သမိုင်းဆရာတွေ ရှာနေတဲ့ ဒဏ္ဍာရီလာမြွေကြီးကို ကျောက်ဆောင်အဖြစ်တွေ့ရှိရ

Sharing is caring!

ယခု သတင်းကို ( SiThuMaung ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်။ထိုင်း – လာအို မဲခေါင်မြစ်ဝှမ်းဒေသအနီးက တောထဲမှာ လျှို့ဝှက်အံ့ဩစရာကောင်းအောင်ဧရာမကျောက်ဆောင်မြွေနဂါးခေါင်းပြတ်နှင့်

ရစ်ပတ်ခွေပြီးကြွင်းကျန်ရစ်နေသောကိုယ်ခန္ဓာသဏ္ဍန်ကြီး လျှိုကမ်းပါးယံတစ်ခုကိုတွေ့ရှိကမ္ဘာ့နေရာဒေသများများတွင်လူသားတို့လေ့လာစူစမ်းရှာဖွေလို့မကုန်နိုင်တဲ့

လျှို့ဝက်ဆန်းကျယ်မှုတွေနဲ့အတူ မယုံနိုင်စရာ ဒဏ္ဍာရီဆန်ဆန်အဖြစ်အပျက်များစွာကလည်း သဘာဝတရားကြီးနဲ့ပေါင်းစပ်ကာ လူသူမရောက်နိုင်ကြတဲ့ စိမ့်ကြီးဂနိုင်တောမြိုင်ထဲကြီးထဲမှာ မြင်ရသူများအဘို့မှင်သက်မိရလောက်အောင် အသက်ဝင်လွန်းလှသော အရာတွေက တစ်ကယ့်ကိုရှိနေတယ်ဆိုတာ မယုံနိုင်စရာပါဘဲ ။

ကီလိုမီတာပေါင်း ၄၈၀၀ ခန့်ရှည်လျားတဲ့ (၆) နိုင်ငံကို ရစ်ပတ်စီးဆင်းခွေလျှက်ရှိနေတဲ့ မယ်ခေါင်မြစ်ကြီးကိုထက်ပိုင်းခြမ်းပြီးပိုင်ဆိုင်ထားကြတဲ့

ထိုင်း 🇹🇭 🇱🇦 လာအို နှစ်နိုင်ငံရဲ့ တောတွင်းတစ်နေရာမှာ ” နဂါးဂူ ” လို့ ခေါ်တဲ့ ” ထမ့်နားခါး ” ဂူဟာ ထိုင်းနိုင်ငံရဲ့ အရှေ့ဘက် အီစံပြည်နယ် Bueng Kan ခရိုင် Bueng Khong Long မြို့နယ်ရဲ့အရှေ့ဘက်တောကြီးထဲတွင်သဘာဝကျောက်တုံး ကျောက်ဆောင်ဖြစ်တဲ့ အင်မတန်ကြီးမားတဲ့မြွေခေါင်းပြတ်ကြီးဟာ

ကျောက်ဆောင်ကမ်းပါးယံတစ်ခုပေါ်ကိုမေးတင်နေတဲ့ သဘာဝပုံသဏ္ဍန်အတိုင်းတင်နေပြီးသက်ရှိမြွေနဂါးကြီးနဲ့ အလွန်တူလွန်းနေတာကြောင့် လူမှုကွန်ယက်မှာပျံ့နှံ့သွားပါတယ် ။

ပို၍ထူးဆန်းနေတာက ကျောက်မြွေနဂါးကြီးရဲ့ဦးခေါင်းဟာ လာအိုဘက်ခြမ်း UdomChai ခရိုင် ၊ Bang Leak ကျေးရွာဘက်ကပိုင်ဆိုင်ပြီး

ခန္ဓာကိုယ်အစိတ်အပိုင်းအကြေးခွံတွေအရစ်ရစ်နဲ့ ဧရာမလျှိုကမ်းပါးယံကြီးကိုတော့ ထိုင်းဘက်ခြမ်းကပိုင်ဆိုင်တယ်လို့သိရပါတယ် ။

တိတ်ဆိတ်ငြိမ်သက် လှပတဲ့ရေတံခွန်နဲ့ စမ်းချောင်းလေးတစ်ခုကလည်း မြွေရဲ့အကြေးခွံတွေ အရစ်ရစ်ပေါ်နေသလို သဘာဝကျောက်ပြင်ကျောက်ဆိုင်တွေကိုလည်း

