ကိုဗစ် ကုသဆေးကို ဒေါ်လာ သန်း ၃၀ ဖိုး ဝယ်လိုက်တဲ့ အမေရိကန်

Sharing is caring!

ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်အစိုးရအနေနဲ့ လက်ရှိအချိန်မှာ စမ်းသပ်မှုပြုလုပ်နေပြီး အောက်တိုဘာလမှာ အစောဆုံး ရရှိနိုင်မယ်လို့ ခန့်မှန်းထားတဲ့ AstraZeneca နဲ့ အောက်စ်ဖိုဒ့်တ္ကသိုလ်တို့ ပူးပေါင်းပြုလုပ်နေတဲ့ ကိုဗစ်ရောဂါ ကုသဆေးဝါး သန်း ၃၀၀ ခန့်ကို ကြိုတင်မှာယူထားတယ်လို့ ကြာသာပတေးနေ့က အမေရိကန် ကျန်းမာရေးနဲ့လူအရင်းအမြစ်ဌာနက ပြောဆိုလိုက်ပါတယ်။

အဆိုပါ ဆေးဝါးကို AstraZeneca ကုမ္ပဏီ နဲ့စာချုပ်ချုပ်ဆို ထုတ်လုပ်စမ်းသပ်နေတာဖြစ်ပြီးတော့ အကျိုးအာနိသင် စိတ်ချရဖို့ မျှော်လင့်နေပြီး ၂၀၂၁ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်လိမ့်မည်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံဟာ လက်ရှိအချိန်မှာ ကိုဗစ်ဒဏ်ကို အဆိုးရွားဆုံး ထိခိုက်ခံစားနေရပြီး ကူးစက်မှု စုစုပေါင်း ၁.၅ သန်းနဲ့ သေဆုံးသူ ၉၃,၀၀၀ ကျော်ရှိတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ကထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

ကမ္ဘာတစ်ဝန်းမှာတော့ လူပေါင်း ၅ သန်းကျော် ကူးစက်ခံရပြီးဖြစ်ကာ သေဆုံးသူစုစုပေါင်းကတော့ ၃၂၉,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။ အမေရိကန်က ကူးစက်မှုအများဆုံးနဲ့ သေဆုံးမှုအများဆုံးနိုင်ငံဖြစ်ပြီး ၎င်းရဲ့နောက်မှာတော့ ရုရှားနဲ့ ဘရာဇီးက ကပ်လိုက်လျက်ရှိပါတယ်။

Zawgyi Version





Add a Comment

Your email address will not be published.