ဓားလာငှားသူကို လွှတ်ခနဲ ဆဲလိုက်မိသူရဲ့ အဆုံးသတ်

Sharing is caring!

အမှုဖြစ်စဉ်မှာ၂၀.၅.၂၀၂၀ရက်နေ့နံနံက်၇နာရီအချိန်ခန့်တွင်မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်၊သိုတန်ကျေးရွာတွင်လူသတ်မှုဖြစ်ပွားကြောင်းသတင်းရရှိပါတယ်။

မြစ်သားမြို့နယ်ရဲတပ်ဖွဲ့မှူး၊မြစ်သားမြို့မရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များသည်သက်သေများနှင့်တူသွားရောက်စစ်ဆေးခဲ့ရာသေဆုံးသူမှာမအေးအေးအောင်(ခ)မိဘုတ်ကြီး(၂၁)နှစ်ဖြစ်ကြောင်းသိရှိရပြီးမှောက်လျှက်အနေထားဖြင့်လည်ဂုတ်တွင်ပြတ်ရှဒဏ်ရာ(၁)ချက်၊ဝမ်ဗိုက်နှင့်နှံဘေးတို့တွင်ထိုးသွင်းဒဏ်များဖြင့်သေဆုံးနေပြီးသိရှိရပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်၍စုံစမ်းမေးမြန်ခဲ့ရာပြစ်မှုကျူးလွန်သူမှာသော်တာလင်း(၁၉) ) နှစ် သိုးတန်ကျေးရွာနေသူဖြစ်ကြောင်းသိရှိရပြီးမအေးအေးအောင်သည်နေအိမ်တွင်နွားစာအတွက်ထန်းသီးနုများအားတစ်ဦးတည်းဓါးဖြင့်ခုတ်စင်းနေစဉ်သော်တာလင်းမှဓါးဖြင့်ဝင်ရောက်ထိုးခုတ်ခဲ့သဖြင့်ဒဏ်ရာများရရှိသေဆုံးသွားခဲ့ကြောင်းသိရှိရပြီး၎င်းတို့မှာမိသားစုမောင်နှမများကဲ့သို့ခင်မင်ရင်းနှီးသူများဖြစ်ကြောင်းရန်ငြိုးရန်စရှိသူများလည်းမဟုတ်ကြောင်းသိရှိရရပါတယ်။

ေအးအေးအောင်၏ခင်ပွန်းဖြစ်သူနောင်နောင်မှ၎င်း၏ဇနီးဖြစ်သူအားသတ်သွားသူသော်တာလင်းအားဥပဒေအရအရေးယူပေးနိုင်ပါရန်တရားလိုပြုလုပ်တိုင်တန်းသဖြင့်မြစ်သားမြို့မရဲစခန်း(ပ)၁၃၃/၂၀ရာဇသတ်ကြီးပုဒ်မ၃၀၂အရအမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပြီးအခင်းဖြစ်ရပ်စစ်ဆေးခြင်း၊မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊မြေပုံကြမ်းရေးဆွဲခြင်း၊သေဆုံးသူကိုရဲဆေးစာနှင့်အတူပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာတရားလိုနှင့်သက်သေအချို့ကိုစစ်ဆေးခဲ့ပါတယ်။

စစ်ဆေးမှုအရ ပြစ်မုှကျူးလွန်ကာထွက်ပြေးတိမ်းရှောင်နေသောသော်တာလင်းကိုခရိုင်ရဲတပ်ဖွဲ့မုှး၏အနီးကပ်ကွပ်ကဲမုှနှင့်အတူရဲအုပ်အောင်ဇော်မင်းထွန်းနှင့်တပ်ဖွဲ့ဝင်များက၂၄.၅.၂၀၂၀ရက်နံနက်ပိုင်းအချိန်ဖမ်းဆီးရမိကာအမုှနှင့်စစ်ဆေးခဲ့ရာ၎င်းသည်သေဆုံးသူအမျိုးသမီးထံကဓားငှားခဲ့ရာအမျိုးသမီးကဓားပြန်တောင်းခဲ့ကြောင်း၊စကားပြောဆိုမုှအဆင်မပြေသောကြောင့်ကျူးလွန်သူကတစ်ခြားဓားတစ်ချောင်းဆောင်ကာသေဆုံးသူအမျိုးသမီးထံဓားထပ်မံငှားရမ်းခဲ့ရာသေသူအမျိုးသမီးက၎င်းကိုမိမဆုံးမဖမဆုံးမဟုညစ်ညမ်းစွာဆဲဆိုသောကြောင့်စိတ်ဆိုးဒေါသထွက်ကာသတ်ခဲ့မိကြောင်းပေါ်ပေါက်ချက်အရအသေးစိပ်စစ်ဆေးကာပဒေနှင့်အညီတရားစွဲဆိုရန်စီစဉ်နေကြောင်းသိရပါတယ်။

မှုခင်းသတင်း

zawgyi Version




အေးအေးအောင်၏ခင်ပွန်းဖြစ်သူနောင်နောင်မှ၎င်း၏ဇနီးဖြစ်သူအားသတ်သွားသူသော်တာလင်းအားဥပဒေအရအရေးယူပေးနိုင်ပါရန်တရားလိုပြုလုပ်တိုင်တန်းသဖြင့်မြစ်သားမြို့မရဲစခန်း(ပ)၁၃၃/၂၀ရာဇသတ်ကြီးပုဒ်မ၃၀၂အရအမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပြီးအခင်းဖြစ်ရပ်စစ်ဆေးခြင်း၊မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊မြေပုံကြမ်းရေးဆွဲခြင်း၊သေဆုံးသူကိုရဲဆေးစာနှင့်အတူပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာတရားလိုနှင့်သက်သေအချို့ကိုစစ်ဆေးခဲ့ပါတယ်။

စစ်ဆေးမှုအရ ပြစ်မှုကျူးလွန်ကာထွက်ပြေးတိမ်းရှောင်နေသောသော်တာလင်းကိုခရိုင်ရဲတပ်ဖွဲ့မှုး၏အနီးကပ်ကွပ်ကဲမှုနှင့်အတူရဲအုပ်အောင်ဇော်မင်းထွန်းနှင့်တပ်ဖွဲ့ဝင်များက၂၄.၅.၂၀၂၀ရက်နံနက်ပိုင်းအချိန်ဖမ်းဆီးရမိကာအမှုနှင့်စစ်ဆေးခဲ့ရာ၎င်းသည်သေဆုံးသူအမျိုးသမီးထံကဓားငှားခဲ့ရာအမျိုးသမီးကဓားပြန်တောင်းခဲ့ကြောင်း၊စကားပြောဆိုမှုအဆင်မပြေသောကြောင့်ကျူးလွန်သူကတစ်ခြားဓားတစ်ချောင်းဆောင်ကာသေဆုံးသူအမျိုးသမီးထံဓားထပ်မံငှားရမ်းခဲ့ရာသေသူအမျိုးသမီးက၎င်းကိုမိမဆုံးမဖမဆုံးမဟုညစ်ညမ်းစွာဆဲဆိုသောကြောင့်စိတ်ဆိုးဒေါသထွက်ကာသတ်ခဲ့မိကြောင်းပေါ်ပေါက်ချက်အရအသေးစိပ်စစ်ဆေးကာပဒေနှင့်အညီတရားစွဲဆိုရန်စီစဉ်နေကြောင်းသိရပါတယ်။

မှုခင်းသတင်း

Add a Comment

Your email address will not be published. Required fields are marked *