မိုးကြိုးပစ်တာတွေ များနေလို့ သိထားရမည့် ဗဟုသုတတွေ မျှဝေပေးပါတယ်

Sharing is caring!

အခုတစ်လော မြန်မာနိုင်ငံမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းပြီးတော့ မိုးကြိုးပစ်ခြင်းကြောင့် သေဆုံးသူတွေ များနေပါတယ်နော်။ ဒါကြောင့် သူငယ်ချင်းတို့ကို မိုးကြိုး ပစ်နိုင်တဲ့ အခြေအနေနဲ့ ဗဟုသုတလေးတွေကို မျှဝေပေးပါရစေနော်။

“မိုးကြိုးပစ်နိုင်သည့် အခြေအနေများ၌ လိုက်နာရမည့် အချက်များ”

မိုးကြိုးပစ်သဖြင့် မြန်မာနိုင်ငံတွင် လူနှင့်ကျွဲနွားများ နှစ်စဉ်သေဆုံးနေရသည်။ ထို့ကြောင့် မိုးကြိုးအန္တရာယ်မှ မည်ကဲ့သို့ရှောင်ရှားရမည်ကို သိရန်လိုအပ် ပါသည်။

၁။ မိုးရွာမှသာမဟုတ်။ မိုးမရွာဘဲ တိမ်ထူထပ်နေလျှင်လည်း မိုးကြိုးပစ်နိုင်သည်ကို သတိထားပါ။

၂။ မိုးကြိုးပစ်မည့် အလားအလာရှိလျှင် ရေအိုင်၊ ချောင်း၊ မြောင်းများကို ရှောင်ကြဉ်ပါ။ (မိုးခြိမ်းသံကြားလျှင် မိမိနှင့် ၄ မိုင်ပတ်လည်အတွင်း မိုးကြိုးပစ်နိုင်သော တိမ်တိုက်ရှိနေသည်ကို သိထားပါ)

၃။ တောင်ကုန်း၊ ထီးထီးဖြစ်နေသည့်သစ်ပင်၊ ထန်းပင်၊ အုန်းပင်စသည့် မြင့်သော နေရာများကို ရှောင်ကြဉ်ပါ။

၄။ မည်သည့်အဆောက်အအုံ၊ သစ်ပင်မှမရှိသော ဟင်းလင်းပြင်ကို ရှောင်ကြဉ်ပါ။ ဟင်းလင်းပြင်၌ သင်သည် အမြင့်ဆုံးနေရာဖြစ်သဖြင့် မိုးကြိုးပစ်နိုင်ချေ ပိုများသည်။ ထို့ပြင် ကွင်းပြင်၌ ဝမ်းလျားမှောက်နခြေင်း မပြုပါနှင့်။

၅။ မိုးကြိုးများပစ်နေစဉ် ဆံပင်များထောင်ထလာပြီဆိုလျှင် အထူးသတိပြုပါ။ ခြေနှစ်ဖက်ကို စုကာ ဆောင့်ကြောင့်ထိုင်ချပါ။ နားများကို လက်နှစ်ဖက်ဖြင့် အုပ်ထားပါ။ သို့မဟုတ် လက်ဖြင့် ဒူးများကို ပိုက်ထားပြီး ဦးခေါင်းကို ဒူးပေါ် မှောက်တင်ထားပါ။

၆။ လယ်ထွန်နေစဉ် ဖြစ်ပါက ချက်ချင်း ထွန်ကိုဖြုတ်ပြီး ကုန်းပေါ်တက်ပါ။ သင်အပါအဝင် ကျွဲနွားများကို ရေနှငေ့်ဝးရာသို့ မောင်းသွားပါ။

၇။ မြစ်လယ်၌ လှေငယ်ပေါ်ရောက်နေစဉ် မိုးရွာ၊ မိုးကြိုးပစ်လာပါက လှေအလယ်၌ ဒူးတုပ်ထိုင်ပါ။ ဒူးကိုလက်နှင့်ပိုက်ပြီး ခေါင်းကို ဒူးပေါ်ငုံ့တင်ထားပါ။

၈။ မိုးကြိုးများပစ်နေစဉ် တစ်ဦးနှင့်တစ်ဦး လက်ချင်းတွဲမထားပါနှင့်။ ပူးကပ်မနေပါနှင့်။ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၁၅ ပေ၊ ပေ ၂၀ ခန့်အကွာတွင် နေပါ။

