ရေယုံကို မနာမကျင်ပဲပျောက်စေမယ့် ရှေးမြန်မာ့ဆေးနည်း (ဖတ်ကြည့်ပါ)

Sharing is caring!

ရေယုန်ပေါက်လျှင် နှုတ်ခမ်းမှာပေါက်တဲ့ ရေယုန်ရောဂါကို နင်ကရေယုန် ငါကကင်းပုံဟု နှုတ်ကဆိုပြီး ကင်းပုံရွက်ဖြင့် ပွတ်တိုက်ပေးပါက သက်သာပျောက်ကင်းနိုင်သည်။ကင်းပုံအမြစ် – အဖုအကြိတ်အခဲမှန်သမျှ ကင်းပုံမြစ်နဲ့သံပရာရည် သွေးလိမ်းလျှင် ပျောက်ကင်းချမ်းသာနိုင်၏။ကင်းပုံမြစ်ကို

ဆန်ဆေးရေနှင့် သွေးလိမ်းပြီး ကင်းပုံရွက်ကို တစ်လခန့်ကြော်စားပါက ကင်ဆာရောဂါတောင် ပျောက်ကင်းချမ်းသာနိုင်သည်ဟု ရှေးစာပေမြန်မာ့ဆေးကျမ်းများတွင် တွေ့ရသည်။ ကင်းပုံအချိုထက် ကင်းပုံအခါးသည်

အထွေထွေရောဂါ ကုသရာ၌ ပို၍အကျိုးရှိ၏။ကင်းပုံအချို အရွက်ကို

ငါးသိုင်း၊ ငရုတ်ကောင်း၊ ကြက်သွန်မိတ်၊ နံနံပင်ဖြင့် ဟင်းချိုချက်သောက်ပါက နို့တိုက်မိခင်များအတွက် နို့ထွက်ကောင်းစေ၏။ဆီးချိုရောဂါ အတွက် ကင်းပုံရွက်ကို ကြက်သွန်ဖြူ/နီ ပုစွန်ခြောက်၊ ရှောက် သို့မဟုတ်

သံပရာရည်တစ်ခုခုထည့်၍ ဟင်းချိုသောက်လျှင် ဆီးချိုရောဂါ သက်သာပျောက်ကင်းစေနိုင်၏။

ကင်းပုံရွက်ကို ငါးမြင်း၊ ကြက်သွန်ဖြူ/နီရှောက်ရည်ဟင်းချိုသောက်ပေးလျင် လေရောဂါပျောက်ကင်းစေနိုင်သည်။ ကင်းပုံရွက်ကို ငါးရံ့ ကြက်သွန်ဖြူ/နီ ဟင်းချိုသောက်လျှင် သွေးဖောက်ပြန်ခြင်းပျောက်ကင်း ချမ်းသာ၏။

ကင်းပုံရွက်ကို ငါးဇင်ရိုင်း၊ ကြက်သွန်ဖြူ/နီနှင့် ဟင်းချိုပြုလုပ်၍သောက်လျင်

သလိပ်ကိုနိုင်၏။ကင်းပုံရွက်ကို ဝက်သားကြက်သွန်ဖြူ/နီတို့နှင့် ကြော်ချက်စားလျင် သည်းခြေအားကောင်း၍ မှတ်ဉာဏ် အားကောင်း၏။ ကင်းပုံရွက်ကို ငါးကျည်းခြောက် ကြက်သွန်ဖြူ/နီနှင့်ကြော်ချက်စားလျှင်

လေကိုလည်းကြေစေ၏။ကင်းပုံသီး – ကင်းပုံသီးကို ဆိတ်သား ကြက်သွန်ဖြူ/နီ နနွင်းသံပရာသီး လေးစိတ်စိပ်ပြီး ထည့်၍ကြော်ချက်စားပါက

ပန်းနာရောဂါ သက်သာပျောက်ကင်းစေသည်။ ကင်းပုံသီးကို အမဲသား ကြက်သွန်/နီ နနွင်းရှောက်ရည်ထည့်ကာ ချက်စားပေးလျင် သွေးအားကောင်းစေ၏။ရေယုန်ပေါက် ကင်းပုံနဲ့တိုက်ရင် ဧကန်ပျောက်၏။

