ရုရှားနိုင်ငံမှာ တည်ထားတဲ့ ရွှေစည်းခုံစေတီတော်ဘေးတွင် ထားရန် ကြေးဆင်းတုတော်ကြီး သယ်ယူခဲ့တဲ့ ပုံရိပ်များ

Sharing is caring!

ရုရှားနိုင်ငံ၊ မော်စကိုမြို့အနီး ကာလုဂါ၊ အတနာမီ – ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံ စေတီတော်ကြီးဘေး ကွက်လပ်နေရာတွင် တည်ထားကိုးကွယ်မည့် ကြေးဆင်းတုတော်များနှင့် မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ၊ ဗုဒ္ဓစင်တာ မော်စကိုတွင် တည်ထားကိုးကွယ်မည့် ကြေးဆင်းတုတော်များ ရောက်ရှိသည့်အတွက် ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဒေါက်တာအရှင်အစ္ဆရိယ ဦးဆောင်၍ မြန်မာစစ်သံမှူး(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုး နှင့် ရုရှားနိုင်ငံရောက် ပညာတော်သင် တပည့် ဒါယကာများမှ သွားရောက်ပင့်ဆောင်ခဲ့ပါသည်။

#ရွှေစည်းခုံစေတီတော်ကြီးဘေးကွက်လပ်နေရာတွင်

၁။ စေတီတော်ကြီး၏ မျက်နှာစာ တွင် ဉာဏ်တော် ၁၈ပေ အမြင့်ရှိ စင်္ကြန်လျှောက်နေတော်မူဟန် ကြေးဆင်းတုတော်ကြီး တစ်ဆူကို အလျား ၅၄ပေ၊ အနံ ၃၆ပေရှိ ရင်ပြင်တော်ပေါ်တွင် တည်ထားကိုးကွယ်ပါမည်။

၂။ စေတီတော်ကြီး၏ ဘေးဘက်တွင် ဉာဏ်တော် ၁၃ပေ ၆လက်မအမြင့်ရှိ ခြေဆင်းထိုင်တော်မူဟန် ကြေးဆင်းတုတော်ကြီးကို ဘေးတစ်ဘက်တစ်ချက်စီတွင် ဉာဏ်တော် ၉ပေအမြင့်ရှိ ရပ်တော်မူ ကြေးဆင်းတုတော် ၂ဆူ ခြံရံလျှက် အလျား ၅၄ပေ၊ အနံ ၃၆ပေရှိ ရင်ပြင်တော်ပေါ်တွင် တည်ထားကိုးကွယ်ပါမည်။

အထက်ဖေါ်ပြပါ ဗုဒ္ဓဆင်းတုတော် လေးဆူသည် ၂၈-၅-၂၀၂၀ ရက်နေ့ ညနေ ၁၆:၀၀ နာရီခန့် တွင် အနာတမီ – ကမ္ဘာ့ယဉ်ကျေးမှု ငြိမ်းချမ်းရေးပန်းခြံသို့လည်းကောင်း၊ မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓစင်တာတွင် သီတင်းသုံးတော်မူမည့် ဆင်းတုတော်တစ်ဆူနှင့် ပလ္လင်တို့သည်
ည ၁၁:၄၅ နာရီခန့်တွင်လည်းကောင်း အဆင်ပြေ ချောမွေ့စွာဖြင့် ရောက်ရှိပြီဖြစ်ပါကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။

ရုရှားနိုင်ငံတွင် ယခုကဲ့သို့ တည်ဆောက်နိုင်ရန်အတွက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် အကြိမ်ကြိမ်ကြွရောက်ပြီး ကြိုးပမ်းတော်မူခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန်လတွင် ကမ္ဘာ့ယဉ်ကျေးမှုရွာတွင် နေရာသတ်မှတ်ပြီး ပုံစံများထုတ်ခြင်း၊ မြန်မာ၊ ရုရှားပညာရှင်များ-အင်ဂျင်နီယာများနှင့်အတူ ထပ်မံအချောသပ်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

နေရာသတ်မှတ်ပြီးနောက် မြေသန့်မင်္ဂလာနှင့် ပန္နက်တော်တင်၊ ရတနာအုဌ်မြစ်စီ အခမ်းအနားကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံမှ ဆရာတော်သံဃာတော်များနှင့် ပြည်ပသာသနာပြု ဆရာတော်များ ပင့်ဖိတ်ဆောင်ရွက်တော်မူခဲ့ပါသည်။

