ကျောင်းထိုင်ဘုန်ကြီးနဲ့ ပေါင်းသင်းနေထိုင်တဲ့ ကျောင်းအုပ်ဆရာမက မကျေနပ်လို့ အမှုဖွင့်
Sharing is caring!
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ (၈)ရပ်ကွက်၊ ညောင်ဝိုင်းကျောင်းတိုက်မှ ကျောင်းထိုင်ဘုန်းကြီးက အသက် (၂၉) ) နှစ်အရွယ် အမျိုးသမီး နှင့် အသက် (၅) နှစ်အရွယ် ကလေးငယ်သားအမိ နှစ်ဦးလုံးကို ပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။
အမှတ် (၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစန်းမောင်က လောလောဆယ် ရဲစခန်းမှာပဲ အမှုဖွင့် စစ်ဆေးနေသေးကြောင်း၊ ဘုန်းကြီးက သူ့ကိုလည်း ပြုကျင့်တယ်၊ သူ့သမီးလေးကိုလည်း ပြုကျင့်တယ်လို့ အသက် (၂၉) နှစ်အရွယ် အမျိုးသမီးက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
အသက် (၄၂) ) နှစ် အရွယ် ကျောင်းထိုင်ဘုန်းကြီးသည် ညောင်ဝိုင်းကျောင်းတွင် ဖွင့်လှစ်ထားတဲ့ ဘုန်းတော်ကြီးသင်ပညာရေး (ဘက) ကျောင်းမှ အသက် (၂၉) ) နှစ် အရွယ် တာဝန်ခံကျောင်းအုပ်ဆရာမ နှင့် သမီးဖြစ်သူ အသက် (၅) ) နှစ် အရွယ် မိန်းကလေးငယ်တို့ကို ဧပြီလ ၂၇ ရက်နေ့က ပြုကျင့်ခဲ့တယ်လို့ ကျောင်းအုပ်ဆရာမက မတ်လ ၂၄ရက်နေ့က သာကေတနယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရပါတယ်။သာကေတမြို့နယ် ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးအောင်ငြိမ်းကျော်က “ကျွန်တော်သိသလောက်တော့ စာသင်ပေးနေတော့ ဆရာတော်နဲ့ ရင်းနှီးသွားပြီး ကျောင်းမှာဘဲနေတယ်။ သူ့ရဲ့ထွက်ချက်မှာတော့ အဲ့မှာ အတူတူနေတယ်လို့သိရတယ်။” လို့ ဆိုပါတယ်။
အသက် (၂၉) ) နှစ် အရွယ် အမျိုးသမီးသည် ၂၀၁၈ခုနှစ်မှစတင်ပြီး လက်ရှိအချိန်ထိ ညောင်ဝိုင်းကျောင်းတိုက်တွင် ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် တာဝန်ခံကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေကာ ကျောင်းထိုင်ဘုန်းကြီးနှင့် ပေါင်းသင်းနေထိုင်နေတာ အတော်ကြာပြီ ဖြစ်တယ်လို့ သိရပါတယ်။
Crd…. T.H via-Aung Zay Phyo
Zawgyi Version
Crd…. T.H via-Aung Zay Phyo
Add a Comment
Your email address will not be published. Required fields are marked *