ဆေးရုံက လက်လျော့တဲ့ တီဘီသမားကို အရှင်းပျောက်သွားစေခဲ့တဲ့ အဖိုးတန်ဆေးပင်

Sharing is caring!

ဆေးရုံက ပြန်လွှတ်လိုက်တဲ့ အဆုတ်တီဘီ သမားတစ်ယောက် တောမှာ အလေ့ကျပေါက်တဲ့အပင်ရဲ့ အစွမ်းသတ္တိကြောင့် ရောဂါပျောက်ကင်းပြီး အသက်ရှည်ရှည် နေသွားရတဲ့ အကြောင်း ဖေါက်သည်ချပါရစေ။

ကျွန်တော်တို့ အိမ်နားမှာ ကိုကံမြင့် ဆိုတဲ့လူတစ်ယောက်ရှိပါတယ်။သူ့ပုံက အရိုးပေါ်အရေတင်။ချောင်းတစ်ဟွတ်ဟွတ်နဲ့ သွေးအန်နေပါပြီ။ တိုတိုပြောကြစို့ရဲ့။အခြေအနေက အနှုတ်လက္ခဏာပြနေပြီ။ အနီးဆုံး အင်္ဂပူဆေးရုံတင်တယ်။

အင်္ဂပူက ဟင်္သာတ ဆေးရုံ လွှဲတယ်။ဟင်္သာတဆေးရုံက ပုသိမ်တိုင်းဆေးရုံ ထပ်လွှဲပြန်တယ် ။ ပုသိမ်ဆေးရုံမှာ တစ်ပါတ်လောက် ကြာတော့ ရောဂါက မသက်သာ။ ပုသိမ်ဆေးရုံက သောက်ဆေး တစ်လစာပေးပြီး တစ်လနေမှ ပြန်လာပြပါပေါ့။ ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ သူ့ကိုဘယ်သူက ညွှန်တယ်မသိ ဈေးကိုအင်ဖက်လာရောင်းတဲ့ သူတွေကို ငဖုန်းကြီးပင် တစ်ပင်လုံး အမြစ်ပါမကျန် ရသလောက်ဝယ်မယ် ဆိုပြီးမှာတော့တာပဲ။

ဒီအပင်က အင်တောတွေထည်းမှာ အင်မတန်ပေါတာ။ ကိုကံမြင့်က အပင်တွေရလာတော့ အရွက်တွေကို သုံးခွက်တစ်ခွက်တင်ကြိုပြီးသောက်တော့တာပါပဲ။ကျန်တဲ့ အရွက်တွေကို နေရိပ်ထည်းမှာ အခြောက်လှမ်းပြီး လဘက်ခြောက်နဲ့ ရောပြီး လဘက်ရည်သောက်တယ်။

အမြစ်အစိုကို ကျောက်ပျဉ်မှာ သွေးပြီး သောက်တယ်။တစ်လလောက်ကြာတော့ ချောင်းဆိုးရင် သွေးမပါတော့ဘူး။အသားအရေကလည်းစိုစိုပြည်ပြည်လေး ဖြစ်စပြုလာတယ်။ ဆေးပင်ကို ထပ်မှာပြီး ဆက်ကာဆက်ကာ သောက်တယ်။ သုံးလေးလ ကြာတော့ လူ့ကို စိုစိုပြည်ပြည်နဲ့ ဝဖြိုးလာတယ်။ သေလူကနေ ဒီလိုပုံမြင်ရတော့ ဘယ်သူမှ မယုံနိုင်ဖြစ်ကုန်တယ်။နောက်ဆေးရုံပြန်ပြတော့ ဆရောဝန်တွေ မျက်လုံးပြူးကုန်တယ်။

အဲဒါ ငဖုန်းကြီးပင်( အချို့က လောက်သေပင်လို့လည်း ခေါ်ပါတယ်) ပင်ရဲ့အစွမ်းထက်ပုံပါ။မိတ်ဆွေတို့ကို မေတ္တာဖြင့် ဖေါက်သည်ချလိုက်ပါတယ်။မိတ်ဆွေအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ပြည့်စုံနိုင်ကြပါစေ။

အောက်မှာ အပင်ပုံကလေးတွေ ဗဟုသုတ အလို့ငှာ တင်ပေးလိုက်ပါတယ်။ ပဋ္ဌမပုံက အပင်ပေါက်စ ကလေးရဲ့ပုံပါ။ နောက်ပုံတွေက အင်ပင်မှာ နွယ်ပါတ်တက်နေတဲ့ အပင်ကြီးရဲ့ပုံပါ။

credit -မူရင်း

Zawgyi Version

ေဆးရံုက ျပန္လႊတ္လိုက္တဲ့ အဆုတ္တီဘီ သမားတစ္ေယာက္ ေတာမွာ အေလ့က်ေပါက္တဲ႔အပင္ရဲ့ အစြမ္းသတၲိေၾကာင့္ ေရာဂါေပ်ာက္ကင္းျပီး အသက္ရွည္ရွည္ ေနသြားရတဲ့ အေၾကာင္း ေဖါက္သည္ခ်ပါရေစ။

