အားလုံး ကိုဗစ် မှာ အာရုံစိုက်နေချိန် ကွန်ဂိုမှာ အီဘိုလာ ဗိုင်းရပ်စ် တကျော့ ပြန်လာပြီ

Sharing is caring!

ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ (DRC)၊ အက်ကွာတာ ပြည်နယ်၊ ဝမ်ဂါတာ ကျန်းမာရေးဇုန် မှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု တစ်ကျော့ပြန် ဖြစ်လာနေတယ်လို့ ဒီနေ့ ဇွန်လ ၂ ရက်နေ့မှ ကွန်ဂိုအစိုးရက ကြေညာလိုက်ပါတယ်။ဝမ်ဂါတာမှာ အီဘိုလာ ဗိုင်းရပ်စ်ကူးစက်မှု ခြောက်ခု အသစ်တွေ့ ရပြီး လေးဦးသေဆုံးကာ နှစ်ဦးကို အထူးကြပ်မတ် ကုသနေတယ်လို့ ကွန်ဂို ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ အီဘိုလာဗိုင်းရပ်စ် ကူးစက်သူ ခြောက်ဦးအနက် သုံးဦးရဲ့ ဓာတ်ခွဲနမူနာတွေ စစ်ဆေးပြီးပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတင်း ထုတ်ပြန်ထားပါတယ်။

ကိုဗစ်ရောဂါကပဲ လူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာ မဟုတ်ဘူးဆိုတာ သတိပေးလိုက်တာ ဖြစ်ကြောင်း၊ အားလုံးရဲ့ အာရုံက ကပ်ရောဂါဆီကိုပဲ ရောက်နေပေမယ့် WHO ကတော့ တခြား ကျန်းမာရေးဆိုင်ရာ အရေးပေါ် ကိစ္စတွေကိုလည်း စောင့်ကြည့်နေကြောင်း WHO အထွေထွေ ညွှန်ကြားရေးမှူး ဒေါက်တာ တက်ဒရိုစ် အက်ဒါနွန် ဂေဘရီယက်ဆက်စ်က ပြောပါတယ်။၁၉၇၆ ခုနှစ်ကတည်းက ကွန်ဂိုနိုင်ငံမှာ ပထမဆုံး အီဘို လာရောဂါ ဖြစ်ပွားမှု စတင် တွေ့ရွိခဲ့ပြီးနောက် အခု တကျော့ပြန် တွေ့ရှိတာက ၁၁ ကြိမ်မြောက် ဖြစ်ပါတယ်။

အီဘိုလာဗိုင်းရပ်စ် ဆိုသည်မှာ သဘာဝ တိရိစ္ဆာန် များမှတဆင့် လူသို့ကူးဆက်သော ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုး ဖြစ်သည်။ အရင်က အီဘိုလာ ဗိုင်းရပ်စ်ရောဂါအားအီဘိုလာ သွေးလွန်ရောဂါ ဟု ခေါ်ဆိုခဲ့သည်။ ဆူဒန်နှင့် ကွန်ဂိုတွင် ၁၉၇၆-ခုနှစ်တွင် စတင်တွေ့ရှိသည်။ ကွန်ဂိုနိုင်ငံရှိ အီဘိုလာမြစ် အမည်ကိုယူပြီး ရောဂါ အမည် ပေးထားခြင်းဖြစ်သည်။

ရောဂါကူးဆက်ခံရသူ ၉၀% အသက်ဆုံးရှုံးကာ ရက်ပိုင်း အတွင်း သေဆုံးစေနိုင်သော အေအိုင်ဒီအက်(စ်)ထက် အဆပေါင်းများစွာ ဆိုးရွားသော ဗိုင်းရပ်စ်ရောဂါပိုး ဖြစ်သည်။ အာဖရိကတိုက် အနောက်အလယ်ပိုင်း နိုင်ငံများရှိ လင်းနို့၊ မျောက်၊ ဒရယ်၊ မျောက်ဝံ

