ကျောင်းထိုင်ဘုန်းကြီး လိုချင်လို့ အကူအညီတောင်းလာတဲ့ နမ္မတူက ရွာလေး

Sharing is caring!

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ မြို့နယ်က အိမ်ခြေ ၃၀ ကျော်ရှိတဲ့ လီဆူတိုင်းရင်းသားတွေနေထိုင်တဲ့ လွယ် ခွန်ကျေးရွာမှာ သာသနာ့အကျိုးကိုအမှန်တကယ်သယ်ပိုးလိုတဲ့ ကျောင်းထိုင်ဆရာတော် လိုအပ်နေပါတယ်။

Covid -19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေကို ရွာစဉ်အလိုက် ဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးရင်း အဲဒီရွာကို ရောက်ရှိခဲ့တဲ့ ဆရာတော် သောဘိသကို ဒေသခံ ရွာသားတွေက တရားပြပေးနိုင်မယ့်

ဆရာတော် တစ်ပါး လိုအပ်နေတဲ့အကြောင်း တောင်းပန်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

လွယ်ခွန်ကျေးရွာက လီဆူတိုင်းရင်းသားတွေက အရင်ကဆို ဗုဒ္ဓဘာသာကိုးကွယ်သူ အနည်းငယ်သာ ရှိခဲ့ တာပါ။ အများအားဖြင့် နှစ်ချင်းခရစ်ယာန်ဘာသာနဲ့ ကက်သလစ်ဘာသာ ကိုးကွယ်သူတွေ ဖြစ်ပါတယ်။

လက်ရှိအချိန် မှာတော့ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင် ကူးပြောင်းကိုးကွယ်နေတဲ့ အိမ်ခြေ ၂၁ အိမ်ထောင်စု မိသားစုဝင် တွေအတွက် တရားပြပေးနိုင်မယ့် ကျောင်းထိုင်ဆရာတော် တစ်ပါး

လိုအပ်နေတာပါ။လောလောဆယ်မှာတော့ ဗုဒ္ဓဘာသာကို ကူးပြောင်း ကိုးကွယ်နေသူတွေအတွက် ဘုန်းကြီးကျောင်းဆောင်သစ် မှာ ဘုရားဆင်းတုတော်တွေ ပင့်ဆောင်ထားရှိပေးတာတွေကို လုပ်ဆောင်ပေးထားတယ်လို့ သိရပါတယ်။

နမ့်ဆန်မြို့နယ် အထက်မန်လွယ်ကျေးရွာ သတိပဌာန်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် သောဘိတက” အခုမှဗုဒ္ဓဘာသာကိုဝင်တယ် ကျောင်းစဆောက်တယ် ၊ ဦးဇင်းတို့သံဃာတော်တွေအစည်းအဝေးလုပ်ပြီး

တစ်ပါးပို့ပေးမယ်လို့တော့ စဉ်းစားထားတယ် ၊ဘာသာရေးကနည်းနည်းအားနည်းသေးတော့ ဦးဇင်းတို့က ဦးဆောင်ပြီး ကျောင်းဆောက်ပေးတာတွေလည်း ရှိပါတယ်” လို့ မိန့်ဆိုခဲ့ပါတယ်။

ကျောင်းထိုင်ဆရာတော် တစ်ပါး ပို့ပေးပြီးရင် ဘာသာတရားနဲ့ ပတ်သက်တဲ့ ဆိုဆုံးမမှုတွေ တရားပြတာတွေ လုပ်ပေးသွာမယ့်အပြင် ကျေးရွာက ကလေးတွေကိုလည်း ကျောင်းပညာသင်ကြားပေးဖို့ စီစဉ်ထားရှိနေတယ် လို့လည်း သိရပါတယ်။

လွယ်ခွန်ကျေးရွာဟာ နမ္မတူမြို့နယ်ထဲမှာ ရှိပေမယ့် မြို့နဲ့ အလှမ်းဝေးတဲ့ အနေအထားမှာ ရှိနေပြီး နမ္မတူမြို့နဲ့ နမ့်ဆန်မြို့နယ် ဆက်သွယ်ထားတဲ့ကြားမှာ ရှိနေတဲ့ ရွာလေးတစ်ရွာ ဖြစ်ပါတယ်။

Photo-Uthawbhitha Namsan

Zawgyi Version

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမၼတူ ၿမိဳ႕နယ္က အိမ္ေျခ ၃၀ ေက်ာ္ရွိတဲ့ လီဆူတိုင္းရင္းသားေတြေနထိုင္တဲ့ လြယ္ ခြန္ေက်း႐ြာမွာ သာသနာ့အက်ိဳးကိုအမွန္တကယ္သယ္ပိုးလိုတဲ့ ေက်ာင္းထိုင္ဆရာေတာ္ လိုအပ္ေနပါတယ္။

