႏွစ္၊ဇန္နဝါရီလ(၂၅)ရက္ေန႔က ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းပ်ဥ္းၿမိဳ႕နယ္အတြင္း ပြိဳင့္၆၃၀၃မွာ ဒဏ္ရာရၿပီး ပြိဳင့္၆၆၁၄မွာ က်ဆုံးခဲ့တဲ့ ဗိုလ္မႉး သီဟသူရ က်င္စံ ကို သူ႔သမီး က်ိဳင္းတုံတကၠသိုလ္ပါေမာကၡခ်ဳပ္ ေဒၚစမ္းစမ္းမာက ရွာေတြ႕သြားၿပီ။

က်ိဳင္းတုံသကၠသိုလ္ကို ရာထူးတိုးနဲ႔ ေျပာင္းလာခဲ့ရေတာ့ ႏွစ္ေပါင္း ၄၅ႏွစ္တိုင္တိုင္ အိမ္ကိုျပန္မလာႏိုင္ခဲ့ဘဲ ေတာႀကီးမ်က္မည္းမွာ အထီးက်န္ခဲ့ရတဲ့ဖခင္ကို ရွာေဖြဖို႔ မက္ခဲ့တဲ့အိမ္မက္ အေကာင္အထည္ေဖာ္ေတာ့မယ္ဆိုၿပီး ဝမ္းသာခဲ့ရ။ဖခင္ကို ျပန္မေခၚႏိုင္မခ်င္း ဘယ္မွမေျပာင္းဆိုၿပီး ေရာက္ကတည္းက ၄ႏွစ္ေက်ာ္ ရွာခဲ့ေပမဲ့ နီးရက္နဲ႔ ေဝးခဲ့ရ။ Covidကာလမွာ တာဝန္ကတစ္ဖက္၊ ျပည္ေတာ္ျပန္ေတြကို ခ်က္ေကြၽးဖို႔ ပရဟိတတာဝန္ကို သူ႔တကၠသိုလ္က ဆရာ/ဆရာမ၊ဝန္ထမ္းေတြနဲ႔တာဝန္ယူၿပီး ဖခင္သတင္း နားစြင့္ေနခဲ့ရရွာတယ္။

တစ္ေန႔မွာ က်ိဳင္းတုံၿမိဳ႕ ျပည္နယ္အားကစားကြင္းႀကီးမွာ ေရာက္လာမဲ့ ျပည္ေတာ္ျပန္ေတြကိုေစာင့္ရင္း သူ႔ဖခင္သတင္းေလးမ်ား သိရမလား ရင္ဖြင့္မိလိုက္တယ္။ ေမးပါမ်ားစကားရ၊ သြားပါမ်ား ခရီးေရာက္ဆိုသလို ျပည္ေတာ္ျပန္ေတြအတြက္ ေမာ္ေတာ္ယာဥ္စီစဥ္ေပးေရးမွာ ပါဝင္ေဆာင္႐ြက္ေနတဲ့ ယကကအတြင္းေရးမႉး ဦးခင္ေမာင္တင့္ ၾကားလိုက္ရေတာ့ မိုင္းပ်ဥ္းမွာ တာဝန္ထမ္းေဆာင္စဥ္ ၾကားဖူးတာေရာ၊ ရဲေဘာ္ရဲဘက္စိတ္ အျပည့္ရွိတာေရာ၊ ေလးစားရတဲ့ သူရဲေကာင္းတစ္ေယာက္ ျဖစ္ေနတာေရာ၊ အထူးသျဖင့္ ႏွစ္ေပါင္း ၄၅ႏွစ္တိုင္ေအာင္ မေမ့မေလ်ာ့ဘဲ ဖခင္ကို ရင္ထဲမွာ ေပြ႕ဖက္ထားႏိုင္ခဲ့တဲ့ သမီးျဖစ္သူကို ေလးစားေသာအားျဖင့္ မိုင္းပ်ဥ္းက ရဲဘာ္ရဲဘက္ ျပည္သူ႔စစ္ေခါင္းေဆာင္ ဦးေမာင္တိုးကို ဖုန္းဆက္လိုက္ အကူအညီ ေတာင္းပါေတာ့တယ္။