၉။ သစ်တောအတွင်းရောက်နေစဉ် မိုးရွာ မိုးကြိုးပစ်ပါက နိမ့်ဆုံးသစ်ပင်အောက်သို့ ခိုဝင်ပါ။

၁၀။ မြောင်းများ၊ ချိုင့်များရှိလျှင် ထိုအနိမ့်ပိုင်းနေရာများသို့ ဆင်းနေပါ။

၁၁။ ရွှေငွေလက်ဝတ်လက်စားများ ဝတ်ဆင်ခြင်း၊ သော့တွဲများချိတ်ဆွဲထားခြင်း မပြုပါနှင့်။

၁၂။ သတ္တုပစ္စည်းများ (ဥပမာ – မီးကြိုး၊ သံဆူးကြိုး၊ မော်တာ၊ ပေါက်ချွန်း ပေါက်ပြား၊ လျှပ်စက်လက်နက်ကိရိယာ) စသည်တို့မှေဝးဝေးနေပါ။

၁၃။ မိုးရွာလာပြီ မိုးကြိုးများပစ်လာပြီဆိုလျှင် အဆောက်အအုံ၊ သစ်ပင်စသည်တို့ဆီ ရှာပြီးသွားပါ။

၁၄။ မိုးကြိုးမုန်တိုင်းများကျနေစဉ် ရေမချိုးပါနှင့်။ ပြတင်းပေါက်များမှ ဝေးဝေးနေပါ။ ရေဒီယို၊ တီဗီ၊ ကွန်ပြူတာစသည်တို့ကို ပိတ်ထားပါ။ ပလပ်ချွတ်ထားပါ။

၁၅။ အရေးပေါ်ကိစ္စမှလွဲ၍ ဖုံးပြောခြင်းကို ရှောင်ကြဉ်ပါ။ မိုးကြိုးသည် မီးကြိုး၊ ဖုန်းကြိုးများမှတစ်ဆင့် ဝင်ရောက်လာတတ်သည်။

“မှတ်သားစရာ အချက်များ”

၁။ မိုးကြိုးသည် မည်သည့်အခါမှ တစ်နေရာထဲကို နှစ်ကြိမ်ထပ်မပစ်ဟု မထင်ပါနှင့်။

၂၊ မိုးကြိုးမှ လျှပ်စစ်သည် ဗို့အားသန်းပေါင်းများစွာရှိသဖြင့် သာမန် ရာဘာပြား၊ ပလစ်စတစ်စများနှင့် ကာကွယ်၍ မရပါ။ မိုးကြိုးလျှပ်စစ်သည် ၁၀ ပေ မှ ပေ ၂၀ ထိခုန်ကူးနိုင်သည်။

၃။ မြင့်မားသော အဆောက်အဦးများတွင် မိုးကြိုးလွှဲများ တပ်ဆင်ထားပါ။ အီကွေတာနှင့် နီးသောဒေသများ၊ မြင့်မားသောတောင်တန်းများတွင် မိုးကြိုး ပိုအပစ်များသည်။

၄။ တစ်ကမ္ဘာလုံးတွင် စက္ကန့်တိုင်း စက္ကန့်တိုင်း၌ မိုးကြိုးအကြိမ်တစ်ရာ ပစ်နပြေီး မိုးကြိုးမုန်တိုင်းများ အကြိမ် ၂၀၀၀ ခန့် ဖြစ်ပေါ်နေသည်။

၅။ မိုးခြိမ်းခြင်းနှင့် မိုးကြိုးပစ်ခြင်းသည် အလွန်နီးကပ်စွာ ဆက်နွယ်နေ၏။

၆။ ယခုအခါ မိုးကြိုးပစ်နိုင်ချေကို တိုင်းတာသော အီလက်ထရောနစ်ကိရိယာများ ပေါ်နေပါပြီ။

“မိုးကြိုးပစ်ခံရသော လူနာအတွက် ရှေးဦးသူနာပြုစုနည်း”