Covid -19 ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းစဥ္ေတြကို ႐ြာစဥ္အလိုက္ ေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ေပးရင္း အဲဒီ႐ြာကို ေရာက္ရွိခဲ့တဲ့ ဆရာေတာ္ ေသာဘိသကို ေဒသခံ ႐ြာသားေတြက တရားျပေပးႏိုင္မယ့္

ဆရာေတာ္ တစ္ပါး လိုအပ္ေနတဲ့အေၾကာင္း ေတာင္းပန္ေလွ်ာက္ထားခဲ့တာ ျဖစ္ပါတယ္။

လြယ္ခြန္ေက်း႐ြာက လီဆူတိုင္းရင္းသားေတြက အရင္ကဆို ဗုဒၶဘာသာကိုးကြယ္သူ အနည္းငယ္သာ ရွိခဲ့ တာပါ။ အမ်ားအားျဖင့္ ႏွစ္ခ်င္းခရစ္ယာန္ဘာသာနဲ႔ ကက္သလစ္ဘာသာ ကိုးကြယ္သူေတြ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္ မွာေတာ့ ဗုဒၶဘာသာကို ယုံၾကည္သက္ဝင္ ကူးေျပာင္းကိုးကြယ္ေနတဲ့ အိမ္ေျခ ၂၁ အိမ္ေထာင္စု မိသားစုဝင္ ေတြအတြက္ တရားျပေပးႏိုင္မယ့္ ေက်ာင္းထိုင္ဆရာေတာ္ တစ္ပါး

လိုအပ္ေနတာပါ။ေလာေလာဆယ္မွာေတာ့ ဗုဒၶဘာသာကို ကူးေျပာင္း ကိုးကြယ္ေနသူေတြအတြက္ ဘုန္းႀကီးေက်ာင္းေဆာင္သစ္ မွာ ဘုရားဆင္းတုေတာ္ေတြ ပင့္ေဆာင္ထားရွိေပးတာေတြကို လုပ္ေဆာင္ေပးထားတယ္လို႔ သိရပါတယ္။

နမ့္ဆန္ၿမိဳ႕နယ္ အထက္မန္လြယ္ေက်း႐ြာ သတိပဌာန္ေက်ာင္းတိုက္ ေက်ာင္းထိုင္ဆရာေတာ္ ေသာဘိတက” အခုမွဗုဒၶဘာသာကိုဝင္တယ္ ေက်ာင္းစေဆာက္တယ္ ၊ ဦးဇင္းတို႔သံဃာေတာ္ေတြအစည္းအေဝးလုပ္ၿပီး

တစ္ပါးပို႔ေပးမယ္လို႔ေတာ့ စဥ္းစားထားတယ္ ၊ဘာသာေရးကနည္းနည္းအားနည္းေသးေတာ့ ဦးဇင္းတို႔က ဦးေဆာင္ၿပီး ေက်ာင္းေဆာက္ေပးတာေတြလည္း ရွိပါတယ္” လို႔ မိန႔္ဆိုခဲ့ပါတယ္။

ေက်ာင္းထိုင္ဆရာေတာ္ တစ္ပါး ပို႔ေပးၿပီးရင္ ဘာသာတရားနဲ႔ ပတ္သက္တဲ့ ဆိုဆုံးမမႈေတြ တရားျပတာေတြ လုပ္ေပးသြာမယ့္အျပင္ ေက်း႐ြာက ကေလးေတြကိုလည္း ေက်ာင္းပညာသင္ၾကားေပးဖို႔ စီစဥ္ထားရွိေနတယ္ လို႔လည္း သိရပါတယ္။

လြယ္ခြန္ေက်း႐ြာဟာ နမၼတူၿမိဳ႕နယ္ထဲမွာ ရွိေပမယ့္ ၿမိဳ႕နဲ႔ အလွမ္းေဝးတဲ့ အေနအထားမွာ ရွိေနၿပီး နမၼတူၿမိဳ႕နဲ႔ နမ့္ဆန္ၿမိဳ႕နယ္ ဆက္သြယ္ထားတဲ့ၾကားမွာ ရွိေနတဲ့ ႐ြာေလးတစ္႐ြာ ျဖစ္ပါတယ္။

Photo-Uthawbhitha Namsan

Add a Comment

Your email address will not be published. Required fields are marked *