ဗကသ ခေါင်းဆောင်မှ ဦးဖြိုးမင်းသိန်း နှင့် အဖွဲ့ ကို ဥပဒေချိုးဖောက်လို့ ရဲစခန်းကို တိုင်ကြား
|ဗကသ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုသာထက်အောင်က ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဖြစ်သူ ဦးဖြိုးမင်းသိန်း အပါအဝင် ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ နှင့် လူ ၅ဦးထက် ပိုမစုရဆိုသည့် ဥပဒေတားမြစ်ချက်များကို ချိုးဖောက်မှုကြောင့် ရဲစခန်းမှာ အမှုဖွင့်ဖို့ ကြိုးစားနေကြောင်း သိရှိရပါတယ်
ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဟာ အမတော် မြနန်းနွယ် နေရာပြောင်းခြင်း ၊ ရှင်ဥပ္ပဂုတ္တမထေရ်မြတ်ကြီး ဖောင်တော်မျောပွဲ စတဲ့ ဘာသာရေးအခမ်းအနားတွေကို ပြုလုပ်ခဲ့တာကြောင့် တရားစွဲဆို အမှုဖွင့်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီအမှုကို လက်ခံမခံတော့ စခန်းမှူး မရှိလို့ မသိသေးဘူးလို့ သူက ဆိုပါတယ်။
ပြီးတော့ အခုလို ဘာသာရေးတရားပွဲက လူ ၁၀၀ ကျော် ကူးစက်စေခဲ့မှုကြောင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ အရ တရားစွဲဆိုထားချိန်မှာ အမှုကို အားပျော့အောင် ဦးဖြိုးမင်းသိန်း နှင့် အဖွဲ့က တမင်လုပ်ဆောင်တယ်လို့လည်း ဝေဖန်မှုတွေရှိနေပါတယ်။
အထူးသဖြင့် နိုင်ငံတော်ဒုသမ္မတ ကတော် နှင့် တကွ အစိုးရပိုင်းအကြီးအကဲများနဲ့ ရင်းနှီးမှုရှိတဲ့ တရားဟောဆရာ ဒေးဗစ်လား ကို အပြစ်ကလွတ်ကင်းအောင်လုပ်ဆောင်ပေးလိမ့်မယ်လို့လည်း ထင်မြင်ယူဆတာကြောင့် စိတ်ဝင်စားမှု မြင့်တက်နေကြောင်း သိရှိရပါတယ်။
credit
Zawgyi Version
ဗကသ ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ကိုသာထက္ေအာင္က ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ျဖစ္သူ ဦးၿဖိဳးမင္းသိန္း အပါအဝင္ ရန္ကုန္တိုင္း အစိုးရအဖြဲ႕ကို သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဆိုင္ရာဥပေဒမ်ား ႏွင့္ လူ ၅ဦးထက္ ပိုမစုရဆိုသည့္ ဥပေဒတားျမစ္ခ်က္မ်ားကို ခ်ိဳးေဖာက္မႈေၾကာင့္ ရဲစခန္းမွာ အမႈဖြင့္ဖို႔ ႀကိဳးစားေနေၾကာင္း သိရွိရပါတယ္
ရန္ကုန္တိုင္း အစိုးရအဖြဲ႕ ဟာ အမေတာ္ ျမနန္းႏြယ္ ေနရာေျပာင္းျခင္း ၊ ရွင္ဥပၸဂုတၱမေထရ္ျမတ္ႀကီး ေဖာင္ေတာ္ေမ်ာပြဲ စတဲ့ ဘာသာေရးအခမ္းအနားေတြကို ျပဳလုပ္ခဲ့တာေၾကာင့္ တရားစြဲဆို အမႈဖြင့္ျခင္း ျဖစ္တယ္လို႔ သိရပါတယ္။ ဒီအမႈကို လက္ခံမခံေတာ့ စခန္းမႉး မရွိလို႔ မသိေသးဘူးလို႔ သူက ဆိုပါတယ္။
ၿပီးေတာ့ အခုလို ဘာသာေရးတရားပြဲက လူ ၁၀၀ ေက်ာ္ ကူးစက္ေစခဲ့မႈေၾကာင့္ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဆိုင္ရာ ဥပေဒ ပုဒ္မ ၂၅ အရ တရားစြဲဆိုထားခ်ိန္မွာ အမႈကို အားေပ်ာ့ေအာင္ ဦးၿဖိဳးမင္းသိန္း ႏွင့္ အဖြဲ႕က တမင္လုပ္ေဆာင္တယ္လို႔လည္း ေဝဖန္မႈေတြရွိေနပါတယ္။
အထူးသျဖင့္ ႏိုင္ငံေတာ္ဒုသမၼတ ကေတာ္ ႏွင့္ တကြ အစိုးရပိုင္းအႀကီးအကဲမ်ားနဲ႔ ရင္းႏွီးမႈရွိတဲ့ တရားေဟာဆရာ ေဒးဗစ္လား ကို အျပစ္ကလြတ္ကင္းေအာင္လုပ္ေဆာင္ေပးလိမ့္မယ္လို႔လည္း ထင္ျမင္ယူဆတာေၾကာင့္ စိတ္ဝင္စားမႈ ျမင့္တက္ေနေၾကာင္း သိရွိရပါတယ္။
credit