အနုပညာလောကထဲက သက်ကြီးရွယ်အိုများကို ထိရောက်တဲ့ အလှူတစ်ခု ပြုလိုက်တဲ့ ဦးဇာဂနာ(ရုပ်သံ)

Sharing is caring!

ဇာဂနာ နဲ့အတူ အာယုသုခုမ ပရဟိတအဖွဲ့သားတွေ စုပေါင်းပြီး ရုပ်ရှင်၊ သဘင်နဲ့ ဂီတလောကမှာ ရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းသူတွေအတွက် ငွေကျပ်(၁၆၅) သိန်းလှူဒါန်းခဲ့တာတွေ့ရပါတယ်။ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဇာဂနာ ဦးဆောင်တဲ့ အာယုသုခုမအဖွဲ့၏

ပထမအကြိမ် ရုပ်ရှင် ၊ သဘင်၊ ဂီတ၊ အနုပညာရှင် များအတွက် ကျန်းမာရေးကူညီမှူ ဂါရဝပြုပွဲကို မေလ (၂၇)ရက်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အလှူအကြောင်းကိုလည်း ဇာဂနာက Duwun ကနေ ပြောပြလာပါတယ်။

“ ဒီနေ့ အလှူကတော့ ရုပ်ရှင်၊ သဘင်၊ ဂီတမှာရှိတဲ့ သက်ကြီး အနုပညာရှင်တွေရယ်၊ ကျန်းမာရေး မကောင်းတဲ့ သူတွေရယ် အတွက် လှူတာပါ။ ဆန်၊ ဆီ၊ ဆေး၊ ဆား တို့ကိုတော့ သင်္ကြန်တုန်းက တစ်ခါ လှူပြီးပြီ။ အခု လောလောဆယ်တော့ ပိုက်ဆံပဲ လှူလိုက်တော့မယ်။ ဒီအချိန်မှာ အသုံး အတည့်ဆုံးက ပိုက်ဆံပဲလေ။

သက်ကြီး အနုပညာရှင်တွေရယ်၊ ကျန်းမာရေး မကောင်းတဲ့သူတွေရယ် စုစုပေါင်းကို စာရင်းကောက်လိုက်တာ (၁၆၅) ယောက်ရှိတယ်။ တစ်ယောက်ကို တစ်သိန်းနှုန်းနဲ့ (၁၆၅) သိန်းလှူပါတယ်” လို့ မေလ ၂၇ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်တဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။

ဇာဂနာက အနုပညာနဲ့ ပတ်သက်လာရင် ရုပ်ရှင်၊ သဘင်၊ ဂီတ (၃) ခုစလုံးမှာ အနုပညာအလုပ်တွေ လုပ်ခဲ့ရသူ ဖြစ်တာကြောင့် အခုလို ကုသိုလ်ပြုရခြင်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ “ ဒီလောက က ကိုယ်ကျင်လည်တဲ့ လောကဆိုတော့ အနုပညာရှင်ကြီးတွေကို ကန်တော့တဲ့ သဘောပါ။ ကျွန်တော်တို့လည်း ဒီလောက ကနေ အခုလို ဖြစ်လာတာ ဆိုတော့ လူကြီးတွေအတွက် တတ်နိုင်သလောက် လှူဖြစ်တဲ့ သဘောပါ။

ပြီးတော့ ကိုယ်တိုင်ကလည်း ရုပ်ရှင်ရော၊ သဘင်ရော၊ ဂီတရောမှာ ကျင်လည်ခဲ့တာဖြစ်တဲ့အတွက် အခုလို လုပ်ဆောင်ရတာပါ” လို့ ဆက်လက် ပြောပြလာပါတယ်။

ဇာဂနာကတော့ အနုပညာလောကထဲကို လူရွှင်တော် တစ်ဦးအနေနဲ့ စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင် လောကထဲကို ဝင်ရောက်ရင်း ဇာတ်ကားတွေ လည်းအများကြီးရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ ဂီတလောကမှာ ဆိုရင်တော့ ကိုယ်တိုင် သီချင်းရေး၊ သီချင်းဆိုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

အခုချိန်မှာတော့ သူဟာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။

Credit-Duwun

  • ဗီဒီယိုဖိုင္ ၾကည့္ရန္ ႏွိပ္ပါ

Zawgyi Version

ဇာဂနာ နဲ႔အတူ အာယုသုခုမ ပရဟိတအဖြဲ႕သားေတြ စုေပါင္းၿပီး ႐ုပ္ရွင္၊ သဘင္နဲ႔ ဂီတေလာကမွာ ရွိတဲ့ သက္ႀကီး႐ြယ္အိုေတြ၊ နာမက်န္းသူေတြအတြက္ ေငြက်ပ္(၁၆၅) သိန္းလႉဒါန္းခဲ့တာေတြ႕ရပါတယ္။ ႐ုပ္ရွင္သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ တစ္ဦးျဖစ္တဲ့ ဇာဂနာ ဦးေဆာင္တဲ့ အာယုသုခုမအဖြဲ႕၏