၁။ မိုးကြိုးပစ်ခံရလျှင် ရသောဒဏ်ရာများမှာ မီးလောင်ဒဏ်ရာ၊ စုတ်ပြဲဒဏ်ရာနှင့် အရိုးကျိုးခြင်းတို့ ဖြစ်နိုင်ပါသည်။ မိုးကြိုးပစ်ခံရသောလူနာတွင် လျှပ်စစ်ဓာတ် အကြွင်း အကျန်မရှိသဖြင့် ဓာတ်လိုက်မှာမပူရပါ။ မိုးကြိုးပစ်ခံရသည့် လူနာများတွင် သတိမေ့နေ သော လူနာကို ဦးစွာပြုစုပါ။ ဆိုးဆိုးရွားရွားအခြေအနေတွင် အသက်ဆုံးရှုံးနိုင်ပါသည်။

၂။ အကယ်၍ မီးလောင်ဒဏ်ရာများတွေ့ရပါက မည်သည့်ဆေးမှ မထည့်ပါနှင့်။ မည်သည့်အဝတ်စနှင့်မှလည်း မအုပ်ပါနှင့်။ ဒဏ်ရာကို သန့်ရှင်းစွာထားပါ။ အသားနှင့် အင်္ကျီကပ်နေလျှင်လည်း ခွာထုတ်ဖို့ မကြိုးစားပါနှင့်။

၃။ လူနာအား သွေးတိုးစမ်းပါ။ အသက်ရှူမရှူ စမ်းကြည့်ပါ။ အကယ်၍ အသက်ရှူ ရပ်နေပါက သင်သည် CPR (Cardio-Pulmonary Resuscitation) လုပ်နည်းတတ်လျှင် CPR လုပ်ပေးပါ။ ထို့နောက် ဆေးရုံသို့ အမြန်ဆုံးပို့ပါ။

အေးငြိမ်း (လေးမျက်နှာ)

Zawgyi Version

အခုတစ္ေလာ ျမန္မာႏိုင္ငံမွာ မိုးတိမ္ေတာင္ေတြ ျဖစ္ထြန္းၿပီးေတာ့ မိုးႀကိဳးပစ္ျခင္းေၾကာင့္ ေသဆုံးသူေတြ မ်ားေနပါတယ္ေနာ္။ ဒါေၾကာင့္ သူငယ္ခ်င္းတို႔ကို မိုးႀကိဳး ပစ္ႏိုင္တဲ့ အေျခအေနနဲ႔ ဗဟုသုတေလးေတြကို မွ်ေဝေပးပါရေစေနာ္။

“မိုးႀကိဳးပစ္ႏိုင္သည့္ အေျခအေနမ်ား၌ လိုက္နာရမည့္ အခ်က္မ်ား”

မိုးႀကိဳးပစ္သျဖင့္ ျမန္မာႏိုင္ငံတြင္ လူႏွင့္ကြၽဲႏြားမ်ား ႏွစ္စဥ္ေသဆုံးေနရသည္။ ထို႔ေၾကာင့္ မိုးႀကိဳးအႏၲရာယ္မွ မည္ကဲ့သို႔ေရွာင္ရွားရမည္ကို သိရန္လိုအပ္ ပါသည္။

၁။ မိုး႐ြာမွသာမဟုတ္။ မိုးမ႐ြာဘဲ တိမ္ထူထပ္ေနလွ်င္လည္း မိုးႀကိဳးပစ္ႏိုင္သည္ကို သတိထားပါ။

၂။ မိုးႀကိဳးပစ္မည့္ အလားအလာရွိလွ်င္ ေရအိုင္၊ ေခ်ာင္း၊ ေျမာင္းမ်ားကို ေရွာင္ၾကဥ္ပါ။ (မိုးၿခိမ္းသံၾကားလွ်င္ မိမိႏွင့္ ၄ မိုင္ပတ္လည္အတြင္း မိုးႀကိဳးပစ္ႏိုင္ေသာ တိမ္တိုက္ရွိေနသည္ကို သိထားပါ)

၃။ ေတာင္ကုန္း၊ ထီးထီးျဖစ္ေနသည့္သစ္ပင္၊ ထန္းပင္၊ အုန္းပင္စသည့္ ျမင့္ေသာ ေနရာမ်ားကို ေရွာင္ၾကဥ္ပါ။

၄။ မည္သည့္အေဆာက္အအုံ၊ သစ္ပင္မွမရွိေသာ ဟင္းလင္းျပင္ကို ေရွာင္ၾကဥ္ပါ။ ဟင္းလင္းျပင္၌ သင္သည္ အျမင့္ဆုံးေနရာျဖစ္သျဖင့္ မိုးႀကိဳးပစ္ႏိုင္ေခ် ပိုမ်ားသည္။ ထို႔ျပင္ ကြင္းျပင္၌ ဝမ္းလ်ားေမွာက္နေျခင္း မျပဳပါႏွင့္။

