ထီပေါက်သူက မုန့်ဖိုး သိန်း ၂၀ တည်း ပေးလို့တဲ့…

Sharing is caring!

အောက်တွင် ဇော်ဂျီဖြင့် ဖတ်နိုင်ပါသည်

“သူတောင်းစား လောက်အဆင့်အတန်းမရှိတော့သော ကျွန်တော်”

ဘာရယ်မဟုတ်ပါဘူး မနေ့ကအတွေ့အကြုံလေးကြောင့်ခံစားမိတာလေးကို တင်ပြတာပါကျွန်တော်တို့ထီလောကသားတွေရဲ့ အိပ်မက်က ဘယ်လိုဆိုတာ ဘော်ဒါ တွေအသိဆုံးပါကိုယ့်ဆီက ဆုကြီးကံထူးသွားရင် မျှော်လင့်ချက်တွေတော့ရှိမှာပေါ့ဗျာတခုပြောရအုံးမယ်ဗျ ကျွန်တော်ရဲ့ထီရောင်းသက်တမ်းက ၂၀၀၄ခုကစခဲ့တာဆိုတော့ ခုဖွင့်တဲ့ ပင်ရင်းအချို့တောင် မဖွင့်ရသေးဘူး

လူအမျိုးမျိုး စိတ်အထွေထွေ တွေ့ကြုံခဲ့ဘူးတယ်ဆိုပါတော့ဗျာခုလက်ရှိအချိန်ပဲပြောပါ့မယ် ခုအစိုးရလက်ထက်မှာ ဆုစနစ်တွေအရတော့ ကျွန်တော်တို့ အများဆုံး အကြောင်းကြားရတာ ငါးသောင်းဆုတွေပါဆုကြီးပါဖို့ဆိုတာ အင်မတန်ခဲရင်းပါတယ်ငါးသောင်းဆုတွေအကြောင်းကြားရင် အရမ်းဝမ်းသာတဲ့သူတွေကတော့ မရှိတဲ့အခြေခံလူတန်းစားတွေပါပဲ

အလယ်အလတ်တွေက သွားအကြောင်းကြားရင် အများဆုံး ပြောတာက ငါးသောင်းဆုလောက်နဲ့ လာမပြောနဲ့တဲ့ ငါးထောင်လောက်မှပြောတဲ့😂😂ထားပါတော့ ဆုအကြောင်းကြားတဲ့အခါမှာ သိတတ်မှုလေးတွေပြောပါရစေ ငါးသောင်းပေါက်လို့သွားပြောရင် ညီလေး တစ်သောင်းယူသွား ငါးထောင် မင်းဖို့ဆိုပြီးပြောတာ အခြေခံလူတန်းစားတွေပါဝန်းနဲ့ခြံနဲ့ တိုက်နဲ့တာနဲ့နေတဲ့သူတွေက မုန့်ဖိုးမပြောနဲ့

ကိုယ်ကပဲ တောင်းပန်ပီးပေးရမလိုကြုံတတ်ကြပါတယ် ဒါပေမဲ့တခုတော့ပြောတတ်ကြတယ် သိန်းတစ်သောင်းခွဲပေါက်ရင် မင်းကို ကားဝယ်ပေးမယ် ဆုကြီးဆိုဘာပေးမယ် ဆိုပြီးတော့ပေါ့မနေ့က ကံထူးရှင် ကိုအစအဆုံးကူညီပေးခဲ့ပါတယ်

ထီတိုက်တာတောင်ကျွန်တော်ကpauk ဆော့ဝဲသုံးတော့ အရင်ဆုံးအကြောင်းကြားခဲ့တာပါထားပါတော့ မနေ့က အားလုံးပီးတော့ ကျွန်တော့်ကို ကျေးဇူးတင်တဲ့အတွက် သိန်း 20ပေးပါတယ်ကျွန်တော် ဘယ်ကံထူးရှင်ကိုမှ မုန့်ဖိုးမတောင်းပါသူတို့ သဒ္ဒါ လို့ပေးတဲ့အခါ အနဲအများ မတောင်းဆိုပါဘူးဒါပေမဲ့ တွေးကြည့်ရင်နဲနေတယ်လို့ ဘော်ဒါ တွေ တွက်မိမှာပါဟုတ်တယ်လေ ငါးသောင်းပေါက်တဲ့သူတောင်

အနဲဆုံးတော့ တစ်ထောင်ပေးတတ်ကြမှပါခုက သိန်းငါးထောင်ဆိုတော့ ဘော်ဒါ တို့ ဒီကောင် သိန်း100လောက်ရမယ် ထင်မှာNo. No No ဘုရားစူးသိန်း20ပဲရပါတယ်ဗျာ

