ကိုယ်ဝန်ဆောင် ၊ နို့တိုက် မိခင် နဲ့ အသက် ၈၅ နှစ် အထက်များကို ထောက်ပံ့ငွေ ပေးမည်

Sharing is caring!

COVID-19 ကပ်ရောဂါကာလအတွင်းမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊နို့တိုက်မိခင်တွေနဲ့ အသက် ၈၅ နှစ်အထက် အဖိုးအဖွားတွေကို ကျပ်သုံးသောင်းထောက်ပံ့မယ်လို့

လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ် စန်းစန်းအေးက ပြောလိုက်တာဖြစ်ပါတယ်။ဒီလို ငွေကြေးထောက်ပံ့မယ်အစီအစဉ်ကို အသက်မွေးဝမ်းကျောင်းမှုနဲ့

စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ(LIFT) အဖွဲ့နဲ့ မိတ်ဖက်အလှူရှင်နိုင်ငံတွေဖြစ်တဲ့ ဥရောပသမဂ၊ ဆွစ်ဇာလန်၊သြစတြေးလျ၊ အမေရိကန်၊ ကနေဒါစတဲ့ နိုင်ငံတွေက ကန်ဒေါ်လာ ကိုးသန်းထောက်ပံ့မှာဖြစ်တယ်လို့

သိရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင် တွေ၊ နို့တိုက်မိခင် နှစ်သိန်းလေးသောင်းကျော်အတွက် ကန်ဒေါ်လာ ငါးသန်းနီးပါးနဲ့ အသက် ၈၅ နှစ်အထက် အဖိုးအဖွား ၂သိန်းကျော်အတွက်

ကန်ဒေါ်လာ လေးသန်းကျော်ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေကို ကလေးသူငယ်ပုညှက်မှုနှုန်းများတဲ့ ချင်းပြည်နယ်၊

ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ပါဝင်မှာဖြစ်ပါတယ်။ထောက်ပံ့မှုတွေကို လာမယ့်ဇွန်လဆန်းမှာ စတင်မှာဖြစ်ပြီး သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက

တဆင့် အိမ်တိုင်ယာရောက်ပေးအပ်သွားမှာလည်းဖြစ်ပါတယ်။အကျိုးခံစားခွင့်ရှိသူ လေးသိန်းလေးသောင်းကျော်ဟာ ကျပ်သုံးသောင်း တပေါင်းတည်းရရှိမှာဖြစ်ပြီး

လူဦးရေ နှစ်သန်းနီးပါးအပေါ် ကပ်ရောဂါသက်သာမှုကိုလျော့ပါးစေဖို့ သွယ်ဝိုက်အထောက်အပံ့ဖြစ်စေမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Zawgyi Version

COVID-19 ကပ္ေရာဂါကာလအတြင္းမွာ ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ႏို႔တိုက္မိခင္ေတြနဲ႔ အသက္ ၈၅ ႏွစ္အထက္ အဖိုးအဖြားေတြကို က်ပ္သုံးေသာင္းေထာက္ပံ့မယ္လို႔

လူမႈဝန္ထမ္းဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ ေဒၚ စန္းစန္းေအးက ေျပာလိုက္တာျဖစ္ပါတယ္။ဒီလို ေငြေၾကးေထာက္ပံ့မယ္အစီအစဥ္ကို အသက္ေမြးဝမ္းေက်ာင္းမႈနဲ႔

စားနပ္ရိကၡာဖူလုံေရးရန္ပုံေငြ(LIFT) အဖြဲ႕နဲ႔ မိတ္ဖက္အလႉရွင္ႏိုင္ငံေတြျဖစ္တဲ့ ဥေရာပသမဂ၊ ဆြစ္ဇာလန္၊ၾသစေၾတးလ်၊ အေမရိကန္၊ ကေနဒါစတဲ့ ႏိုင္ငံေတြက ကန္ေဒၚလာ ကိုးသန္းေထာက္ပံ့မွာျဖစ္တယ္လို႔

သိရပါတယ္။ ျမန္မာႏိုင္ငံမွာရွိတဲ့ ကိုယ္ဝန္ေဆာင္မိခင္ ေတြ၊ ႏို႔တိုက္မိခင္ ႏွစ္သိန္းေလးေသာင္းေက်ာ္အတြက္ ကန္ေဒၚလာ ငါးသန္းနီးပါးနဲ႔ အသက္ ၈၅ ႏွစ္အထက္ အဖိုးအဖြား ၂သိန္းေက်ာ္အတြက္

ကန္ေဒၚလာ ေလးသန္းေက်ာ္ျဖစ္ပါတယ္။ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ ႏို႔တိုက္မိခင္ေတြကို ကေလးသူငယ္ပုညႇက္မႈႏႈန္းမ်ားတဲ့ ခ်င္းျပည္နယ္၊

ကယားျပည္နယ္၊ ရခိုင္ျပည္နယ္နဲ႔ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေတြမွာ ပါဝင္မွာျဖစ္ပါတယ္။ေထာက္ပံ့မႈေတြကို လာမယ့္ဇြန္လဆန္းမွာ စတင္မွာျဖစ္ၿပီး သက္ဆိုင္ရာရပ္ကြက္၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြက

တဆင့္ အိမ္တိုင္ယာေရာက္ေပးအပ္သြားမွာလည္းျဖစ္ပါတယ္။အက်ိဳးခံစားခြင့္ရွိသူ ေလးသိန္းေလးေသာင္းေက်ာ္ဟာ က်ပ္သုံးေသာင္း တေပါင္းတည္းရရွိမွာျဖစ္ၿပီး

လူဦးေရ ႏွစ္သန္းနီးပါးအေပၚ ကပ္ေရာဂါသက္သာမႈကိုေလ်ာ့ပါးေစဖို႔ သြယ္ဝိုက္အေထာက္အပံ့ျဖစ္ေစမွာျဖစ္တယ္လို႔ သိရွိရပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *