မူဆယ်ရွေးကောက်ပွဲကော်မရှင်ရုံးအနီးမှာဖြစ်ခဲ့တဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်
|ဒီနေ့ မေလ(၂၆)ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးနားမှာ အသံမိုင်း (၂) လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မူဆယ်မြို့နယ်ရဲစခန်းကမှတဆင့် သိရပါတယ်။
“လောလောဆယ် ကျွန်တော်တို့ တရားခံကို ပိတ်ဆို့ရှာဖွေနေပါတယ်။ အခု အဲဒီကိစ္စနဲ့ အလုပ်ရှုပ်နေလို့ပါ။”လို့ မူဆယ်မြို့နယ်ရဲစခန်းမှူး ဒုတိယရဲမှူးသန်းဇော်ဦးက မီဒီယာများကို ပြောပါတယ်။
အဲဒီအသံမိုင်း(၂)လုံးဟာ မူဆယ်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးနောက်ဘက်က မြေကွက်လပ်မှာပေါက်ကွဲခဲ့တာ ဖြစ်ပြီး လူနဲ့အဆောက်အဦးထိခိုက်တာမရှိခဲ့ဘူးလို့ သိရပါတယ်။
“ကော်မရှင်ရုံးနားတော့ဟုတ်ပါတယ်။ ကော်မရှင်ရုံးနဲ့တော့ ပတ်သက်ခြင်းမရှိပါဘူး။ အသံမိုင်း(၂)လုံးကွဲတာပေါ့ နော်။ လူထိခိုက်တာတော့ မရှိပါဘူး။”လို့ မူဆယ်ဂရုနာအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပါတယ်။
အခုအချိန်မှာတော့ တာဝန်ရှိသူတွေက လာတဲ့ဆိုင်ကယ်၊ ကားတွေကို လုံခြုံရေးအရစစ်ဆေးနေပြီး အဝင်အထွက် တော့ ပိတ်ထားတာမရှိဘူးလို့ သိရပါတယ်။
Crd; O media
Zawgyi Version
ဒီေန႔ ေမလ(၂၆)ရက္ေန႔ ေန႔လယ္ (၁)နာရီဝန္းက်င္မွာ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕၊ ခ႐ိုင္ေ႐ြးေကာက္ပြဲ ေကာ္မရွင္႐ုံးနားမွာ အသံမိုင္း (၂) လုံးေပါက္ကြဲမႈျဖစ္ပြားခဲ့တယ္လို႔ မူဆယ္ၿမိဳ႕နယ္ရဲစခန္းကမွတဆင့္ သိရပါတယ္။
“ေလာေလာဆယ္ ကြၽန္ေတာ္တို႔ တရားခံကို ပိတ္ဆို႔ရွာေဖြေနပါတယ္။ အခု အဲဒီကိစၥနဲ႔ အလုပ္ရႈပ္ေနလို႔ပါ။”လို႔ မူဆယ္ၿမိဳ႕နယ္ရဲစခန္းမႉး ဒုတိယရဲမႉးသန္းေဇာ္ဦးက မီဒီယာမ်ားကို ေျပာပါတယ္။
အဲဒီအသံမိုင္း(၂)လုံးဟာ မူဆယ္ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးေနာက္ဘက္က ေျမကြက္လပ္မွာေပါက္ကြဲခဲ့တာ ျဖစ္ၿပီး လူနဲ႔အေဆာက္အဦးထိခိုက္တာမရွိခဲ့ဘူးလို႔ သိရပါတယ္။
“ေကာ္မရွင္႐ုံးနားေတာ့ဟုတ္ပါတယ္။ ေကာ္မရွင္႐ုံးနဲ႔ေတာ့ ပတ္သက္ျခင္းမရွိပါဘူး။ အသံမိုင္း(၂)လုံးကြဲတာေပါ့ ေနာ္။ လူထိခိုက္တာေတာ့ မရွိပါဘူး။”လို႔ မူဆယ္ဂ႐ုနာအသင္းဥကၠ႒ ဦးေသာင္းထြန္းက ေျပာပါတယ္။
အခုအခ်ိန္မွာေတာ့ တာဝန္ရွိသူေတြက လာတဲ့ဆိုင္ကယ္၊ ကားေတြကို လုံၿခဳံေရးအရစစ္ေဆးေနၿပီး အဝင္အထြက္ ေတာ့ ပိတ္ထားတာမရွိဘူးလို႔ သိရပါတယ္။
Crd; O media