စသောတိရိစ္ဆာန်များတွင် အီဗိုလာဗိုင်းရပ်စ် တွေ့ရှိ ရပြီး ရောဂါပိုးရှိသည့် တိရိစ္ဆာန်အသားများကို လူများစားသုံးရာမှ ကူးစက်ကာ ယခုအချိန်ထိ ကူးစက်ခံရသူ ၁၂၀ဝ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။အာဖရိကတိုက် အလယ်ပိုင်းဒေသနှင့် အနောက် အာဖရိက အစွန်အဖြား ကျေးရွာများတွင် အဓိကဖြစ်နေသည်။ ကွန်ဂို၊ ယူဂန်းဒါးနိုင်ငံ၊ဆူဒန်နိုင်ငံ၊ တောင်အာဖရိက၊ ကုတ်တီဗွား၊ ဂါဘွန်နိုင်ငံများတွင်လည်း အနည်းငယ်ဖြစ်ပွားသည်။ကူးစက်ခံရပြီး ၂ ရက်၊ ၃ ရက်အတွင်း ခေါင်းကိုက်ခြင်း၊ အကြောများ နာခြင်း၊ အဖျားတက်သည့် ရောဂါ လက္ခဏာများ ဖြစ်ပေါ်လာပြီးနောက် နှာစေး၊ အော့အန်၊ ဝမ်းလျှောခြင်းများ ဖြစ်လာတတ်သည်။

အီဘိုလာ ဗိုင်းရပ်စ် ကူးဆက်ခံရပြီး ၂၁ ရက် အကြာတွင် အပြင်းဖျားခြင်း၊ မလှုပ်ရှားနိုင်အောင် အားအင် ကုန်ဆုံးခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်းတို့ ဖြစ်ကာ မကြာခဏ အော့အန်ပြီး ဝမ်းသွားသည့် ရောဂါလက္ခဏာများ ပြလိမ့်မည်။

ထိုမှတဆင့်ရောဂါပြင်းထန်လာကာ ကျောက်ကပ် ၊ အသည်းတို့၏ လုပ်ဆောင်ချက် များကို ဆိုးဝါးစွာ ပျက်ဆီးစေကာ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတို့စသော ဒွါရပေါက်များမှ သွေးထွက်ခြင်း၊ အရေပြားတွင် အရည်ကြည်ဖု ပေါက်ပြဲကာ သွေးထွက်ခြင်းစသည့် ခန္ဓာကိုယ် အတွင်းအပြင်တို့မှ သွေးထွက်ကာ နောက်ဆုံး သေဆုံးမည်ဖြစ်သည်။

ထိုထက်ဆိုးဝါးသည်မှာ ရောဂါကူးစက်ခံရသောသူ ထိုင်သွားသည့် ခုံ၊ အိပ်ယာ တို့မှတဆင့် ကူးစက်ကြောင်း တွေ့ရသောအခါ အဆိုပါ သုံးနိုင်ငံ တွင် တက္ကစီ၊ ကား၊ ရထား၊ လေယာဉ် တို့ကိုပါ ရောဂါစောင့်ကြည့် နေရသည့် အခြေအနေ တွင် ရှိနေပြီဖြစ်သည်။

ထိုအီဗိုလာဗိုင်းရပ်စ်အား ကုသရန်ဆေးမရှိသကဲ့သို့ ရောဂါကူးစက်ခံရပါက မည်သို့မှ လုပ်မရတော့ပဲ သီးသန့်ခန်းထဲတွင် ခွဲထားကာ သေဆုံးသည်ကို စောင့်ရမည်ဖြစ်သည်။ ရောဂါပိုး ကူးစက်သူ၏ ၁၀% ကိုသာ ကယ်ဆယ်နိုင် ခဲ့သေးကြောင်း သိရသည်။

crd : whitesone

Zawgyi Version

Add a Comment

Your email address will not be published. Required fields are marked *