တောင်ကြီးက မိခင်တစ်ဦးရဲ့ မေတ္တာရပ်ခံစာ (ဘယ်သူ့အကူအညီတောင်းရမလဲ မသိတော့လို့ပါ)

Sharing is caring!

ဘယ် ဌာန မှာ တာဝန်ရှိတာလဲ.. ဘယ်သူ့ကိုအကူညီတောင်းရမှာလဲ…တကယ်မသိလို့ပါ။မြင်တဲ့အတိုင်းပါပဲ…တောင်ကြီးမြို့လည်ခေါင်KBZ Bank ကြီးရှေ့က Air KBZ ရုံးမှာနေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတာလေးပါ။

လူကြည့်လိုက်တော့ အရူးလိုလိုနဲ့ အမြဲမူးနေတယ်။ရုံးရှေ့မှာ သူအိမ်သူ့ယာလိုလို လာပြီးစခန်းချနေတာ။နေ့ရောညရော ထင်သလိုနေနေတော့တာပဲ..သယ်လာသမျှ စုံစီနဖာ ပစ္စည်းတွေကိုပုံချထားတဲ့အပြင်ကျွတ်ကျွတ်အိတ်နဲ့သယ်လာသမျှ ထမင်းဟင်းတွေရုံးရှေ့မှာပဲစားသောက်ပြီး ပွစာကျဲ။

သောက်ထားသမျှ ပုလင်းခွံဘူးခွံတွေ ပြန့်ကျဲ…သူစွန့်ထားတဲ့ အလေး အပေါ့ တွေကြောင့်ယင်တလောင်းလောင်း အနံ့တစ်ထောင်းထောင်း…

ရုံးပိတ်ထားတဲ့ ညအချိန်အိပ်တာကိုမပြောလိုပေမဲ့ရုံးဖွင့်ထားတဲ့အချိန်မှာ လူမိုက်ဆန်ဆန် မထေမဲ့မြင်နဲ့ဂန်ကျယ်နေတာ…

ရုံးပေါက်ဝရှေ့တည့်တည့်ဖြစ်နေလို့ ဖယ်ပေးဖို့ပြောတော့လည်း သူကများပြန်ပြီးတော့မချေမငံ ရန်လုပ်အော်ဟစ်သေးတယ်….

ရုံးဝန်ထမ်း မိန်းကလေးတွေရဲ့ လုံခြုံရေးအတွက်ပူပင်နေရတာကြာပါပြီ..ဒါပေမဲ့…သူ့ကို ဖယ်ရှားဖို့ ဘယ်အဖွဲ့အစည်း ဘယ်ဌာနကိုအကူညီတောင်းရမလဲဘယ်ဌာန ဘယ်အဖွဲ့အစည်းက တာဝန်ယူဆောင်ရွက်ပေးမလဲမသိနိုင်တော့ပါဘူး….

မြို့လည်ခေါင်မှ မြို့လည်ခေါင်နော်…..ချောင်ကျတဲ့ ရပ်ကွက်အစွန်အဖျားလည်းမဟုတ်ဘူး…အမြဲမူးနေတဲ့အချိန်မရွေးစိတ်ဖောက်ပြီး အန္တရာယ်ပြုနိုင်ခြေရှိတဲ့အရူးလား အရက်ကြောင်လား ဆေးကြောင်လားမသိနိုင်တဲ့
လူတစ်ယောက်ကို ဘာပြဿနာမှမဖြစ်သေးလို့ထိုင်ကြည့်နေကြတာလား…..

တခုခုဖြစ်ပြီဆိုရင်တော့..တာဝန်ယူမှု တာဝန်ခံမှုမရှိပဲ..လိုင်းပေါ်မှာ သုံးလေးရက်လောက် ဟိုးလေးတကျော်သတင်းတစ်ပုဒ်ဖြစ်ပြီး နောက်တော့ပြီးပျောက်သွားမှာပါ

ဒါပေမဲ့…နေ့စဉ်နဲ့အမျှ စိုးတထိတ်ထိတ်နေနေကြရတဲ့ဝန်ထမ်းအမျိုးသမီးငယ်လေးတွေရဲ့ သောကကိုကိုယ့် အမ ကိုယ့်ညီမ လို့သဘောထားပြီးစာနာစိတ်နဲ့ ဖယ်ရှားပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ရှင်…