ဒီေနရာမွာ ေျပာခ်င္တာက ကိုယ္ကသာ မေလ်ာ့ေသာ ဇြဲလုံ႔လနဲ႔ စိတ္အားထက္သန္မယ္၊ ရဲေဘာ္ရဲဘက္စိတ္ အျပည့္အဝရွိသူေတြနဲ႔ အခုလို ဆုံၾကရမယ္ဆိုရင္ ရည္မွန္းခ်က္ကို ေရာက္ႏိုင္တာပါပဲ။ ဦးေမာင္တိုးဆိုရင္လည္း ဦးခင္ေမာင္တင့္ အကူအညီ ေတာင္းခံမႈရယ္၊ ေတာင္ေၾကာတစ္ေလွ်ာက္ သြားလာစဥ္မွာ အၿမဲတန္းေတြ႕ေနရၿပီး ဂုဏ္ယူစြာ အေလးျပဳခဲ့ရတဲ့ ေက်ာက္တိုင္ေလးရယ္ကို ပိတိျဖစ္စြာနဲ႔ ခရီးၾကမ္း မေမာတမ္း သြားေရာက္ခဲ့ေလရဲ႕။

ဒီေက်ာက္တိုင္ေလးကို က်ဆုံးစဥ္က စိုက္ထူခဲ့တာမဟုတ္၊ က်ဆုံးၿပီး ေနာက္တစ္ႏွစ္ျဖစ္တဲ့ ၁၉၇၆ခုႏွစ္၊ဇန္နဝါလ ၄ ရက္ေန႔ လြတ္လပ္ေရးေန႔မွာ ႏိုင္ငံေတာ္ျပန္တမ္းနဲ႔ သီဟသူရဘြဲ႕ကို ေပးတာဆိုေတာ့ က်ဆုံးၿပီးေနာက္မွာမွ သစၥာရွိတဲ့၊ေလးစားၾကတဲ့၊ၾကည္ညိဳၾကတဲ့ ရဲေဘာ္ရဲဘက္ေတြ ေနာက္တစ္ခါလာၿပီး မွတ္မွတ္ရရ စိုက္ထူေပးခဲ့တာျဖစ္မယ္။

ေအာ္ ေက်ာက္တိုင္ေလးရယ္၊ဖခင္ကိုခ်စ္တဲ့ သမီးရယ္၊ က်ိဳင္းတုံၿမိဳ႕မိၿမိဳ႕ဖ ဦးခင္ေမာင္တင့္ရယ္၊ ျပည္သူ႔စစ္ေခါင္းေဆာင္ ဦးေမာင္တိုးရယ္က ဗိုလ္မႉး သီဟသူရ က်င္စံ ရဲ႕ အလိုေတာ္အရ ဆုံဆည္းမႈရယ္လား မသိႏိုင္ေတာ့ၿပီ။ အခုမွာေတာ့ က်ဆုံးေလၿပီးေသာ ဗိုလ္မႉး သီဟသူရ က်င္စံရဲ႕ ေတာႀကီးမ်က္မည္း ပြိဳင့္ ၆၆၁၄က ေက်ာက္တိုင္ေလးအစား ခန္းနားတဲ့ဗိမာန္ လုပ္ေနၿပီဆိုတာရယ္၊ ၂၀၂၁ခုႏွစ္၊ဇန္နဝါရီလ ၂၅ ရက္ေန႔မွာ တပ္မေတာ္အခန္းအနားနဲ႔ ဂုဏ္ျပဳသင္းၿဂိဳလ္မွာကို သိလိုက္ရေတာ့ စစ္သူရဲေကာင္းေတြကို ဘယ္သူမွ မေမ့ၾကပါဘူးဆိုတာ ယုံၾကည္ရင္း၊ ေက်းဇူးတင္ထိုက္သူအားလုံးကို ေလးစားလွ်က္

ဆရာပိုင္

Add a Comment

Your email address will not be published. Required fields are marked *