ရုရှားနိုင်ငံ ဗုဒ္ဓသာသနာ့သမိုင်း မော်ကွန်းသစ်တင်မည့် မြန်မာ့ယဉ်ကျေးမှု လက်ရာအပြည့်ဖြင့် တည်ဆောက်နေသည့် ရွှေစည်းခုံ (ပုံတူ) စေတီတော်၏ ပင်မအလှူရှင်မှာ ဦးအောင်ကိုဝင်း+ဒေါ်နန်းသန်းထွေး မိသားစုဖြစ်ပါသည်။ရွှေစည်းခုံ စေတီတော်ကြီးဘေး ကွက်လပ်တွင် တည်ထားပူဇော်သည့် ဆင်းတုတော် လေးဆူမှာ မန္တလေးမြို့မှ ကျောင်းဒကာ ကျောင်းအစ်မများ၏ ပေါင်းစုသည့် ကောင်းမှုကုသိုလ်ဖြစ်ပါသည်။

ဂန္ဓကုဋီတိုက်အတွင်း ပူဇော်ထားရှိမည့် ၂၇ လက်မ ကြေးသွန်းဆင်းတုတော်-၃၀ ဆူမှာ မြန်မာနိုင်ငံ အရပ်ရပ်မှ တပည့်ဒကာအပေါင်းတို့၏ ပေါင်းစုသည့် ကောင်းမှုဖြစ်ပါသည်။သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့သော ရုရှားနိုင်ငံ၊ ရွှေစည်းခုံ (ပုံတူ) စေတီတော်၊ ဗုဒ္ဓသာသနိက အဆောက်အဦနှင့် ရုရှားနိုင်ငံ သာသနာပြုနိုင်ရန်အတွက် အဖက်ဖက်မှ ထောက်ပံ့လှူဒါန်းပေးကြသည့် အလှူရှင်များ၏ မွန်မြတ်သောအလှူတော်ကို သီတဂူသာသနာပြုအဖွဲ့က ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

Photo – Khant Ko Zan

Zawgyi Version

႐ုရွားႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕အနီး ကာလုဂါ၊ အတနာမီ – ကမာၻ႔ယဥ္ေက်းမႈၿမိဳ႕ေတာ္ရွိ ေ႐ႊစည္းခုံ ေစတီေတာ္ႀကီးေဘး ကြက္လပ္ေနရာတြင္ တည္ထားကိုးကြယ္မည့္ ေၾကးဆင္းတုေတာ္မ်ားႏွင့္ ျမန္မာေထရဝါဒ ဗုဒၶဝိဟာရ၊ ဗုဒၶစင္တာ ေမာ္စကိုတြင္ တည္ထားကိုးကြယ္မည့္ ေၾကးဆင္းတုေတာ္မ်ား ေရာက္ရွိသည့္အတြက္ ေက်ာင္းထိုင္ဆရာေတာ္ မဟာသဒၶမၼေဇာတိကဓဇေဒါက္တာအရွင္အစၦရိယ ဦးေဆာင္၍ ျမန္မာစစ္သံမႉး(ၾကည္း၊ေရ၊ေလ) ဗိုလ္မႉးခ်ဳပ္ ေက်ာ္စိုးမိုး ႏွင့္ ႐ုရွားႏိုင္ငံေရာက္ ပညာေတာ္သင္ တပည့္ ဒါယကာမ်ားမွ သြားေရာက္ပင့္ေဆာင္ခဲ့ပါသည္။

#ေ႐ႊစည္းခုံေစတီေတာ္ႀကီးေဘးကြက္လပ္ေနရာတြင္

၁။ ေစတီေတာ္ႀကီး၏ မ်က္ႏွာစာ တြင္ ဉာဏ္ေတာ္ ၁၈ေပ အျမင့္ရွိ စၾကၤန္ေလွ်ာက္ေနေတာ္မူဟန္ ေၾကးဆင္းတုေတာ္ႀကီး တစ္ဆူကို အလ်ား ၅၄ေပ၊ အနံ ၃၆ေပရွိ ရင္ျပင္ေတာ္ေပၚတြင္ တည္ထားကိုးကြယ္ပါမည္။

၂။ ေစတီေတာ္ႀကီး၏ ေဘးဘက္တြင္ ဉာဏ္ေတာ္ ၁၃ေပ ၆လက္မအျမင့္ရွိ ေျခဆင္းထိုင္ေတာ္မူဟန္ ေၾကးဆင္းတုေတာ္ႀကီးကို ေဘးတစ္ဘက္တစ္ခ်က္စီတြင္ ဉာဏ္ေတာ္ ၉ေပအျမင့္ရွိ ရပ္ေတာ္မူ ေၾကးဆင္းတုေတာ္ ၂ဆူ ၿခံရံလွ်က္ အလ်ား ၅၄ေပ၊ အနံ ၃၆ေပရွိ ရင္ျပင္ေတာ္ေပၚတြင္ တည္ထားကိုးကြယ္ပါမည္။