းထူးဆန်းစွာမြင်တွေ့ရနိုင်ပါတယ် ၊ ဘူမိဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကတော့ Sun Crack လို့လည်းခေါ်ဆိုပါတယ် ။

ရှေးလူကြီးတွေရဲ့ဒဏ္ဍာရီပုံပြင်အရ ကျိန်စာသင့်ခဲ့လို လည်ပြတ်သွားတဲ့နဂါးမင်းလို့လည်းဆိုကြပါတယ် ၊ ရှေးရှေးကသူတော်စင်တွေတရားအားထုတ်ကြတဲ့နေရာလို့လည်းဆိုပါတယ် ၊အဲ့ဒီနေရာကို

ထိုင်းလူမျိုးဓါတ်ပုံဆရာတစ်ဦးဖြစ်တဲ့ Ched Kantawong ဆိုသူဟာ ရောက်ရှိသွားပြီး Bueng Kan ခရိုင်လေးမှာအထင်ကရ လူတွေလေ့လာ လည်ပတ်စရာတစ်ခုတွေ့ရှိလိုက်ပြီလို့ဆိုကာ

သူ၏လူမှုကွန်ယက်ကနေ Covid ကင်းစင်တဲ့အခါ လာရောက်လည်ပတ်ကြဘို့ မေလ ၂၇ ရက်နေ့ကရေးသားပြီး ဖိတ်ခေါ်ထားပါတယ်..

ဘွမ့်ကန်း ခရိုင်သည် လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကမှ ခရိုင်အဆင့်အဖြစ် ၈ မြို့နယ်နှင့်သတ်မှတ်ဖွဲ့စည်းလိုက်တဲ့ (၇၇) ခရိုင်မြောက်ဖြစ်ပါတယ် ၊ ဘန်ကောက်မြို့ကနေ ၇၇၆.၄ ကီလိုမီတာကွာဝေးပါတယ် ။

Photo Credit #Ched

#SiThuMaung

Zawgyi Version

ယခု သတင္းကို ( SiThuMaung ) စာမ်က္ႏွာ မွ တစ္ဆင့္ ျပန္လည္ မွ်ေဝ တင္ဆက္ျခင္း ျဖစ္ပါသည္။ထိုင္း – လာအို မဲေခါင္ျမစ္ဝွမ္းေဒသအနီးက ေတာထဲမွာ လွ်ိဳ႕ဝွက္အံ့ဩစရာေကာင္းေအာင္ဧရာမေက်ာက္ေဆာင္ေႁမြနဂါးေခါင္းျပတ္ႏွင့္

ရစ္ပတ္ေခြၿပီးႂကြင္းက်န္ရစ္ေနေသာကိုယ္ခႏၶာသ႑န္ႀကီး လွ်ိဳကမ္းပါးယံတစ္ခုကိုေတြ႕ရွိကမာၻ႔ေနရာေဒသမ်ားမ်ားတြင္လူသားတို႔ေလ့လာစူစမ္းရွာေဖြလို႔မကုန္ႏိုင္တဲ့

လွ်ိဳ႕ဝက္ဆန္းက်ယ္မႈေတြနဲ႔အတူ မယုံႏိုင္စရာ ဒ႑ာရီဆန္ဆန္အျဖစ္အပ်က္မ်ားစြာကလည္း သဘာဝတရားႀကီးနဲ႔ေပါင္းစပ္ကာ လူသူမေရာက္ႏိုင္ၾကတဲ့ စိမ့္ႀကီးဂႏိုင္ေတာၿမိဳင္ထဲႀကီးထဲမွာ ျမင္ရသူမ်ားအဘို႔မွင္သက္မိရေလာက္ေအာင္ အသက္ဝင္လြန္းလွေသာ အရာေတြက တစ္ကယ့္ကိုရွိေနတယ္ဆိုတာ မယုံႏိုင္စရာပါဘဲ ။

ကီလိုမီတာေပါင္း ၄၈၀၀ ခန႔္ရွည္လ်ားတဲ့ (၆) ႏိုင္ငံကို ရစ္ပတ္စီးဆင္းေခြလွ်က္ရွိေနတဲ့ မယ္ေခါင္ျမစ္ႀကီးကိုထက္ပိုင္းျခမ္းၿပီးပိုင္ဆိုင္ထားၾကတဲ့

