နာမည်ကြီးနေတဲ့ ကျောင်းထိုင်ဆရာတော်နဲ့ ဆရာမကိစ္စ ဖြစ်စဉ်အမှန်က ဒီလိုပါ
Sharing is caring!
အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ကျောင်းထိုင်ဆရာတော်နဲ့ ဆရာမကိစ္စကို အသေးစိတ်သိရှိသူတစ်ယောက်မှ ဖော်လိုက်ပါပီ။ ဖြစ်စဉ်အမှန်က ဒီလိုပါရွှေအုပ်ဂူကျောင်းဆိုတာ နှစ်ပေါင်းများစွာ အမှုဖြစ်လာခဲ့တာပါ။ နောက်ဆုံး ယခုလက်ရှိ မြို့နယ်သံဃနာယကရဲ့ လက်ထက်မှသာ ယတိပြတ် အမှုပြီးပျက်ခဲ့တာပါ။အမှုပြီးပျက်တဲ့အခါ အရင်မတရား ကျူးကျော် ဝင်နေတာတွေ အကုန်ထွက်ပေးရတယ်။
ဘက ကိုအမှီပြုပြီး ကျောင်းဘေးမှာ စီးပွားရှာနေတဲ့ ဆိုင်ခန်းတွေရဲ့ ဝင်ငွေ ကို ကျောင်းအတွင်းသို့ မရောက်ပဲလေလွင့်ခဲ့ တာတွေကို ယခု လက်ရှိကျောင်းထိုင်ဆရာတျောက သေချာ ပြန်လုပ်တဲ့အခါ တချို့သူတွေ စားပေါက်တွေ ပိတ်ကုန်တယ်။အဒါငွေတွေကို ဘယ်သူစီရောက်နေလဲ ဘသူကိုပေးရလဲ ဆိုတာ ဆိုင်းခန်းကသူတွေ အသိဆုံးပါ။
တချို့သူတွေ ကသူတို့စားပေါက်ပိတ်လို့ အငြိုးများစွာနဲ့ တိုက်ခိုက်နေပါတယ်။ယခု အမျိုးသမီးကလဲ ကျောင်းရဲ့ဝင်ငွေတွေ များစွာကိုမတရားသုံးထားပြီး ဆရာတော်က လိုအပ်လို့တောင်းတဲ့အခါ ပေးစရာမရှိတော့ ပြဿနာ တတ်ကြတဲ့အခါ နောက်ဆုံး ဒီဘူတာရောက်လာတာပါပဲ။ရဲစခန်းမှာ အမှုစဖွင့်တယ် ။ရဲစခန်းက သာသနာရေးကို လွှဲတယ် ။
သာသနာရေးက သံဃနာယက ကို စီစစ်ပေးဖို့ ပြန်လည်စာပို့တဲ့အခါ သံဃနာယကက ညတွင်းချင်းပဲ အစည်းဝေးခေါ်ကာ တာဝန်ရှိသူတွေ ရဲ့ရှေ့မှာစ စ်ဆေးခဲ့ပါတယ်။အရင်ဆုံး ကလေးလေးကို စစ်ပါတယ်။ သမီးဖင်ကို လက်နဲ့ ထိုးတယ်လို့ အမေက ပြောခိုင်းပါတယ်လို့ ကလေးက ပြောတယ်။နောက်အမျိုးသမီးကို စစ်တယ်။
မတရားကျင့်ပါတယ်တဲ့ (၈)လလောက် အဒိ(၈)လအတွင်းမှာ ဘာလို့မတိုင်တာလဲ ဆိူတော့ ကြောက်လို့ပါတဲ့။ အဒိအချိန်အတွင်းမှာ ကိုယ်ဝန်တွေ ဘာတွေ မတည်ဘူးလားဆိုတော့ အိမ်သာထဲထိုင်ပြီး ထုပ်ချလိုက်ပါတယ်တဲ့။ ကျွမ်းချက် အဒါသူနာပြုပဲလေ။ပြီးတော့ ဆရာတော်ကို စစ်တယ် တပည့်တော် ကလေးမကိုရော သူကိုရော ဘာမှ မလုပ်ခဲ့ပါဘူးတဲ့။
အဒိလို မလုပ်ခဲ့တဲ့အတွက်၂၉၅ (က)နဲ့ ပြန်လည်အမှု့ဖွင့်ပေးပါဆိုတော့ လက်ခံပေးမယ် စခန်း ရုံးလိုက်ခဲ့ပါဆိုပြီး ခေါ်သွားပေမဲ့ အမှုမဖွင့်လိုက်ရပဲလူဝတ်လဲလိုက်ရတယ်။အားလုံးစစ်ဆေးပြီးတဲ့အခါမှာ ရဲမှူးက မိန်းကလေးက သူအရှက်ကို မငဲ့ကွက်ပဲဘာပဲ ညာပဲဆိုပြီး ဝင်ပြောတာက ရဲဆိုတာ တရားလိုဘက်က အဒိလိုပါဝင်ခွင့်ရှိပါသလား။အဒိလိုအချိန်မှာ အစည်းအဝေးလုပ်ပေမဲ့ အဓိက ခရာကျတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဘာလို့မလာတာလဲ ထွေအုပ်က ခေါ်တာတောင် မလာဘူးဆိုတော့ကား ရပ်ကွက်အုပ်ချုပ်ရေးမှူးကဘာလဲ။
ကျောင်းရဲ့ဝင်ငွေ သိန်း ၁၅၀ ကျော်ကကော ဘယ်ရောက်နေလဲ တာဝန်ယူနေတဲ့ ဆရာမ အသိဆုံးပါဗျာ။ အတွင်းသိ အစင်းသိ လူတစ်ယောက်ရေးသားတဲ့ ပို့ကို ပြန်လည်တင်ပြပေးလိုက်ပါတယ်ဗျာ။လောကကြီးမှာ ကောင်းတာလုပ်ပီး လူဆိုးတံဆိပ်အကပ်ခံရတဲ့အဖြစ်တွေ မကောင်းတာလုပ်ပီး သူရဲကောင်းဖြစ်ခဲ့ကြတာတွေဟာ ဟိုးဟိုးတုန်းကလည်း ရှိခဲ့သလို အခုထိတိုင်လည်း ရှိနေပါတယ်။
ဆိုလိုချင်တာက အခု ဘုန်းတော်ကြီးမှန်တယ် မှားတယ်၊ဆရာမ မှန်တယ် မှားတယ်ဆိုတာ ပြောချင်တာမဟုတ်ပါ။ ဘယ်သူမှားတယ်မှန်တယ်ဆိုတာ အချိန်ဆိုတဲ့မှတ်ကျောက်နဲ့တိုက်တဲ့အခါ ပေါ်လာစမြဲပါဗျာ။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ အမှန်တရားကိုတော့ အကြာကြီးဖုံးထားလို့မရပါကြောင်း။
Zawgyi Version
Add a Comment
Your email address will not be published. Required fields are marked *