Credit- သမားတော်ကြီးဦးသောင်းရွှေ

Zawgyi Version

ေရယုန္ေပါက္လွ်င္ ႏႈတ္ခမ္းမွာေပါက္တဲ့ ေရယုန္ေရာဂါကို နင္ကေရယုန္ ငါကကင္းပုံဟု ႏႈတ္ကဆိုၿပီး ကင္းပုံ႐ြက္ျဖင့္ ပြတ္တိုက္ေပးပါက သက္သာေပ်ာက္ကင္းႏိုင္သည္။ကင္းပုံအျမစ္ – အဖုအႀကိတ္အခဲမွန္သမွ် ကင္းပုံျမစ္နဲ႔သံပရာရည္ ေသြးလိမ္းလွ်င္ ေပ်ာက္ကင္းခ်မ္းသာႏိုင္၏။ကင္းပုံျမစ္ကို

ဆန္ေဆးေရႏွင့္ ေသြးလိမ္းၿပီး ကင္းပုံ႐ြက္ကို တစ္လခန႔္ေၾကာ္စားပါက ကင္ဆာေရာဂါေတာင္ ေပ်ာက္ကင္းခ်မ္းသာႏိုင္သည္ဟု ေရွးစာေပျမန္မာ့ေဆးက်မ္းမ်ားတြင္ ေတြ႕ရသည္။ ကင္းပုံအခ်ိဳထက္ ကင္းပုံအခါးသည္

အေထြေထြေရာဂါ ကုသရာ၌ ပို၍အက်ိဳးရွိ၏။ကင္းပုံအခ်ိဳ အ႐ြက္ကို

ငါးသိုင္း၊ င႐ုတ္ေကာင္း၊ ၾကက္သြန္မိတ္၊ နံနံပင္ျဖင့္ ဟင္းခ်ိဳခ်က္ေသာက္ပါက ႏို႔တိုက္မိခင္မ်ားအတြက္ ႏို႔ထြက္ေကာင္းေစ၏။ဆီးခ်ိဳေရာဂါ အတြက္ ကင္းပုံ႐ြက္ကို ၾကက္သြန္ျဖဴ/နီ ပုစြန္ေျခာက္၊ ေရွာက္ သို႔မဟုတ္

သံပရာရည္တစ္ခုခုထည့္၍ ဟင္းခ်ိဳေသာက္လွ်င္ ဆီးခ်ိဳေရာဂါ သက္သာေပ်ာက္ကင္းေစႏိုင္၏။

ကင္းပုံ႐ြက္ကို ငါးျမင္း၊ ၾကက္သြန္ျဖဴ/နီေရွာက္ရည္ဟင္းခ်ိဳေသာက္ေပးလ်င္ ေလေရာဂါေပ်ာက္ကင္းေစႏိုင္သည္။ ကင္းပုံ႐ြက္ကို ငါးရံ႕ ၾကက္သြန္ျဖဴ/နီ ဟင္းခ်ိဳေသာက္လွ်င္ ေသြးေဖာက္ျပန္ျခင္းေပ်ာက္ကင္း ခ်မ္းသာ၏။

ကင္းပုံ႐ြက္ကို ငါးဇင္႐ိုင္း၊ ၾကက္သြန္ျဖဴ/နီႏွင့္ ဟင္းခ်ိဳျပဳလုပ္၍ေသာက္လ်င္

သလိပ္ကိုႏိုင္၏။ကင္းပုံ႐ြက္ကို ဝက္သားၾကက္သြန္ျဖဴ/နီတို႔ႏွင့္ ေၾကာ္ခ်က္စားလ်င္ သည္းေျခအားေကာင္း၍ မွတ္ဉာဏ္ အားေကာင္း၏။ ကင္းပုံ႐ြက္ကို ငါးက်ည္းေျခာက္ ၾကက္သြန္ျဖဴ/နီႏွင့္ေၾကာ္ခ်က္စားလွ်င္

ေလကိုလည္းေၾကေစ၏။ကင္းပုံသီး – ကင္းပုံသီးကို ဆိတ္သား ၾကက္သြန္ျဖဴ/နီ နႏြင္းသံပရာသီး ေလးစိတ္စိပ္ၿပီး ထည့္၍ေၾကာ္ခ်က္စားပါက

ပန္းနာေရာဂါ သက္သာေပ်ာက္ကင္းေစသည္။ ကင္းပုံသီးကို အမဲသား ၾကက္သြန္/နီ နႏြင္းေရွာက္ရည္ထည့္ကာ ခ်က္စားေပးလ်င္ ေသြးအားေကာင္းေစ၏။ေရယုန္ေပါက္ ကင္းပုံနဲ႔တိုက္ရင္ ဧကန္ေပ်ာက္၏။

Credit- သမားေတာ္ႀကီးဦးေသာင္းေ႐ႊ

Add a Comment

Your email address will not be published.