ကိုဗစ်၁၉ ကြောင့် မိဘမဲ့ ကိုရင်လေးတွေ ဆွမ်းခက်ခဲနေလို့ ကူညီကြပါ

Sharing is caring!

ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့၊ တိုးချဲ့ ၃ရပ်ကွက်ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းမှာရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆမ်ဒေသအတွင်း ကျေးရွာများက

တိုက်ပွဲရှောင်မိဘမဲ့ကလေးငယ်တွေကို သာသနာ့ဘောင်သွတ်သွင်းပေးပြီး အတန်းပညာသင်ကြားပေးလျှက်ရှိပါတယ်။ယခင်က ကလေးငယ်အယောက် ၅ဝနီးပါးကိုခေါ်ယူစောင့်ရှောက်ထားပေမယ့်

ယခု Covid – 19ကပ်ရောဂါကာလမှာဆွမ်း၊ ဆေး၊ နေရေးထိုင်ရေး အခက်အခဲတွေကြောင့် ကလေးငယ်အချို့ကို နီးစပ်ရာဆွေမျိုးသားချင်းများဆီပြန်ပို့ထားရပြီးလက်ရှိကျောင်းမှာ ကလေး ၂၅ဦးရှိတယ်လို့သိရပါတယ်။

ဆွမ်းကိုအရင်က တန်းဆွမ်းထွက်လို့ရပေမယ့် ယခုကာလမှာတန်းဆွမ်းမထွက်နိုင်တာကြောင့်ဒီလကုန်အထိ(မေလ)ပဲ ဆန်ရှိပြီး ဆွမ်းအခက်အခဲရှိနေရတယ်လို့ အောင်မင်္ဂလာကျောင်းဆရာတော်ကမိန့်တော်မူပါတယ်။

Credit 7 day

ZawGyi Version





Credit 7 day

Add a Comment

Your email address will not be published. Required fields are marked *