အင်းဝ(စစ်ကိုင်း)တံတားပေါ်က အမွှာညီမရဲ့ CCTV မှတ်တမ်းများ ထွက်ပေါ်လာ

Sharing is caring!

ယခု သတင်းကို ( သခင် ရေချမ်း ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်။“စစ်ကိုင်းတံတားခေါ် အင်းဝတံတားကြီးပေါ်မှ ဧရာဝတီ မြစ်အတွင်း ခုန်ချ အဆုံးစီရင်သွားသည်ဟု ယူဆရသူ.အမွှာညီအစ်မနှစ်ဦး မပျောက်ဆုံးမီ ဧရာဝတီ တံတားကြီးပေါ် ဆိုင်ကယ်နှင့်ဖြတ်သန်းပုံ မှတ်တမ်းတွေ့ရစဉ်”

ယခုအခါ covid 19 ကူးစက်မြန်ရောဂါ လှုပ်ခတ်မှုနှင့်အတူ မေလ ၂၄ ရက်နေ့က စစ်ကိုင်းတံတားခေါ် အင်းဝတံတားကြီးပေါ် တံတား၏အလယ်ဗဟိုတည့်တည့်တွင် လူတစ်ဦးတစ်ယောက်မျှ မတွေ့ရှိဘဲ ဆိုင်ကယ်တစ်စီးရပ်ထားသည်ကို စစ်ကိုင်းဘက်ခြမ်း တံတားလုံခြုံရေးရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ မွန်းလွဲ ၁ နာရီခန့် လှည့်ကင်းဆောင်ရွက်စဉ်တွေ့ရှိသည့်အတွက် ရဲတပ်ဖွဲ့နှင့် မြို့နေလူထုအကြား လှုပ်ခတ်သွားခဲ့ရသည်။

ပုံတွင် ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသမီးနှစ်ဦး ဧရာဝတီတံတားပေါ် ဖြတ်သန်းနေစဉ် ဤပုံအရတွေ့ရှိထားသော်လည်း ယခုအခါ နှစ်ဦးစလုံး အသက်ဆုံးပါးသွားနိုင်သည်ဟု ယူဆပါတယ်။

အမျိုးသမီးတစ်ဦး ၏ ရုပ်အလောင်းကိုမူ မေလ ၂၆ ရက်နေ့ မနက် ၁၀နာရီခန့်က စစ်ကိုင်းမြို့အနီး ကရက်ကျွန်းနားမှ ဧရာဝတီမြစ်ထဲက ရေလုပ်သား တစ်ဦး တွေ့ရှိထားသည့်အတွက် စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ သတင်းပေးအကြောင်းကြားခဲ့သည်ဟု သိရပါသည်။

နောက်ထပ်တစ်ဦးကိုတော့ ရှာဖွေနေဆဲ ဖြစ်သည်၎င်း အမွှာညီအစ်မနှစ်ဦး၏ ထူးခြားသောဘဝဖြစ်စဉ်နှင့် နှစ်ကိုယ်တစ်စိတ် ထားရှိပုံအသေးစိပ်ကိုတော့ သူမတို့၏ မိသားစုနှင့် တွေ့ဆုံမေးမြန်းပြီးမှသာလျင် ဆက်လက်ရေး သားဖော်ပြပါတော့မည်။

သခင် ရေချမ်း

Zawgyi Version






သခင် ရေချမ်း

Add a Comment

Your email address will not be published. Required fields are marked *