ဖားကန့်မူးယစ်ရာဇာ ဒေါ်ကိုင်ရာကို ရဲတွေ မျက်ကွယ်ပြုနေလို့ အစိုးရသိအောင် ကူညီပေးကြပါ

Sharing is caring!

ဒေါ်ကိုင် (ခ) မအူဒီကိုင်နန်းကို ၂ဝ၁၆ ခုနှစ်က စိတ်ကြွဆေးပြား သုံးသိန်းကျော်အပြင် ဘိန်းဖြူတွေ တပွေ့တပိုက်ကြီးနဲ့ သူမ နေထိုင်ရာ အသိုက်အမြုံထဲမှာ လက်ပူးလက်ကြပ် ဖမ်းဆီးနိုင်ခဲ့တယ် ။ အဲဒီလို ဖမ်းဆီးနိုင်ခဲ့ပေမဲ့

ဆက်လက်အောင်ပန်းဆင်နေဆဲ ပါပဲ ။ ဖားကန့်ဒေသရဲ့ ခေတ်သစ်ခွန်ဆာ အမေကိုင်ကို ဖားကန့်ဒေသ နဲ့ ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင်က ဝန်ထမ်းတွေ မသိသူ ရှိမယ်မထင်ပါ ။ဒီမူးယစ်ဆေးဝါးတွေကို ဖမ်းဆီးပေးခဲ့တာဟာ

လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ပက်ဂျဆန်ပါ ။ဒေါ်ကိုင်ကို ဖမ်းဆီးခဲ့တဲ့ အဲဒီအချိန်က အငြင်းပွားစရာအကြောင်းအရာတွေများစွာ ရှိနေခဲ့ပေမဲ့ ကာယကံရှင်နဲ့ သက်ဆိုင်သူတွေသာ အသိဆုံးမို့ မရေးလိုတော့ပါ ။

ဒေါ်ကိုင် (ခ) မအူဒီကိုင်နန်း ကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိချိန်မှာ (58)ရက်စာအတွက် လိုင်းကြေး သိန်းပေါင်း ငါထောင့်ရှစ်ရာ ဆိုပြီး တိကျတဲ့ စာရင်းဇယားတွေကို သိလိုက်ရချိန်မှာတော့..။ ” ဟာဌာနဆိုင်ရာက

အရာရှိတွေေတာ့ ပြုတ်ကုန်တော့မှာပဲ ၊ ပြည်သူ့အစိုးရက စံပြအနေနဲ့ အလုပ်ပြုတ်ထောင်ကျအောင် အရေးယူတော့မှာပဲ ” လို့ ပြည်သူတွေက တွေးထင်ခဲ့ကြပါတယ် ။

(ပိုင်ရှင်မဲ့ ဖိုးသမား အလောင်းဖြစ်မည့် သေလုမျောပါးဖြစ်နေသည့် ဖိုးသမား ။)

ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဒေါ်ကိုင်ဆီက လိုင်းကြေးကောက်တဲ့အရာရှိတွေ ဌာနတွေ ဂျန်းပရိုမိုးရှင်းတွေနဲ့ ရာထူးတက်ကုန်တဲ့အပြင်ဒေါ်ကိုင်ဟာ ထောင်မကျခဲ့ပြန်ပါဘူး ။ရာဘဆေးပြား သုံးသိန်းကျော်နဲ့ဘိန်ဖြူဆပ်ပြာခွက်ပေါ

င်းများစွာဖမ်းဆီးမိခဲ့တဲ့ မအူဒီကိုင်နန်း ထောင်နန်းမစံရတဲ့ကိစ္စမှာ ကချင်ပြည်နယ် တရားသူကြီးချုပ် ဦးတူးဂျာနဲ့ ကချင်ပြည်နယ် ဥပဒေချုပ် ဦးဒီဆင်ရမ် တို့ ဆိတ်ဆိတ်နေခြင်းကလည်း ကချင်ပြည်နယ်တရားစီရင်ရေးအတွက်

မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါ တယ် ။

(ပိုင်ရှင်မဲ့ ဖိုးသမားကို မြှုပ်ဘို့ ဒေါ်ကိုင်ဆီကို အလှူငွေ သွားတောင်းသူ ပြန်အလာကို အလောင်းချပြီး စောင့်နေစဉ်)

ဒေါ်ကိုင်ကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိချိန်မှာ ငိုကြယိုကြသူတွေတောင် ရှိကြတယ်ဆိုပဲဗျ ။ ဖားကန့်ဒေသ တခုလုံးရဲ့ ဝန်ထမ်းပေါင်းများစွာကို ကျောက်ထောက်နောက်ခံပေးထားတဲ့ ငွေတွင်းကြီး ခန်းခြောက်သွားတော့မယ်ဆိုတော့

တချိန်လုံး အမေကိုင် ခေါ်နေသူတချို့ အပင်းဆို့ပေါက် ပိတ်ကုန်တာကိုး ။ ငိုမယ်ဆိုလည်း ငိုလောက်စရာပေါ့ ။တရက်သိန်းတရာ အလှူကြီးပေးနိုင်တာဆိုလို့ ကချင်ပြည်နယ်မှာ သူတယောက်ပဲ ရှိတာလေ ။

(ဆာလာအိတ်နှင့်ထည့်ကာ သုဿန်ကို သုံးဘီးနှင့်ပို့နေတဲ့ ပိုင်ရှင်မဲ့ဖိုးသမားအလောင်း)

