မထင်မှတ်တဲ့ အပြုအမူက အသက်ကိုပါသေစေနိုင်ပါတယ် (ဆက်တိုက်ခေါင်းကိုက်ရင် မပေါ့ပါနဲ့)

Sharing is caring!

ဂွမ်းနားကြပ်တံတွေ အသုံးပြုပြီး နာဖာချေးကလော်ခဲ့တဲ့ ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ NOE (Necrotizing Otitis Externa) လို့ခေါ်တဲ့ ဦးခေါင်းခွံမှာ

ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပွားခဲ့ပါတယ်။ထိုအမျိုးသားဟာ Britain နိုင်ငံမှ ဖြစ်ပါတယ်။ သူဟာ ဒီဘက်တီးရီးယား ရောဂါပိုးကြောင့် ဦးခေါင်းခွံမှာ ထိခိုက်ခဲ့ပြီး

သတိမေ့ခြင်း၊ အပြင်းအထန် ခေါင်းကိုက်ခြင်း စတဲ့ ဝေဒနာတွေ ခံစားရတာကြောင့် ဆေးရုံသို့ ရောက်ခဲ့ပါတယ်။ထို့နောက် ဆရာဝန်တွေက သူ့ဆီမှာ NOE ဘက်တီးရီးယား ရောဂါကို တွေ့ခဲ့တာ ဖြစ်ပါတယ်။

ထိုအမျိုးသားဟာ နားကြပ်တံတွေကို အသုံးပြုခဲ့တာကြောင့် သူ့ရဲ့ နားရွက် အတွင်းထဲမှာ နားကြပ်တံ ဂွမ်းစများစွာ ပိတ်နေတာကို ဆရာဝန်တွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ထို့နောက် အဲ့ဒီနေရာမှာ

ဘက်တီးရီးယား ရောဂါပိုးများ ဝင်ရောက်ခဲ့ပြီး နားပြွန်တစ်လျှောက်မှ တစ်ဆင့် ဦးခေါင်းခွံ အတွင်းထဲထိ ပျံ့နှံ့သွားခဲ့ပါတယ်။သူဟာ ရောဂါဖြစ်‌နေမှန်း မသိခင်အထိ အချိန် ၅ နှစ်ကျော်နီးပါးလောက် ရောဂါလက္ခဏာနာတွေကို ခံစား‌နေခဲ့ရပါတယ်။

ဆေးရုံရောက်တဲ့အချိန် မတိုင်ခင်ထိ ထိုအမျိုးသားဟာ သူ့ကို အော့အန်စေလောက်တဲ့ အပြင်းအထန် ခေါင်းကိုက်ဝေဒနာ နဲ့ ဦး‌နှောကိအာရုံကြောနဲ့ဆိုင်တဲ့ လက္ခဏာတစ်မျိုးဖြစ်တဲ့ လူတွေရဲ့

အမည်များကို မေ့လျော့ခြင်း အစရှိတာတွေကို ကြုံတွေ့ခဲ့ရပါတယ်။ထိုအမျိုးသားရဲ့ ဦးနှောက်ကို CT Scan ရိုက်ကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ ဦးခေါင်းခွံ အောက်ခြေနားမှာ ပြည်တည်နာ‌ တွေ ဖြစ်ပွားနေတာကို တွေ့ရှိရပါတယ်။

NOE ရောဂါ၏ တခြားသော လက္ခဏာများမှာ နားမှ တစ်ဆင့် အနံ့ဆိုးသော စိမ်း၊ ဝါညစ်ညစ် အရည်များ ယိုကျခြင်း၊ လှုပ်ရှားတိုင်း နားနာခြင်း၊ နားပြွန်အတွင်း၌ အဆက်မပြတ် ကိုက်ခဲခြင်း နှင့်

အကြားအာရုံ ချို့တဲ့ခြင်းတို့ ဖြစ်ပါတယ်။ကံကောင်းစွာနဲ့ပဲ ထိုအမျိုးသားဟာ အသေးစားခွဲစိတ်မှု ပြုလုပ်ကာ ကော်တွန် ဂွမ်းစ တွေကို ဖယ်ရှားပြီး ပင်နီဆီလင် ပဋိဇီဝဆေးများနှင့် ရက်သတ္တပတ် ၂ ပတ်ကြာအောင် ကုသမှု ခံယူပြီးနောက် အပြည့်အဝ ‌ပြန်ကောင်းမွန်ခဲ့ပါတယ်။

