ထိုင်းနိုင်ငံမှာ ကြက်ဥများအတွင်းမှ ထူးဆန်းတဲ့ အရာများတွေ့ရှိ

Sharing is caring!

ထိုင်းနိုင်ငံ၊ ချွှန်ဘူရီ ပြည်နယ်မှာ ကြက်ဥများအတွင်း သန်ကောင်သဏ္ဍာန်အရာတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အမှန်မှာတော့ ဒါတွေဟာ ဘက်တီးရီးယားကြောင့် အသွင်ပြောင်းသွားတဲ့ တစ်သျူးများ

ထွက်ပေါ်လာခြင်းဖြစ်တယ်လို့ဆိုပါတယ်။တစ်သျူးတွေဟာ သန်ကောင်ပုံစံရှိပေမယ့် သန်ကောင်လို ကပ်ပါးကောင်တော့ မဟုတ်ဘူးလို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ချွှန်ဘူရီပြည်နယ်မှာ နေထိုင်သူ Rangsiya Sara-uppatham (၃၄ နှစ်) ဟာ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က အဆိုပါကြက်ဥတွေရဲ့ပုံကို ဖေ့ဘုတ်မှာ တင်ကာကြက်ဥတွေကို Tesco Lotus စတိုးဆိုင်က

ဝယ်ယူခဲ့ပြီး ပြုတ်လိုက်တဲ့အချိန်မှာ အခုလိုမျိုး သန်ကောင်ပုံစံ တစ်သျူးတွေဖြစ်သွားခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။နောက်ရက်မှာ Tesco Lotus စတိုးဆိုင်နဲ့ ရောဂါထိန်းချုပ်ရေးဌာနက အဆိုပါကြက်ဥတွေကို ယူဆောင်သွားပြီး

ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။Kasetsart တက္ကသိုလ်မှ တိရစ္ဆာန် အထူးကု ဆရာဝန် Dr Taweesat Songserm က သန်ကောင်တွေဟာ ကြက်ဥအခွံမာကို ဖောက်ပြီး အတွင်းသို့

မဝင်ရောက်နိုင်ကြောင်း၊ အခုဖြစ်စဉ်ဟာ အဆင့်မြင့် ဘက်တီးရီးယားတစ်မျိုးကြောင့် ကြက်ဥတစ်သျူးတွေဟာ သန်ကောင်ပုံစံတွေအဖြစ် အသွင်ပြောင်းသွားခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Zawgyi Version

Add a Comment

Your email address will not be published. Required fields are marked *