ရောင်နီ့ကို မြန်မြန်မေ့လိုက်ပါတော့ ရှေးရယ်လို့ ဆိုလာတဲ့ ခန့်

Sharing is caring!

MRTV -4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ခန့်ကတော့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့ သူလေးပဲ ဖြစ်ပါတယ်။ မင်းသမီးချောလေး ခန့်က ” လေးစုံတွဲ ” ဇာတ်လမ်းတွဲလေးနဲ့ လူသိများခဲ့ပြီး တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်ရင်ထဲ

အချိန်တိုလေးအတွင်းဝင်ရောက်လာနိုင်တဲ့ သူလေးပါ။ သူမက နောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေနဲ့ photo shooting တွေကိုပါ လက်ခံရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်…..။ ခန့်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုကတော့ ” အချစ်ဖွဲ့လေညင်း ” ဇာတ်လမ်းတွဲလေးထဲမှာ စိတ်သဘောထားပြည့်ဝပြီး ကျေးဇူးတရားသိတက်တဲ့အပြင်

အားကိုးရတဲ့အတွင်းရေးမှူးမလေး ရှေးရေစက် အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါနော်.။ ခန့်က မကြာခဏဆိုသလို ဇာတ်လမ်းတွဲလေးထဲက အမှတ်တရပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေ

တင်ပေးလေ့ရှိနေတာကြောင့်ပရိသတ်တွေကလည်း စောင့်မျှော်အားပေးနေကြတာပဲ ဖြစ်ပါတယ်…… ။ ယခုမှာလည်း ခန့်က ” ရောင်နီကိုမြန်မြန်မေ့ပစ်လိုက်ပါတော့ ရှေးရယ်” ဆိုတဲ့ စာသားလေးနဲ့အတူ၏

ရိုက်ကွင်းနောက်ကွယ်က အမှတ်တရ ပုံရိပ်လေးတွေကိုတင်ပေးလါတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်ကြီးအတွက် အချစ်ဖွဲ့လေညင်း အဖွဲ့သားတွေရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.. ။ ပုံလေးတွေကို ကြည်ပြီး ချစ်ပရိသတ်တွေက အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်….. ။

Add a Comment

Your email address will not be published. Required fields are marked *