ကြ်န္ေတာ္တို႕ အိမ္နားမွာ ကိုကံျမင့္ ဆိုတဲ့လူတစ္ေယာက္ရွိပါတယ္။သူ႕ပံုက အရိုးေပၚအေရတင္။ေခ်ာင္းတစ္ဟြတ္ဟြတ္နဲ႕ ေသြးအန္ေနပါျပီ။ တိုတိုေျပာၾကစို႕ရဲ့။အေျခအေနက အနွဳတ္လကၡဏာျပေနျပီ။ အနီးဆံုး အဂၤပူေဆးရံုတင္တယ္။

အဂၤပူက ဟသၤာတ ေဆးရံု လႊဲတယ္။ဟသၤာတေဆးရံုက ပုသိမ္တိုင္းေဆးရံု ထပ္လႊဲျပန္တယ္ ။ ပုသိမ္ေဆးရံုမွာ တစ္ပါတ္ေလာက္ ၾကာေတာ့ ေရာဂါက မသက္သာ။ ပုသိမ္ေဆးရံုက ေသာက္ေဆး တစ္လစာေပးျပီး တစ္လေနမွ ျပန္လာျပပါေပါ့။ ဒီလိုနဲ႕ အိမ္ျပန္ေရာက္ေတာ့ သူ႕ကိုဘယ္သူက ညႊန္တယ္မသိ ေစ်းကိုအင္ဖက္လာေရာင္းတဲ့ သူေတြကို ငဖုန္းၾကီးပင္ တစ္ပင္လံုး အျမစ္ပါမက်န္ ရသေလာက္ဝယ္မယ္ ဆိုျပီးမွာေတာ့တာပဲ။

ဒီအပင္က အင္ေတာေတြထည္းမွာ အင္မတန္ေပါတာ။ ကိုကံျမင့္က အပင္ေတြရလာေတာ့ အရြက္ေတြကို သံုးခြက္တစ္ခြက္တင္ၾကိဳျပီးေသာက္ေတာ့တာပါပဲ။က်န္တဲ့ အရြက္ေတြကို ေနရိပ္ထည္းမွာ အေျခာက္လွမ္းျပီး လဘက္ေျခာက္နဲ႕ ေရာျပီး လဘက္ရည္ေသာက္တယ္။

အျမစ္အစိုကို ေက်ာက္ပ်ဥ္မွာ ေသြးျပီး ေသာက္တယ္။တစ္လေလာက္ၾကာေတာ့ ေခ်ာင္းဆိုးရင္ ေသြးမပါေတာ့ဘူး။အသားအေရကလည္းစိုစိုျပည္ျပည္ေလး ျဖစ္စျပဳလာတယ္။ ေဆးပင္ကို ထပ္မွာျပီး ဆက္ကာဆက္ကာ ေသာက္တယ္။ သံုးေလးလ ၾကာေတာ့ လူ႕ကို စိုစိုျပည္ျပည္နဲ႕ ဝျဖိဳးလာတယ္။ ေသလူကေန ဒီလိုပံုျမင္ရေတာ့ ဘယ္သူမွ မယံုနိုင္ျဖစ္ကုန္တယ္။ေနာက္ေဆးရံုျပန္ျပေတာ့ ဆေရာဝန္ေတြ မ်က္လံုးျပဴးကုန္တယ္။

အဲဒါ ငဖုန္းၾကီးပင္( အခ်ိဳ႕က ေလာက္ေသပင္လို႕လည္း ေခၚပါတယ္) ပင္ရဲ့အစြမ္းထက္ပံုပါ။မိတ္ေဆြတို႔ကို ေမတၲာျဖင့္ ေဖါက္သည္ခ်လိုက္ပါတယ္။မိတ္ေဆြအားလံုး စိတ္ခ်မ္းသာ ကိုယ္ခ်မ္းသာနဲ႕ ျပည့္စံုနိုင္ၾကပါေစ။

ေအာက္မွာ အပင္ပံုကေလးေတြ ဗဟုသုတ အလို႕ငွာ တင္ေပးလိုက္ပါတယ္။ ပ႒မပံုက အပင္ေပါက္စ ကေလးရဲ့ပံုပါ။ ေနာက္ပံုေတြက အင္ပင္မွာ ႏြယ္ပါတ္တက္ေနတဲ့ အပင္ၾကီးရဲ့ပံုပါ။

credit -မူရင္း

Add a Comment

Your email address will not be published. Required fields are marked *