စမ်းချောင်းက (၄) ထပ်တိုက် ပြိုကျရခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်း

Sharing is caring!

စမ်းချောင်းနန္ဒဝန်လမ်း ကြည့်ရတာတော့ မျက်နှာစာ ပြိုကျတာဘဲ။ ၁၉၉၀ ကနေ ၁၉၉၅ လောက်အထိ ကန်ထရိုက်ခေတ်ဦး၊ ဟောင်ကောင်နှစ်လွှာဆိုတဲ့ တိုက်ခန်းတွေ ရန်ကုန်မြို့မှာ ထောင်သောင်းချီ ဆောက်ခဲ့ဘူးတယ်။စမ်းချောင်း၊ ကျောက်မြောင်း၊

တာမွေ မြို့နယ်တွေမှာ အများဆုံးတွေ့ရတယ်။ စည်ပင်ကို ဆောက်လုပ်ခွင့်တင်တော့ နှစ်ထပ် ဆိုရင်တစ်ကယ်ဆောက်တော့ ၄ ထပ်။ သုံးထပ် ပါမစ်တင်ရင် တစ်ကယ်ဆောက်တော့ ခြောက်ထပ်။ လေးထပ်ပါမစ်တင်ရင် တစ်ကယ်ဆောက်တော့ ရှစ်ထပ်။ ကွန်ကရစ်ကြမ်းခင်း

တစ်လွှာ၊ သစ်သားကြမ်းခင်းအပိုတစ်လွှာ နဲ့ နှစ်ဆတိုးဆောက်ကြတာ။နောက်ပြီး အဲဒီခေတ်က ကွန်ကရစ်ဖျော်တဲ့ စက်ရုံ မရှိ၊ ကွန်ကရစ်သယ်တဲ့ ကားမသိ၊ ဆိုက်အချိုး ၁:၂:၄ ဖျော်လောင်းတဲ့ ကန်ထရိုက်ဆို တော်တော် အကောင်းသုံးတဲ့သူ၊ ၁:၃:၆ ဖျော်လောင်းတဲ့သူတွေ အများကြီးရှိတယ်။ ရေ ဘိလပ်မြေ အချိုး များများနဲ့ လျောလျောလျူလျူဝင်အောင် လောင်းသူတွေများတယ်။

ဗိုင်ဗရေတာ မရှိ၊ မြင်ဖူးသူလည်းရှား၊ သံချောင်းလုံးတို့ ဝါးလုံးတို့နဲ့ထိုးတဲ့ခေတ်။ ရီဘားတွေဆိုရင်လည်း

ခံနိုင်ဝန်အားတွေ ဘာတွေ နားမလည်၊ အားဖြည့်သံချောင်း အဝေးကြီး၊ ရိုးရိုးသံချောင်းတောင် အော်ရီဂျင်နယ် မသုံးဘဲ ကြိတ်သံ အကွဲအနာ အတိုတွေ ထည့်သုံးသူတွေများတယ်။သိပ်ဆိုးတဲ့ ကန်ထရိုက်တွေဆို စည်ပတ်သံပြားတို့ တိုင်ကီအနားကွပ်တို့

ထည့်သုံးသူတွေတောင် တွေ့ဖူးတယ်။ အခု အဲဒီတိုက်တွေ အခုဆို အနှစ်သုံးဆယ်ဝန်းကျင်ရှိပြီဆိုတော့ ဒီလိုမျိုးကိစ္စတွေ နောင်လည်း မကြာခဏ ကြားနေရအုန်းမှာဘဲ။

Credit San Kyu

Zawgyi Version

စမ္းေခ်ာင္းနႏၵဝန္လမ္း ၾကည့္ရတာေတာ့ မ်က္ႏွာစာ ၿပိဳက်တာဘဲ။ ၁၉၉၀ ကေန ၁၉၉၅ ေလာက္အထိ ကန္ထ႐ိုက္ေခတ္ဦး၊ ေဟာင္ေကာင္ႏွစ္လႊာဆိုတဲ့ တိုက္ခန္းေတြ ရန္ကုန္ၿမိဳ႕မွာ ေထာင္ေသာင္းခ်ီ ေဆာက္ခဲ့ဘူးတယ္။စမ္းေခ်ာင္း၊ ေက်ာက္ေျမာင္း၊

တာေမြ ၿမိဳ႕နယ္ေတြမွာ အမ်ားဆုံးေတြ႕ရတယ္။ စည္ပင္ကို ေဆာက္လုပ္ခြင့္တင္ေတာ့ ႏွစ္ထပ္ ဆိုရင္တစ္ကယ္ေဆာက္ေတာ့ ၄ ထပ္။ သုံးထပ္ ပါမစ္တင္ရင္ တစ္ကယ္ေဆာက္ေတာ့ ေျခာက္ထပ္။ ေလးထပ္ပါမစ္တင္ရင္ တစ္ကယ္ေဆာက္ေတာ့ ရွစ္ထပ္။ ကြန္ကရစ္ၾကမ္းခင္း

တစ္လႊာ၊ သစ္သားၾကမ္းခင္းအပိုတစ္လႊာ နဲ႔ ႏွစ္ဆတိုးေဆာက္ၾကတာ။ေနာက္ၿပီး အဲဒီေခတ္က ကြန္ကရစ္ေဖ်ာ္တဲ့ စက္႐ုံ မရွိ၊ ကြန္ကရစ္သယ္တဲ့ ကားမသိ၊ ဆိုက္အခ်ိဳး ၁:၂:၄ ေဖ်ာ္ေလာင္းတဲ့ ကန္ထ႐ိုက္ဆို ေတာ္ေတာ္ အေကာင္းသုံးတဲ့သူ၊ ၁:၃:၆ ေဖ်ာ္ေလာင္းတဲ့သူေတြ အမ်ားႀကီးရွိတယ္။ ေရ ဘိလပ္ေျမ အခ်ိဳး မ်ားမ်ားနဲ႔ ေလ်ာေလ်ာလ်ဴလ်ဴဝင္ေအာင္ ေလာင္းသူေတြမ်ားတယ္။

ဗိုင္ဗေရတာ မရွိ၊ ျမင္ဖူးသူလည္းရွား၊ သံေခ်ာင္းလုံးတို႔ ဝါးလုံးတို႔နဲ႔ထိုးတဲ့ေခတ္။ ရီဘားေတြဆိုရင္လည္း

ခံႏိုင္ဝန္အားေတြ ဘာေတြ နားမလည္၊ အားျဖည့္သံေခ်ာင္း အေဝးႀကီး၊ ႐ိုး႐ိုးသံေခ်ာင္းေတာင္ ေအာ္ရီဂ်င္နယ္ မသုံးဘဲ ႀကိတ္သံ အကြဲအနာ အတိုေတြ ထည့္သုံးသူေတြမ်ားတယ္။သိပ္ဆိုးတဲ့ ကန္ထ႐ိုက္ေတြဆို စည္ပတ္သံျပားတို႔ တိုင္ကီအနားကြပ္တို႔

ထည့္သုံးသူေတြေတာင္ ေတြ႕ဖူးတယ္။ အခု အဲဒီတိုက္ေတြ အခုဆို အႏွစ္သုံးဆယ္ဝန္းက်င္ရွိၿပီဆိုေတာ့ ဒီလိုမ်ိဳးကိစၥေတြ ေနာင္လည္း မၾကာခဏ ၾကားေနရအုန္းမွာဘဲ။

Credit San Kyu

Add a Comment

Your email address will not be published. Required fields are marked *