၅။ မိုးႀကိဳးမ်ားပစ္ေနစဥ္ ဆံပင္မ်ားေထာင္ထလာၿပီဆိုလွ်င္ အထူးသတိျပဳပါ။ ေျခႏွစ္ဖက္ကို စုကာ ေဆာင့္ေၾကာင့္ထိုင္ခ်ပါ။ နားမ်ားကို လက္ႏွစ္ဖက္ျဖင့္ အုပ္ထားပါ။ သို႔မဟုတ္ လက္ျဖင့္ ဒူးမ်ားကို ပိုက္ထားၿပီး ဦးေခါင္းကို ဒူးေပၚ ေမွာက္တင္ထားပါ။

၆။ လယ္ထြန္ေနစဥ္ ျဖစ္ပါက ခ်က္ခ်င္း ထြန္ကိုျဖဳတ္ၿပီး ကုန္းေပၚတက္ပါ။ သင္အပါအဝင္ ကြၽဲႏြားမ်ားကို ေရႏွေင့္ဝးရာသို႔ ေမာင္းသြားပါ။

၇။ ျမစ္လယ္၌ ေလွငယ္ေပၚေရာက္ေနစဥ္ မိုး႐ြာ၊ မိုးႀကိဳးပစ္လာပါက ေလွအလယ္၌ ဒူးတုပ္ထိုင္ပါ။ ဒူးကိုလက္ႏွင့္ပိုက္ၿပီး ေခါင္းကို ဒူးေပၚငုံ႔တင္ထားပါ။

၈။ မိုးႀကိဳးမ်ားပစ္ေနစဥ္ တစ္ဦးႏွင့္တစ္ဦး လက္ခ်င္းတြဲမထားပါႏွင့္။ ပူးကပ္မေနပါႏွင့္။ တစ္ဦးႏွင့္တစ္ဦး အနည္းဆုံး ၁၅ ေပ၊ ေပ ၂၀ ခန႔္အကြာတြင္ ေနပါ။

၉။ သစ္ေတာအတြင္းေရာက္ေနစဥ္ မိုး႐ြာ မိုးႀကိဳးပစ္ပါက နိမ့္ဆုံးသစ္ပင္ေအာက္သို႔ ခိုဝင္ပါ။

၁၀။ ေျမာင္းမ်ား၊ ခ်ိဳင့္မ်ားရွိလွ်င္ ထိုအနိမ့္ပိုင္းေနရာမ်ားသို႔ ဆင္းေနပါ။

၁၁။ ေ႐ႊေငြလက္ဝတ္လက္စားမ်ား ဝတ္ဆင္ျခင္း၊ ေသာ့တြဲမ်ားခ်ိတ္ဆြဲထားျခင္း မျပဳပါႏွင့္။

၁၂။ သတၱဳပစၥည္းမ်ား (ဥပမာ – မီးႀကိဳး၊ သံဆူးႀကိဳး၊ ေမာ္တာ၊ ေပါက္ခြၽန္း ေပါက္ျပား၊ လွ်ပ္စက္လက္နက္ကိရိယာ) စသည္တို႔ေမွဝးေဝးေနပါ။

၁၃။ မိုး႐ြာလာၿပီ မိုးႀကိဳးမ်ားပစ္လာၿပီဆိုလွ်င္ အေဆာက္အအုံ၊ သစ္ပင္စသည္တို႔ဆီ ရွာၿပီးသြားပါ။

၁၄။ မိုးႀကိဳးမုန္တိုင္းမ်ားက်ေနစဥ္ ေရမခ်ိဳးပါႏွင့္။ ျပတင္းေပါက္မ်ားမွ ေဝးေဝးေနပါ။ ေရဒီယို၊ တီဗီ၊ ကြန္ျပဴတာစသည္တို႔ကို ပိတ္ထားပါ။ ပလပ္ခြၽတ္ထားပါ။

၁၅။ အေရးေပၚကိစၥမွလြဲ၍ ဖုံးေျပာျခင္းကို ေရွာင္ၾကဥ္ပါ။ မိုးႀကိဳးသည္ မီးႀကိဳး၊ ဖုန္းႀကိဳးမ်ားမွတစ္ဆင့္ ဝင္ေရာက္လာတတ္သည္။

