Breaking News: အမြန်လမ်းတွင် ကံထူးအောင် (Express) ကားတိမ်းမှောက်

Sharing is caring!

အမြန်လမ်းတွင် ယာဉ်မောင်းအိပ်ငိုက်သဖြင့် ကံထူးအောင် (Express) ကားတိမ်းမှောက်…နေပြည်တော် – ရန်ကုန် လမ်းပိုင်း အမြန်လမ်းမိုင်တိုင် (၆) မိုင်

(၆-၇) ဖာလုံကြားတွင် ဇွန်လ (၃) ရက်နေ့ နံနက် (၆) နာရီ အချိန်က ယာဉ်မောင်းအိပ်ငိုက် မောင်းနှင်သည့်အတွက် ကံထူးအောင် (Express) ယာဉ်တိမ်းမှောက် ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်းနိုင်လင်းဦး (၃၃)နှစ်၊ မောင်းနှင်လာသော YUTONG အမျိုးအစား Express ယာဉ်မှ ယာဉ်မောင်းအိပ်ငိုက်သဖြင့် အရှိန်မထိမ်းနိုင်ဖြစ်ကာ လမ်းဘေးကာရံထားသည့် Guard Rails တန်းများအား

ဝင်ရောက်တိုက်မိပြီး လမ်းယယ်ကျွန်းပေါ်တွင် ရပ်တန့်သွားခဲ့ရာ ယာဉ်ပေါ်ရှိ ယာဉ်မောင်းပါ ကျား (၅) ဦး (ကလေး ၂ ဦးပါ) ၊ မ (၂) ဦး ပေါင်း (၇)ဦးတို့တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း

အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

Zawgyi Version






Add a Comment

Your email address will not be published. Required fields are marked *