ဒီ ဖြစ်စဉ်ဟာ သင့်ရဲ့ နားတွေကို အညစ်အကြေးတွေနဲ့ အမြဲညစ်ပတ်ပြီး နာဖာချေးတွေကို သန့်ရှင်းရေး မလုပ်ရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ NHS ကျန်းမာရေး အဖွဲ့ရဲ့ ဝဘ်ဆိုဒ်မှ အဆိုအရ သင့်ရဲ့ နားအတွင်းထဲကို လက်ချောင်းများနဲ့ ‌ဒါမှမဟုတ် နားကြပ်တံကဲ့သို့ အရာဝတ္ထုများ အစရှိတာတွေကို နာဖာချေး ကလော်ဖို့အတွက်

အသုံးမပြုသင့်ပါဘူး။ အဲ့ဒါတွေကြောင့် နားအတွင်းထဲကို ပို၍ တွန်းပို့သလို ဖြစ်ပြီး ပိုဆိုးရွား‌နိုင်ပါတယ်။နားကြပ်တံတွေကို အသုံးပြုရင်တောင် နားပြွန် အတွင်းထဲထိ ထိုးထည့်ပြီး သန့်ရှင်းရေးမလုပ်သင့်ပါဘူး။ အပြင်ပိုင်း နေရာများကိုသာ ရေနွေးနွေးနှင့် စိုစွတ်တဲ့ အဝတ်စများနဲ့ သုတ်ပြီး သန့်စင်နိုင်ပါတယ်။

စာဖတ်သူတွေရော ဒီ စာစုအပေါ် ဘယ်လိုမြင်ပါသလဲ?

မိမိတို့ရဲ့ အမြင်တွေကို comment မှာ တစ်ဆင့် မျှဝေခဲ့ကြပါဦးနော်။

Zawgyi Version

ဂြမ္းနားၾကပ္တံေတြ အသုံးျပဳၿပီး နာဖာေခ်းကေလာ္ခဲ့တဲ့ ၃၁ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးဟာ NOE (Necrotizing Otitis Externa) လို႔ေခၚတဲ့ ဦးေခါင္းခြံမွာ

ဘက္တီးရီးယားေၾကာင့္ ျဖစ္တဲ့ ေရာဂါတစ္မ်ိဳး ျဖစ္ပြားခဲ့ပါတယ္။ထိုအမ်ိဳးသားဟာ Britain ႏိုင္ငံမွ ျဖစ္ပါတယ္။ သူဟာ ဒီဘက္တီးရီးယား ေရာဂါပိုးေၾကာင့္ ဦးေခါင္းခြံမွာ ထိခိုက္ခဲ့ၿပီး

သတိေမ့ျခင္း၊ အျပင္းအထန္ ေခါင္းကိုက္ျခင္း စတဲ့ ေဝဒနာေတြ ခံစားရတာေၾကာင့္ ေဆး႐ုံသို႔ ေရာက္ခဲ့ပါတယ္။ထို႔ေနာက္ ဆရာဝန္ေတြက သူ႔ဆီမွာ NOE ဘက္တီးရီးယား ေရာဂါကို ေတြ႕ခဲ့တာ ျဖစ္ပါတယ္။

ထိုအမ်ိဳးသားဟာ နားၾကပ္တံေတြကို အသုံးျပဳခဲ့တာေၾကာင့္ သူ႔ရဲ႕ နား႐ြက္ အတြင္းထဲမွာ နားၾကပ္တံ ဂြမ္းစမ်ားစြာ ပိတ္ေနတာကို ဆရာဝန္ေတြက စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ ထို႔ေနာက္ အဲ့ဒီေနရာမွာ

ဘက္တီးရီးယား ေရာဂါပိုးမ်ား ဝင္ေရာက္ခဲ့ၿပီး နားႁပြန္တစ္ေလွ်ာက္မွ တစ္ဆင့္ ဦးေခါင္းခြံ အတြင္းထဲထိ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။သူဟာ ေရာဂါျဖစ္‌ေနမွန္း မသိခင္အထိ အခ်ိန္ ၅ ႏွစ္ေက်ာ္နီးပါးေလာက္ ေရာဂါလကၡဏာနာေတြကို ခံစား‌ေနခဲ့ရပါတယ္။