Credit-‎Lay Lay Mon‎

Zawgyi Version

ဘယ္ ဌာန မွာ တာဝန္ရွိတာလဲ.. ဘယ္သူ႔ကိုအကူညီေတာင္းရမွာလဲ…တကယ္မသိလို႔ပါ။ျမင္တဲ့အတိုင္းပါပဲ…ေတာင္ႀကီးၿမိဳ႕လည္ေခါင္KBZ Bank ႀကီးေရွ႕က Air KBZ ႐ုံးမွာေန႔စဥ္နဲ႔အမွ် ႀကဳံေတြ႕ေနရတာေလးပါ။

လူၾကည့္လိုက္ေတာ့ အ႐ူးလိုလိုနဲ႔ အၿမဲမူးေနတယ္။႐ုံးေရွ႕မွာ သူအိမ္သူ႔ယာလိုလို လာၿပီးစခန္းခ်ေနတာ။ေန႔ေရာညေရာ ထင္သလိုေနေနေတာ့တာပဲ..သယ္လာသမွ် စုံစီနဖာ ပစၥည္းေတြကိုပုံခ်ထားတဲ့အျပင္ကြၽတ္ကြၽတ္အိတ္နဲ႔သယ္လာသမွ် ထမင္းဟင္းေတြ႐ုံးေရွ႕မွာပဲစားေသာက္ၿပီး ပြစာက်ဲ။

ေသာက္ထားသမွ် ပုလင္းခြံဘူးခြံေတြ ျပန႔္က်ဲ…သူစြန႔္ထားတဲ့ အေလး အေပါ့ ေတြေၾကာင့္ယင္တေလာင္းေလာင္း အနံ႔တစ္ေထာင္းေထာင္း…

႐ုံးပိတ္ထားတဲ့ ညအခ်ိန္အိပ္တာကိုမေျပာလိုေပမဲ့႐ုံးဖြင့္ထားတဲ့အခ်ိန္မွာ လူမိုက္ဆန္ဆန္ မေထမဲ့ျမင္နဲ႔ဂန္က်ယ္ေနတာ…

႐ုံးေပါက္ဝေရွ႕တည့္တည့္ျဖစ္ေနလို႔ ဖယ္ေပးဖို႔ေျပာေတာ့လည္း သူကမ်ားျပန္ၿပီးေတာ့မေခ်မငံ ရန္လုပ္ေအာ္ဟစ္ေသးတယ္….

႐ုံးဝန္ထမ္း မိန္းကေလးေတြရဲ႕ လုံၿခဳံေရးအတြက္ပူပင္ေနရတာၾကာပါၿပီ..ဒါေပမဲ့…သူ႔ကို ဖယ္ရွားဖို႔ ဘယ္အဖြဲ႕အစည္း ဘယ္ဌာနကိုအကူညီေတာင္းရမလဲဘယ္ဌာန ဘယ္အဖြဲ႕အစည္းက တာဝန္ယူေဆာင္႐ြက္ေပးမလဲမသိႏိုင္ေတာ့ပါဘူး….

ၿမိဳ႕လည္ေခါင္မွ ၿမိဳ႕လည္ေခါင္ေနာ္…..ေခ်ာင္က်တဲ့ ရပ္ကြက္အစြန္အဖ်ားလည္းမဟုတ္ဘူး…အၿမဲမူးေနတဲ့အခ်ိန္မေ႐ြးစိတ္ေဖာက္ၿပီး အႏၲရာယ္ျပဳႏိုင္ေျခရွိတဲ့အ႐ူးလား အရက္ေၾကာင္လား ေဆးေၾကာင္လားမသိႏိုင္တဲ့
လူတစ္ေယာက္ကို ဘာျပႆနာမွမျဖစ္ေသးလို႔ထိုင္ၾကည့္ေနၾကတာလား…..

တခုခုျဖစ္ၿပီဆိုရင္ေတာ့..တာဝန္ယူမႈ တာဝန္ခံမႈမရွိပဲ..လိုင္းေပၚမွာ သုံးေလးရက္ေလာက္ ဟိုးေလးတေက်ာ္သတင္းတစ္ပုဒ္ျဖစ္ၿပီး ေနာက္ေတာ့ၿပီးေပ်ာက္သြားမွာပါ

ဒါေပမဲ့…ေန႔စဥ္နဲ႔အမွ် စိုးတထိတ္ထိတ္ေနေနၾကရတဲ့ဝန္ထမ္းအမ်ိဳးသမီးငယ္ေလးေတြရဲ႕ ေသာကကိုကိုယ့္ အမ ကိုယ့္ညီမ လို႔သေဘာထားၿပီးစာနာစိတ္နဲ႔ ဖယ္ရွားေပးၾကပါလို႔ ေမတၱာရပ္ခံပါတယ္ရွင္…

Credit-‎Lay Lay Mon‎

Add a Comment

Your email address will not be published. Required fields are marked *