ထိုင္း 🇹🇭 🇱🇦 လာအို ႏွစ္ႏိုင္ငံရဲ႕ ေတာတြင္းတစ္ေနရာမွာ ” နဂါးဂူ ” လို႔ ေခၚတဲ့ ” ထမ့္နားခါး ” ဂူဟာ ထိုင္းႏိုင္ငံရဲ႕ အေရွ႕ဘက္ အီစံျပည္နယ္ Bueng Kan ခ႐ိုင္ Bueng Khong Long ၿမိဳ႕နယ္ရဲ႕အေရွ႕ဘက္ေတာႀကီးထဲတြင္သဘာဝေက်ာက္တုံး ေက်ာက္ေဆာင္ျဖစ္တဲ့ အင္မတန္ႀကီးမားတဲ့ေႁမြေခါင္းျပတ္ႀကီးဟာ

ေက်ာက္ေဆာင္ကမ္းပါးယံတစ္ခုေပၚကိုေမးတင္ေနတဲ့ သဘာဝပုံသ႑န္အတိုင္းတင္ေနၿပီးသက္ရွိေႁမြနဂါးႀကီးနဲ႔ အလြန္တူလြန္းေနတာေၾကာင့္ လူမႈကြန္ယက္မွာပ်ံ႕ႏွံ႔သြားပါတယ္ ။

ပို၍ထူးဆန္းေနတာက ေက်ာက္ေႁမြနဂါးႀကီးရဲ႕ဦးေခါင္းဟာ လာအိုဘက္ျခမ္း UdomChai ခ႐ိုင္ ၊ Bang Leak ေက်း႐ြာဘက္ကပိုင္ဆိုင္ၿပီး

ခႏၶာကိုယ္အစိတ္အပိုင္းအေၾကးခြံေတြအရစ္ရစ္နဲ႔ ဧရာမလွ်ိဳကမ္းပါးယံႀကီးကိုေတာ့ ထိုင္းဘက္ျခမ္းကပိုင္ဆိုင္တယ္လို႔သိရပါတယ္ ။

တိတ္ဆိတ္ၿငိမ္သက္ လွပတဲ့ေရတံခြန္နဲ႔ စမ္းေခ်ာင္းေလးတစ္ခုကလည္း ေႁမြရဲ႕အေၾကးခြံေတြ အရစ္ရစ္ေပၚေနသလို သဘာဝေက်ာက္ျပင္ေက်ာက္ဆိုင္ေတြကိုလည္း

းထူးဆန္းစြာျမင္ေတြ႕ရႏိုင္ပါတယ္ ၊ ဘူမိေဗဒဆိုင္ရာ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ Sun Crack လို႔လည္းေခၚဆိုပါတယ္ ။

ေရွးလူႀကီးေတြရဲ႕ဒ႑ာရီပုံျပင္အရ က်ိန္စာသင့္ခဲ့လို လည္ျပတ္သြားတဲ့နဂါးမင္းလို႔လည္းဆိုၾကပါတယ္ ၊ ေရွးေရွးကသူေတာ္စင္ေတြတရားအားထုတ္ၾကတဲ့ေနရာလို႔လည္းဆိုပါတယ္ ၊အဲ့ဒီေနရာကို

ထိုင္းလူမ်ိဳးဓါတ္ပုံဆရာတစ္ဦးျဖစ္တဲ့ Ched Kantawong ဆိုသူဟာ ေရာက္ရွိသြားၿပီး Bueng Kan ခ႐ိုင္ေလးမွာအထင္ကရ လူေတြေလ့လာ လည္ပတ္စရာတစ္ခုေတြ႕ရွိလိုက္ၿပီလို႔ဆိုကာ

သူ၏လူမႈကြန္ယက္ကေန Covid ကင္းစင္တဲ့အခါ လာေရာက္လည္ပတ္ၾကဘို႔ ေမလ ၂၇ ရက္ေန႔ကေရးသားၿပီး ဖိတ္ေခၚထားပါတယ္..

ဘြမ့္ကန္း ခ႐ိုင္သည္ လြန္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္ကမွ ခ႐ိုင္အဆင့္အျဖစ္ ၈ ၿမိဳ႕နယ္ႏွင့္သတ္မွတ္ဖြဲ႕စည္းလိုက္တဲ့ (၇၇) ခ႐ိုင္ေျမာက္ျဖစ္ပါတယ္ ၊ ဘန္ေကာက္ၿမိဳ႕ကေန ၇၇၆.၄ ကီလိုမီတာကြာေဝးပါတယ္ ။

Photo Credit #Ched

#SiThuMaung

Add a Comment

Your email address will not be published. Required fields are marked *