50000မှာ 1000

500000မှာ 10000

5000000မှာ 100000

50000000မှာ1000000

သိန်း ၅၀၀၀ မှာ သိန်း၁၀၀ရမယ်မထင်နဲ့ ဘော်ဒါတို့ရေခုခေတ်မှာ သူတောင်းစားကို ၂၀တန်ပေးရင်မယူဘူးကိုရင်လေးတွေဆိုလွင့်ပစ်မှာသိန်းငါးထောင်ပေါက်လို့ သိန်း၂၀ ပေးတယ်ဆိုတာ သာမာန် အချိန်မှာ
သူတောင်းစားကို ၂၀ကျပ်တန်ပေးသလိုဖြစ်နေတာ

တွက်တတ်ရင်သိမှာပါ ဘော်ဒါတို့ရာလိုချင်လို့ပြောပြတာမဟုတ်ဘူးနော်ဘဝက မျှော်လင့်ထားသလို အမြဲဖြစ်တတ်ပါတယ်ရဲရင့်အောင်သီချင်းပဲနားထောင်နေတယ်သီချင်း နာမည်က”ဒီလောက်နဲ့ပဲ ကျေနပ်ပါတယ်”

**စကားမစပ် ကျွန်တော် သူတောင်စားတယောက်လောက်တောင် သိက္ခာမရှိဘူးဖြစ်သွားတယ်**

မည်သူကိုမှ မရည်ရွယ်ပါလှူတန်း ပေးကမ်းတယ်ဆိုပေမဲ့သူတောင်းစားတော့ ထမင်းဝအောင် ကျွေးကျပါမထိမရောက်ဆိုရင် မလှူတာကောင်းပါတယ်ဘေးလူတွေ အကုသိုလ်ဖြစ်နေမှာစိုးလို့ပါ

#Kaung Lub Moe

ကောင်းလာဘ်မိုးထီဆိုင်ကြီး တောင်ဒဂုံ မြို့နယ်

နောက်ဆို ဒီထီသည် နဲ့ ဒီထီဆိုင်ကို ရှောင်နေကြဖို့ ဖော်ပြလိုက်ပါတယ်

Zawgyi Version

“သူေတာင္းစား ေလာက္အဆင့္အတန္းမရွိေတာ့ေသာ ကြၽန္ေတာ္”

ဘာရယ္မဟုတ္ပါဘူး မေန႔ကအေတြ႕အႀကဳံေလးေၾကာင့္ခံစားမိတာေလးကို တင္ျပတာပါကြၽန္ေတာ္တို႔ထီေလာကသားေတြရဲ႕ အိပ္မက္က ဘယ္လိုဆိုတာ ေဘာ္ဒါ ေတြအသိဆုံးပါကိုယ့္ဆီက ဆုႀကီးကံထူးသြားရင္ ေမွ်ာ္လင့္ခ်က္ေတြေတာ့ရွိမွာေပါ့ဗ်ာတခုေျပာရအုံးမယ္ဗ် ကြၽန္ေတာ္ရဲ႕ထီေရာင္းသက္တမ္းက ၂၀၀၄ခုကစခဲ့တာဆိုေတာ့ ခုဖြင့္တဲ့ ပင္ရင္းအခ်ိဳ႕ေတာင္ မဖြင့္ရေသးဘူး

လူအမ်ိဳးမ်ိဳး စိတ္အေထြေထြ ေတြ႕ႀကဳံခဲ့ဘူးတယ္ဆိုပါေတာ့ဗ်ာခုလက္ရွိအခ်ိန္ပဲေျပာပါ့မယ္ ခုအစိုးရလက္ထက္မွာ ဆုစနစ္ေတြအရေတာ့ ကြၽန္ေတာ္တို႔ အမ်ားဆုံး အေၾကာင္းၾကားရတာ ငါးေသာင္းဆုေတြပါဆုႀကီးပါဖို႔ဆိုတာ အင္မတန္ခဲရင္းပါတယ္ငါးေသာင္းဆုေတြအေၾကာင္းၾကားရင္ အရမ္းဝမ္းသာတဲ့သူေတြကေတာ့ မရွိတဲ့အေျခခံလူတန္းစားေတြပါပဲ

အလယ္အလတ္ေတြက သြားအေၾကာင္းၾကားရင္ အမ်ားဆုံး ေျပာတာက ငါးေသာင္းဆုေလာက္နဲ႔ လာမေျပာနဲ႔တဲ့ ငါးေထာင္ေလာက္မွေျပာတဲ့😂😂ထားပါေတာ့ ဆုအေၾကာင္းၾကားတဲ့အခါမွာ သိတတ္မႈေလးေတြေျပာပါရေစ ငါးေသာင္းေပါက္လို႔သြားေျပာရင္ ညီေလး တစ္ေသာင္းယူသြား ငါးေထာင္ မင္းဖို႔ဆိုၿပီးေျပာတာ အေျခခံလူတန္းစားေတြပါဝန္းနဲ႔ၿခံနဲ႔ တိုက္နဲ႔တာနဲ႔ေနတဲ့သူေတြက မုန႔္ဖိုးမေျပာနဲ႔

