“အစ်” နေ့မှာ အသတ်ခံရမယ့်နွားကို ကယ်လိုက်သူ ကြုံရတဲ့ ဖြစ်ရပ်ဆန်း

Sharing is caring!

အစ်” နေ့မှာ အသတ်ခံရမယ့် နွားတစ်ကောင်ကို ကယ်တင်ပြီး မွေးစားလိုက်တဲ့ ပဲခူးသူမမ ရဲ့ ဖြစ်ရပ်ဆန်းပါ။

ပဲခူးမြိ့ုဈေးကြီး ၁၉လမ်း မှ”ဟင်္သာဧကရီ”အထည်ဆိုင်ပိုင်ရှင် အပျိုးကြီး မမြတ်သီရိသည်သူ့အထည်ဆိုင်ရှေ့ကနေ ဖြတ်ဆွဲသွားတဲ့နွားတစ်ကောင် ကိုမြင်ပြီးနွားဆွဲလာတဲ့ ကလိကျေးရွာကနွားပွဲစား ကိုမောင်ထွန်းကို

“ဒီနွားကိုဘာလုပ်မှာလဲ”ဟုအမှတ်မထင်မေးမြန်းခဲ့ပါတယ်။သူမနှင့်နွားပွဲစားတို့စကားပြောနေစဉ်နွားကြီးကမျက်ရည်တွေစီးကျပြီးသူမကိုကြည့်နေတာကြောင့်သနားပြီးဒီနွားကြီးကိုပေါက်ဈေးထက်၃ဆခန့်(၃၄သိန်း) ပေးပြီးဝယ်ယူထားလိုက်ပါတယ်။

အခုဆိုသူကယ်တင်ထားတဲ့နွားကြီးကိုရေမိုးချိုးအမွှေးနဲ့သာများလိမ်းကျံပြီးသူ့အထည်ဆိုင်ထဲမှာမွေးမြူထားပါတယ်။ဒီသတင်းကိုစိတ်ဝင်စားပြီးတော့

နွားကြီးကိုလာရောက်ကြည့်ရှူသူများဖြင့်အထူးစည်ကား နေပါတယ်။နွားကြီးကိုဝယ်ပြီးနာရီးပိုင်းအတွင်းမှာပဲ သူ့ဆိုင်ဟာမထင် မှတ်လောက်အောင်ဈေးရောင်းကောင်းခဲ့ပါတယ်။

သူ့တစ်သက်ဒီနွားကြီး မသေမချင်းပြုစုကျွေးမွေးသွား မယ်လို့လည်းလာရောက်ကြည့်ရှူတဲ့သူတွေကို အပျိုကြီးမမကဂရုဏာသံလေးနဲ့ရှင်းပြနေပါတယ်။ဒီနွားကြီးကိုသူနှစ်သက်တဲ့

အနုပညာရှင်ဖြစ်တဲ့ပဲခူးသားသရုပ်ဆောင်တစ်ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ “ထွန်းကိုကို”လို့နာမည်ပေးထားပါတယ်။

Zawgyi Version

အစ္” ေန႔မွာ အသတ္ခံရမယ့္ ႏြားတစ္ေကာင္ကို ကယ္တင္ၿပီး ေမြးစားလိုက္တဲ့ ပဲခူးသူမမ ရဲ႕ ျဖစ္ရပ္ဆန္းပါ။

ပဲခူးၿမိ့ုေဈးႀကီး ၁၉လမ္း မွ”ဟသၤာဧကရီ”အထည္ဆိုင္ပိုင္ရွင္ အပ်ိဳးႀကီး မျမတ္သီရိသည္သူ႔အထည္ဆိုင္ေရွ႕ကေန ျဖတ္ဆြဲသြားတဲ့ႏြားတစ္ေကာင္ ကိုျမင္ၿပီးႏြားဆြဲလာတဲ့ ကလိေက်း႐ြာကႏြားပြဲစား ကိုေမာင္ထြန္းကို

“ဒီႏြားကိုဘာလုပ္မွာလဲ”ဟုအမွတ္မထင္ေမးျမန္းခဲ့ပါတယ္။သူမႏွင့္ႏြားပြဲစားတို႔စကားေျပာေနစဥ္ႏြားႀကီးကမ်က္ရည္ေတြစီးက်ၿပီးသူမကိုၾကည့္ေနတာေၾကာင့္သနားၿပီးဒီႏြားႀကီးကိုေပါက္ေဈးထက္၃ဆခန႔္(၃၄သိန္း) ေပးၿပီးဝယ္ယူထားလိုက္ပါတယ္။

အခုဆိုသူကယ္တင္ထားတဲ့ႏြားႀကီးကိုေရမိုးခ်ိဳးအေမႊးနဲ႔သာမ်ားလိမ္းက်ံၿပီးသူ႔အထည္ဆိုင္ထဲမွာေမြးျမဴထားပါတယ္။ဒီသတင္းကိုစိတ္ဝင္စားၿပီးေတာ့

ႏြားႀကီးကိုလာေရာက္ၾကည့္ရႉသူမ်ားျဖင့္အထူးစည္ကား ေနပါတယ္။ႏြားႀကီးကိုဝယ္ၿပီးနာရီးပိုင္းအတြင္းမွာပဲ သူ႔ဆိုင္ဟာမထင္ မွတ္ေလာက္ေအာင္ေဈးေရာင္းေကာင္းခဲ့ပါတယ္။

သူ႔တစ္သက္ဒီႏြားႀကီး မေသမခ်င္းျပဳစုေကြၽးေမြးသြား မယ္လို႔လည္းလာေရာက္ၾကည့္ရႉတဲ့သူေတြကို အပ်ိဳႀကီးမမကဂ႐ုဏာသံေလးနဲ႔ရွင္းျပေနပါတယ္။ဒီႏြားႀကီးကိုသူႏွစ္သက္တဲ့

အႏုပညာရွင္ျဖစ္တဲ့ပဲခူးသားသ႐ုပ္ေဆာင္တစ္ေယာက္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ “ထြန္းကိုကို”လို႔နာမည္ေပးထားပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *