ကလေးဖိနပ်တွေခိုးပြီး အာသာဖြေတဲ့လူကို ဖမ်းဆီးဖော်ထုတ်လိုက်တဲ့ ရဲတပ်ဖွဲ့
|ဒီသတင်းက ထိုင်းနိုင်ငံမှာ ဖြစ်ပွားတဲ့ သတင်းဖြစ်ပါတယ်။ကြံကြံဖန်ဖန် မိန်းကလေး ဖိနပ်မျိုးစုံကို လိုက်လံခိုးယူကာ ဖက်အိပ်ပြီး တစ်ကိုယ်ရည် လိင်စိတ်ဖြေသူကိုရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်းငံ နွန်ထဘူရီခရိုင် ဘန့်ကလွေ့မြို့နယ် ဘန်ခွန်ထောင်းကျေးရွာအုပ်စု ၊ ရပ်ကွက် (၅) အမှတ် (၁၆) မှာနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ထီးလဖတ် ဆိုသူလူငယ်ဟာ
ညဘက်ဆိုင်ကယ်နဲ့ နေအိမ်အခန်းငှားနဲ့ အခြားအဆောင်တွေမှာ ဖိနပ်မျိုးစုံကိုလိုက်လံခိုးယူမှုကြောင့်၎င်းနေအိမ်အခန်းတွင်းမှာ ဖိနပ်မျိုးစုအရံပေါင်း ၁၂၆ ရံနဲ့အတူမေလ ၂၄ ရက်နေ့က ၎င်း၏နေအိမ်အခန်းတွင် ရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ် ။
သူဟာ အခြားသူခိုးတွေလို အမျိုးသမီးအတွင်းခံဘောင်းဘီနဲ့ ဘရာစီယာတွေကိုလိုက်လံခိုးယူတာမျိုးမဟုတ်ဘဲ ဖိနပ်တွေကိုမှစိတ်အာသီသရှိပြီး အခုလိုလိုက်လံခိုးယူပြီး ညအိပ်ချိန်ဖက်အိပ်ကာ တစ်ကိုယ်ရည်လိင်စိတ်ဖြေဖျောက်ခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ် ။
ဒီလိုထူးဆန်းစွာပြုမှုလာတာဟာ ၁၃ နှစ်သားကနေစတင်ပြီး စိတ်ပိုင်းဆိုင်ရာပြောင်လဲလာပြီး ဖိနပ်တွေကို စတင်ခိုးယူလာခဲ့တာဖြစ်တယ်လို့ပြောပါတယ် ။ခုတော့ ရဲတပ်ဖွဲ့ကတရားဥပဒေအရအရေးယူဆောင်ရွက်ရမှာဖြစ်ပြီး စိတ်ကျမ္မာရေးအရ စိတ္တဇရောဂါပိုင်းဆိုင်ရာရှိ/မရှိစစ်ဆေးသွားမယ်လို့လည်းသိရှိရပါတယ် ။
SiThuMaung
Zawgyi Version
SiThuMaung