ေဆး႐ုံေရာက္တဲ့အခ်ိန္ မတိုင္ခင္ထိ ထိုအမ်ိဳးသားဟာ သူ႔ကို ေအာ့အန္ေစေလာက္တဲ့ အျပင္းအထန္ ေခါင္းကိုက္ေဝဒနာ နဲ႔ ဦး‌ေႏွာကိအာ႐ုံေၾကာနဲ႔ဆိုင္တဲ့ လကၡဏာတစ္မ်ိဳးျဖစ္တဲ့ လူေတြရဲ႕

အမည္မ်ားကို ေမ့ေလ်ာ့ျခင္း အစရွိတာေတြကို ႀကဳံေတြ႕ခဲ့ရပါတယ္။ထိုအမ်ိဳးသားရဲ႕ ဦးေႏွာက္ကို CT Scan ႐ိုက္ၾကည့္လိုက္တဲ့အခါမွာေတာ့ သူ႔ရဲ႕ ဦးေခါင္းခြံ ေအာက္ေျခနားမွာ ျပည္တည္နာ‌ ေတြ ျဖစ္ပြားေနတာကို ေတြ႕ရွိရပါတယ္။

NOE ေရာဂါ၏ တျခားေသာ လကၡဏာမ်ားမွာ နားမွ တစ္ဆင့္ အနံ႔ဆိုးေသာ စိမ္း၊ ဝါညစ္ညစ္ အရည္မ်ား ယိုက်ျခင္း၊ လႈပ္ရွားတိုင္း နားနာျခင္း၊ နားႁပြန္အတြင္း၌ အဆက္မျပတ္ ကိုက္ခဲျခင္း ႏွင့္

အၾကားအာ႐ုံ ခ်ိဳ႕တဲ့ျခင္းတို႔ ျဖစ္ပါတယ္။ကံေကာင္းစြာနဲ႔ပဲ ထိုအမ်ိဳးသားဟာ အေသးစားခြဲစိတ္မႈ ျပဳလုပ္ကာ ေကာ္တြန္ ဂြမ္းစ ေတြကို ဖယ္ရွားၿပီး ပင္နီဆီလင္ ပဋိဇီဝေဆးမ်ားႏွင့္ ရက္သတၱပတ္ ၂ ပတ္ၾကာေအာင္ ကုသမႈ ခံယူၿပီးေနာက္ အျပည့္အဝ ‌ျပန္ေကာင္းမြန္ခဲ့ပါတယ္။

ဒီ ျဖစ္စဥ္ဟာ သင့္ရဲ႕ နားေတြကို အညစ္အေၾကးေတြနဲ႔ အၿမဲညစ္ပတ္ၿပီး နာဖာေခ်းေတြကို သန႔္ရွင္းေရး မလုပ္ရဘူးလို႔ ဆိုလိုတာ မဟုတ္ပါဘူး။ NHS က်န္းမာေရး အဖြဲ႕ရဲ႕ ဝဘ္ဆိုဒ္မွ အဆိုအရ သင့္ရဲ႕ နားအတြင္းထဲကို လက္ေခ်ာင္းမ်ားနဲ႔ ‌ဒါမွမဟုတ္ နားၾကပ္တံကဲ့သို႔ အရာဝတၳဳမ်ား အစရွိတာေတြကို နာဖာေခ်း ကေလာ္ဖို႔အတြက္

အသုံးမျပဳသင့္ပါဘူး။ အဲ့ဒါေတြေၾကာင့္ နားအတြင္းထဲကို ပို၍ တြန္းပို႔သလို ျဖစ္ၿပီး ပိုဆိုး႐ြား‌ႏိုင္ပါတယ္။နားၾကပ္တံေတြကို အသုံးျပဳရင္ေတာင္ နားႁပြန္ အတြင္းထဲထိ ထိုးထည့္ၿပီး သန႔္ရွင္းေရးမလုပ္သင့္ပါဘူး။ အျပင္ပိုင္း ေနရာမ်ားကိုသာ ေရေႏြးေႏြးႏွင့္ စိုစြတ္တဲ့ အဝတ္စမ်ားနဲ႔ သုတ္ၿပီး သန႔္စင္ႏိုင္ပါတယ္။

စာဖတ္သူေတြေရာ ဒီ စာစုအေပၚ ဘယ္လိုျမင္ပါသလဲ?

မိမိတို႔ရဲ႕ အျမင္ေတြကို comment မွာ တစ္ဆင့္ မွ်ေဝခဲ့ၾကပါဦးေနာ္။

Add a Comment

Your email address will not be published.