ကိုယ္ကပဲ ေတာင္းပန္ပီးေပးရမလိုႀကဳံတတ္ၾကပါတယ္ ဒါေပမဲ့တခုေတာ့ေျပာတတ္ၾကတယ္ သိန္းတစ္ေသာင္းခြဲေပါက္ရင္ မင္းကို ကားဝယ္ေပးမယ္ ဆုႀကီးဆိုဘာေပးမယ္ ဆိုၿပီးေတာ့ေပါ့မေန႔က ကံထူးရွင္ ကိုအစအဆုံးကူညီေပးခဲ့ပါတယ္

ထီတိုက္တာေတာင္ကြၽန္ေတာ္ကpauk ေဆာ့ဝဲသုံးေတာ့ အရင္ဆုံးအေၾကာင္းၾကားခဲ့တာပါထားပါေတာ့ မေန႔က အားလုံးပီးေတာ့ ကြၽန္ေတာ့္ကို ေက်းဇူးတင္တဲ့အတြက္ သိန္း 20ေပးပါတယ္ကြၽန္ေတာ္ ဘယ္ကံထူးရွင္ကိုမွ မုန႔္ဖိုးမေတာင္းပါသူတို႔ သဒၵါ လို႔ေပးတဲ့အခါ အနဲအမ်ား မေတာင္းဆိုပါဘူးဒါေပမဲ့ ေတြးၾကည့္ရင္နဲေနတယ္လို႔ ေဘာ္ဒါ ေတြ တြက္မိမွာပါဟုတ္တယ္ေလ ငါးေသာင္းေပါက္တဲ့သူေတာင္

အနဲဆုံးေတာ့ တစ္ေထာင္ေပးတတ္ၾကမွပါခုက သိန္းငါးေထာင္ဆိုေတာ့ ေဘာ္ဒါ တို႔ ဒီေကာင္ သိန္း100ေလာက္ရမယ္ ထင္မွာNo. No No ဘုရားစူးသိန္း20ပဲရပါတယ္ဗ်ာ

50000မွာ 1000

500000မွာ 10000

5000000မွာ 100000

50000000မွာ1000000

သိန္း ၅၀၀၀ မွာ သိန္း၁၀၀ရမယ္မထင္နဲ႔ ေဘာ္ဒါတို႔ေရခုေခတ္မွာ သူေတာင္းစားကို ၂၀တန္ေပးရင္မယူဘူးကိုရင္ေလးေတြဆိုလြင့္ပစ္မွာသိန္းငါးေထာင္ေပါက္လို႔ သိန္း၂၀ ေပးတယ္ဆိုတာ သာမာန္ အခ်ိန္မွာ
သူေတာင္းစားကို ၂၀က်ပ္တန္ေပးသလိုျဖစ္ေနတာ

တြက္တတ္ရင္သိမွာပါ ေဘာ္ဒါတို႔ရာလိုခ်င္လို႔ေျပာျပတာမဟုတ္ဘူးေနာ္ဘဝက ေမွ်ာ္လင့္ထားသလို အၿမဲျဖစ္တတ္ပါတယ္ရဲရင့္ေအာင္သီခ်င္းပဲနားေထာင္ေနတယ္သီခ်င္း နာမည္က”ဒီေလာက္နဲ႔ပဲ ေက်နပ္ပါတယ္”

**စကားမစပ္ ကြၽန္ေတာ္ သူေတာင္စားတေယာက္ေလာက္ေတာင္ သိကၡာမရွိဘူးျဖစ္သြားတယ္**

မည္သူကိုမွ မရည္႐ြယ္ပါလႉတန္း ေပးကမ္းတယ္ဆိုေပမဲ့သူေတာင္းစားေတာ့ ထမင္းဝေအာင္ ေကြၽးက်ပါမထိမေရာက္ဆိုရင္ မလႉတာေကာင္းပါတယ္ေဘးလူေတြ အကုသိုလ္ျဖစ္ေနမွာစိုးလို႔ပါ

#Kaung Lub Moe

ေကာင္းလာဘ္မိုးထီဆိုင္ႀကီး ေတာင္ဒဂုံ ၿမိဳ႕နယ္

ေနာက္ဆို ဒီထီသည္ နဲ႔ ဒီထီဆိုင္ကို ေရွာင္ေနၾကဖို႔ ေဖာ္ျပလိုက္ပါတယ္

Add a Comment

Your email address will not be published. Required fields are marked *