ပထမအႀကိမ္ ႐ုပ္ရွင္ ၊ သဘင္၊ ဂီတ၊ အႏုပညာရွင္ မ်ားအတြက္ က်န္းမာေရးကူညီမႉ ဂါရဝျပဳပြဲကို ေမလ (၂၇)ရက္က ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ အလႉအေၾကာင္းကိုလည္း ဇာဂနာက Duwun ကေန ေျပာျပလာပါတယ္။

“ ဒီေန႔ အလႉကေတာ့ ႐ုပ္ရွင္၊ သဘင္၊ ဂီတမွာရွိတဲ့ သက္ႀကီး အႏုပညာရွင္ေတြရယ္၊ က်န္းမာေရး မေကာင္းတဲ့ သူေတြရယ္ အတြက္ လႉတာပါ။ ဆန္၊ ဆီ၊ ေဆး၊ ဆား တို႔ကိုေတာ့ သၾကၤန္တုန္းက တစ္ခါ လႉၿပီးၿပီ။ အခု ေလာေလာဆယ္ေတာ့ ပိုက္ဆံပဲ လႉလိုက္ေတာ့မယ္။ ဒီအခ်ိန္မွာ အသုံး အတည့္ဆုံးက ပိုက္ဆံပဲေလ။

သက္ႀကီး အႏုပညာရွင္ေတြရယ္၊ က်န္းမာေရး မေကာင္းတဲ့သူေတြရယ္ စုစုေပါင္းကို စာရင္းေကာက္လိုက္တာ (၁၆၅) ေယာက္ရွိတယ္။ တစ္ေယာက္ကို တစ္သိန္းႏႈန္းနဲ႔ (၁၆၅) သိန္းလႉပါတယ္” လို႔ ေမလ ၂၇ ရက္ေန႔က ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးမွာ ျပဳလုပ္တဲ့ အလႉမွာ ေျဖဆိုခဲ့တာပါ။

ဇာဂနာက အႏုပညာနဲ႔ ပတ္သက္လာရင္ ႐ုပ္ရွင္၊ သဘင္၊ ဂီတ (၃) ခုစလုံးမွာ အႏုပညာအလုပ္ေတြ လုပ္ခဲ့ရသူ ျဖစ္တာေၾကာင့္ အခုလို ကုသိုလ္ျပဳရျခင္းျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။ “ ဒီေလာက က ကိုယ္က်င္လည္တဲ့ ေလာကဆိုေတာ့ အႏုပညာရွင္ႀကီးေတြကို ကန္ေတာ့တဲ့ သေဘာပါ။ ကြၽန္ေတာ္တို႔လည္း ဒီေလာက ကေန အခုလို ျဖစ္လာတာ ဆိုေတာ့ လူႀကီးေတြအတြက္ တတ္ႏိုင္သေလာက္ လႉျဖစ္တဲ့ သေဘာပါ။

ၿပီးေတာ့ ကိုယ္တိုင္ကလည္း ႐ုပ္ရွင္ေရာ၊ သဘင္ေရာ၊ ဂီတေရာမွာ က်င္လည္ခဲ့တာျဖစ္တဲ့အတြက္ အခုလို လုပ္ေဆာင္ရတာပါ” လို႔ ဆက္လက္ ေျပာျပလာပါတယ္။

ဇာဂနာကေတာ့ အႏုပညာေလာကထဲကို လူ႐ႊင္ေတာ္ တစ္ဦးအေနနဲ႔ စတင္ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္ သ႐ုပ္ေဆာင္ ေလာကထဲကို ဝင္ေရာက္ရင္း ဇာတ္ကားေတြ လည္းအမ်ားႀကီး႐ိုက္ကူးခဲ့သူ တစ္ေယာက္ပါ။ ဂီတေလာကမွာ ဆိုရင္ေတာ့ ကိုယ္တိုင္ သီခ်င္းေရး၊ သီခ်င္းဆိုခဲ့တာေတြလည္း ရွိခဲ့ပါတယ္။

အခုခ်ိန္မွာေတာ့ သူဟာ ဒါ႐ိုက္တာ တစ္ေယာက္အျဖစ္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ႐ိုက္ကူးေနတာ ေတြ႕ရပါတယ္။

Credit-Duwun

  • ဗီဒီယိုဖိုင္ ၾကည့္ရႏ္ ႏြိပၸါ

Add a Comment

Your email address will not be published. Required fields are marked *