အထက္ေဖၚျပပါ ဗုဒၶဆင္းတုေတာ္ ေလးဆူသည္ ၂၈-၅-၂၀၂၀ ရက္ေန႔ ညေန ၁၆:၀၀ နာရီခန႔္ တြင္ အနာတမီ – ကမာၻ႔ယဥ္ေက်းမႈ ၿငိမ္းခ်မ္းေရးပန္းၿခံသို႔လည္းေကာင္း၊ ေမာ္စကိုၿမိဳ႕ရွိ ျမန္မာေထရဝါဒ ဗုဒၶစင္တာတြင္ သီတင္းသုံးေတာ္မူမည့္ ဆင္းတုေတာ္တစ္ဆူႏွင့္ ပလႅင္တို႔သည္
ည ၁၁:၄၅ နာရီခန႔္တြင္လည္းေကာင္း အဆင္ေျပ ေခ်ာေမြ႕စြာျဖင့္ ေရာက္ရွိၿပီျဖစ္ပါေၾကာင္း ဝမ္းေျမာက္စြာ အသိေပးအပ္ပါသည္။

႐ုရွားႏိုင္ငံတြင္ ယခုကဲ့သို႔ တည္ေဆာက္ႏိုင္ရန္အတြက္ ေက်းဇူးေတာ္ရွင္ သီတဂူဆရာေတာ္ႀကီးသည္ အႀကိမ္ႀကိမ္ႂကြေရာက္ၿပီး ႀကိဳးပမ္းေတာ္မူခဲ့သည္။ ၂၀၁၇ ခုႏွစ္ ဇြန္လတြင္ ကမာၻ႔ယဥ္ေက်းမႈ႐ြာတြင္ ေနရာသတ္မွတ္ၿပီး ပုံစံမ်ားထုတ္ျခင္း၊ ျမန္မာ၊ ႐ုရွားပညာရွင္မ်ား-အင္ဂ်င္နီယာမ်ားႏွင့္အတူ ထပ္မံအေခ်ာသပ္လုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့သည္။

ေနရာသတ္မွတ္ၿပီးေနာက္ ေျမသန႔္မဂၤလာႏွင့္ ပႏၷက္ေတာ္တင္၊ ရတနာအုဌ္ျမစ္စီ အခမ္းအနားကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလတြင္ ျမန္မာႏိုင္ငံမွ ဆရာေတာ္သံဃာေတာ္မ်ားႏွင့္ ျပည္ပသာသနာျပဳ ဆရာေတာ္မ်ား ပင့္ဖိတ္ေဆာင္႐ြက္ေတာ္မူခဲ့ပါသည္။

႐ုရွားႏိုင္ငံ ဗုဒၶသာသနာ့သမိုင္း ေမာ္ကြန္းသစ္တင္မည့္ ျမန္မာ့ယဥ္ေက်းမႈ လက္ရာအျပည့္ျဖင့္ တည္ေဆာက္ေနသည့္ ေ႐ႊစည္းခုံ (ပုံတူ) ေစတီေတာ္၏ ပင္မအလႉရွင္မွာ ဦးေအာင္ကိုဝင္း+ေဒၚနန္းသန္းေထြး မိသားစုျဖစ္ပါသည္။ေ႐ႊစည္းခုံ ေစတီေတာ္ႀကီးေဘး ကြက္လပ္တြင္ တည္ထားပူေဇာ္သည့္ ဆင္းတုေတာ္ ေလးဆူမွာ မႏၲေလးၿမိဳ႕မွ ေက်ာင္းဒကာ ေက်ာင္းအစ္မမ်ား၏ ေပါင္းစုသည့္ ေကာင္းမႈကုသိုလ္ျဖစ္ပါသည္။

ဂႏၶကုဋီတိုက္အတြင္း ပူေဇာ္ထားရွိမည့္ ၂၇ လက္မ ေၾကးသြန္းဆင္းတုေတာ္-၃၀ ဆူမွာ ျမန္မာႏိုင္ငံ အရပ္ရပ္မွ တပည့္ဒကာအေပါင္းတို႔၏ ေပါင္းစုသည့္ ေကာင္းမႈျဖစ္ပါသည္။သီတဂူဆရာေတာ္ႀကီး၏ လမ္းၫႊန္မႈျဖင့္ တည္ေဆာက္ခဲ့ေသာ ႐ုရွားႏိုင္ငံ၊ ေ႐ႊစည္းခုံ (ပုံတူ) ေစတီေတာ္၊ ဗုဒၶသာသနိက အေဆာက္အဦႏွင့္ ႐ုရွားႏိုင္ငံ သာသနာျပဳႏိုင္ရန္အတြက္ အဖက္ဖက္မွ ေထာက္ပံ့လႉဒါန္းေပးၾကသည့္ အလႉရွင္မ်ား၏ မြန္ျမတ္ေသာအလႉေတာ္ကို သီတဂူသာသနာျပဳအဖြဲ႕က ဝမ္းေျမာက္ဝမ္းသာျဖင့္ သာဓုအႏုေမာဒနာ ေခၚဆိုပါေၾကာင္း မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါသည္။

Photo – Khant Ko Zan

Add a Comment

Your email address will not be published. Required fields are marked *