အမှုသည်ဆီက ၂၅ သိန်းတောင်းတဲ့ အသံဖိုင်ဖွင့်ချခံရပြန်တဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်

Sharing is caring!

မီဒီယာတွေမှာ နာမည်ကြီးတဲ့ ရှေ့နေရောဘတ်စန်းအောင် က အမှုသည်ဆီက ပါဝါရုပ်သိမ်းခိုင်းလို့ ၂၅ သိန်း တောင်းတဲ့ အသံဖိုင် တစ်ခု အင်တာနက်မှာပျံ့နှံ့လာတာကိုတွေ့ရပါတယ်။

ဒီအသံဖိုင်ကိုတော့ ဟန်ငြိမ်းဦး ဆိုတဲ့ Facebook Page တစ်ခုကနေ ပြည်သူတွေ ကို အသိပေးလာတာဖြစ်ပြီးတော့ မျှဝေသူများ ၊ အံ့သြကြသူများနဲ့ပြည့်နှက်နေတာကိုတွေ့ရပါတယ်။

ရှေ့နေရောဘတ်စန်းအောင်ဟာဆိုရင် မကြာသေးခင်ကာလာကလည်း အင်တာနက်က ဂိုရှယ်လေး ဆိုသူနဲ့ ဖုန်းပြောကြတဲ့အသံဖိုင်မှတ်တမ်းတွေလည်း ဖွင့်ချခံရသူဖြစ်ပါတယ်။ အဲ့ဒီအသံဖိုင်ထဲမှာတော့ ရောဘတ်စန်းက ဂိုရှယ်လေး ဆိုသူကို ဗစ်တိုးရီးယားအမှုမှာ အဆိုတော်လင်းလင်းနဲ့ အဆိုတော် ချစ်သုဝေတို့ အလှူခံတာ သိန်း ၈၀၀ လောက်ပိုက်သွားတယ်ဆိုပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီအတွက် အဆိုတော်လင်းလင်းက တရားဝင် အိမ်တိုင်ရာရောက် Live လွှင့်ပြီး ရှင်းခိုင်းတဲ့အခါမှာတော့ သူပြောတာ မဟုတ်ပဲ သူ့ရဲ့အသံဖိုင်အတုလုပ်ပြီး ဟန်ငြိမ်းဦး ဆိုတဲ့သူက ဖွတာဖြစ်ကြောင်း ၊ အားလုံးဟန်ငြိမ်းဦးက လုပ်တာဖြစ်ကြောင်းကို မရေမရာစကားတွေနဲ့ ရှောချသွားတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း မင်းရာဇာအမှုနဲ့ ပတ်သတ်တဲ့ အိမ်ဖော်မလေးကို Grace လို့ နာမည်ပေးပြီးတော့ လှုပ်ရှားမှုတွေ လုပ်နေတယ်လို့လည်း သိရှိရပါတယ်။

Source- Han Nyein Oo

  • အသံဖိုင် နားစဉ်ရန် နှိပ်ပါ

Zawgyi Version

Add a Comment

Your email address will not be published. Required fields are marked *