“မွတ္သားစရာ အခ်က္မ်ား”

၁။ မိုးႀကိဳးသည္ မည္သည့္အခါမွ တစ္ေနရာထဲကို ႏွစ္ႀကိမ္ထပ္မပစ္ဟု မထင္ပါႏွင့္။

၂၊ မိုးႀကိဳးမွ လွ်ပ္စစ္သည္ ဗို႔အားသန္းေပါင္းမ်ားစြာရွိသျဖင့္ သာမန္ ရာဘာျပား၊ ပလစ္စတစ္စမ်ားႏွင့္ ကာကြယ္၍ မရပါ။ မိုးႀကိဳးလွ်ပ္စစ္သည္ ၁၀ ေပ မွ ေပ ၂၀ ထိခုန္ကူးႏိုင္သည္။

၃။ ျမင့္မားေသာ အေဆာက္အဦးမ်ားတြင္ မိုးႀကိဳးလႊဲမ်ား တပ္ဆင္ထားပါ။ အီေကြတာႏွင့္ နီးေသာေဒသမ်ား၊ ျမင့္မားေသာေတာင္တန္းမ်ားတြင္ မိုးႀကိဳး ပိုအပစ္မ်ားသည္။

၄။ တစ္ကမာၻလုံးတြင္ စကၠန႔္တိုင္း စကၠန႔္တိုင္း၌ မိုးႀကိဳးအႀကိမ္တစ္ရာ ပစ္နေၿပီး မိုးႀကိဳးမုန္တိုင္းမ်ား အႀကိမ္ ၂၀၀၀ ခန႔္ ျဖစ္ေပၚေနသည္။

၅။ မိုးၿခိမ္းျခင္းႏွင့္ မိုးႀကိဳးပစ္ျခင္းသည္ အလြန္နီးကပ္စြာ ဆက္ႏြယ္ေန၏။

၆။ ယခုအခါ မိုးႀကိဳးပစ္ႏိုင္ေခ်ကို တိုင္းတာေသာ အီလက္ထေရာနစ္ကိရိယာမ်ား ေပၚေနပါၿပီ။

“မိုးႀကိဳးပစ္ခံရေသာ လူနာအတြက္ ေရွးဦးသူနာျပဳစုနည္း”

၁။ မိုးႀကိဳးပစ္ခံရလွ်င္ ရေသာဒဏ္ရာမ်ားမွာ မီးေလာင္ဒဏ္ရာ၊ စုတ္ၿပဲဒဏ္ရာႏွင့္ အ႐ိုးက်ိဳးျခင္းတို႔ ျဖစ္ႏိုင္ပါသည္။ မိုးႀကိဳးပစ္ခံရေသာလူနာတြင္ လွ်ပ္စစ္ဓာတ္ အႂကြင္း အက်န္မရွိသျဖင့္ ဓာတ္လိုက္မွာမပူရပါ။ မိုးႀကိဳးပစ္ခံရသည့္ လူနာမ်ားတြင္ သတိေမ့ေန ေသာ လူနာကို ဦးစြာျပဳစုပါ။ ဆိုးဆိုး႐ြား႐ြားအေျခအေနတြင္ အသက္ဆုံးရႈံးႏိုင္ပါသည္။

၂။ အကယ္၍ မီးေလာင္ဒဏ္ရာမ်ားေတြ႕ရပါက မည္သည့္ေဆးမွ မထည့္ပါႏွင့္။ မည္သည့္အဝတ္စႏွင့္မွလည္း မအုပ္ပါႏွင့္။ ဒဏ္ရာကို သန႔္ရွင္းစြာထားပါ။ အသားႏွင့္ အက်ႌကပ္ေနလွ်င္လည္း ခြာထုတ္ဖို႔ မႀကိဳးစားပါႏွင့္။

၃။ လူနာအား ေသြးတိုးစမ္းပါ။ အသက္ရႉမရႉ စမ္းၾကည့္ပါ။ အကယ္၍ အသက္ရႉ ရပ္ေနပါက သင္သည္ CPR (Cardio-Pulmonary Resuscitation) လုပ္နည္းတတ္လွ်င္ CPR လုပ္ေပးပါ။ ထို႔ေနာက္ ေဆး႐ုံသို႔ အျမန္ဆုံးပို႔ပါ။

ေအးၿငိမ္း (ေလးမ်က္ႏွာ)

Add a Comment

Your email address will not be published. Required fields are marked *