ဖားကန့်ဒေသရဲ့ ခေတ်သစ် ခွန်ဆာ ဒေါ်ကိုင်ရာကို မြင်ဘူးချင်လို့ လုံးခင်းရဲစခန်းမှာ သွားရောက်မှော်ဖူးခွင့်ရခဲ့ဘူးပါတယ် ။

သပ်သပ်ရပ်ရပ်အခန်းလေးထဲက မွေ့ယာပေါ်မှာ အခြွေအရံနှစ်ယောက် အစားအသောက်တွေတပုံကြီးနဲ့ သာတောင့်သာယာ ထိုင်နေတဲ့ ဒေါ်ကိုင်ပုံရိပ်ကို ခုထိမြင်ယောင်မိပါသေး တယ် ။ဒေါ်ကိုင်မျက်နှာမှာ ဝမ်းနည်းတဲ့

အရိပ်အယောင်တောင် မတွေ့ခဲ့ရပါ ။

(ဆေးဆက်မသုံးနိုင်တော့လို့ သေဘို့စောင့်နေတဲ့ ပိုင်ရှင်မဲ့ဖိုးသမား)

ဒေါ်ကိုင်ရာကို အချုပ်ထဲ မနေရဘို့အရေး ရောဂါလက္ခဏာရှိကြောင်း လိမ်လည် အကြောင်းပြကာ ဆရာဝန်ဆေးလက်မှတ်ယူဘို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တချို့ အလုပ်ရှုပ်နေလေရဲ့ ။အဲဒီအချိန်ကတော့ ကချင်ပြည်နယ်က ဝန်

ထောင်ပေါင်းများစွာရဲ့ အမေကိုင်ကိုကာကွယ်ကြ အချိန်ဖြစ်မယ်ထင်ပါတယ် ။ အောမြင်ခဲ့ပါတယ် ။မအောင်မြင်ပဲ ဘယ်နေမလဲ အားလုံးက အမေကိုင်ရာရဲ့ သားသမီးတွေကိုး ။ဒါကြောင့် အမေကိုင် အချုပ်ထဲမနေရရေး ၊ တရားရုံးကို

ဇိမ်ခံကားနဲ့လာရောက်အမှုရင်ဆိုင်ရေးဟာ အမေကိုင့်သားသမီးတွေရဲ့ မဟာစီမံကိန်းကြီး ဖြစ်မယ်ထင်ပါတယ် ။

(လမ်းမလျှောက်နိုင် ၊ ဆေးလဲဆက်မသုံးနိုင်ပဲ အိပ်ယာထဲမှာ သေမဲ့အချိန်ကို စောင့်နေတဲ့ ဖိုးသမား)

ခြောက်လက်မလောက်ရှိတဲ့ဓါးနဲ့ဆိုင်ကယ်လုယက်လူသတ်ခဲ့တဲ့တရားခံဟာ ဘယ်ညာကန့်လန့် သံခြေချင်းဒေါက်တွေနဲ့ တရားရုံးသွားနေရချိန်မှာ ဖားကန့်ဒေသမှာ အနည်းဆုံး တပတ်တယောက်လောက် မူးယစ်ဆေးဝါးနဲ့လူသတ်ခဲ့

တဲ့ မူးယစ်ရာဇာ ဒေါ်ကိုင်ကတော့ ဇီမ်ခံကား လင်ခယူဇာ ဝစ်သောက်နဲ့ တရားရုံးရှေ့တော်မှောက်ကို အရောက်လာတရားရင်ဆိုင်ခွင့်ရခဲ့ပါတယ် ။

(ဆေးဆက်မသုံးနိုင်တော့လို့ သေဘို့စောင့်နေတဲ့ ပိုင်ရှင်မဲ့ဖိုးသမား)

ဒေါ်ကိုင်ရာ အချုပ်ထဲကနေ တရားမရင်ဆိုင်ရပေမဲ့ ပိုင်ရှင်မဲ့ ဖိုးသမားအလောင်းတွေကတော့ သုဿန်မှာ နေ့စဉ်မပြတ်ရောက်နေဆဲပါ ။အမေကိုင် အဖမ်းခံရတော့ စိတ်မခိုင်လို့ ငိုသူတွေထဲမှာ ဖိုးသမားတွေလည်း ပါဝင်ကြတယ် ။

တာဝန်ရှိသူ ဌာနဆိုင်ရာများနဲ့ မူးယစ်ဆေးစွဲသူများရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်သူ ဒေါ်ကိုင်ရာဟာ အချိန်တိုအတွင်းမှာပဲ တရားတဘောင် ကို အောင်မြင်စွာ ရင်ဆိုင်ပြီးသကာလ မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးရေး ဖြစ်တဲ့

မူလရာထူးတာဝန်များကို ဆက်လက်ထမ်းဆောင်နေလာတာ ဒီနေ့အချိန်ထိ ဆိုပါတော့ ။

(သုဿန်ဇရပ်ပေါ်မှာ အားပြတ်နေတဲ့ ဖိုးသမား)

ခုတော့ သူတို့ခေါ်တဲ့ အမေကိုင်ဟာ အခြေယိုင်မသွားတဲ့အပြင် ဆယ်ဇင်းကျေးရွာမှာ နေထိုင်လျှက် ၊ ယခင်အတိုင်း ဖားကန့်အတွက်မူးယစ်ဆေးဝါးတွေ ဖြန့်ကျက်ရောင်းဝယ်ဖောက်ကားနေလျှက်ပါပဲလို့ ဆယ်ဇင်းရွာသားတွေက

ပြောကြပါတယ် ။အမေကိုင်ရဲ့ လက်ပွားတွေ ဖြစ်တဲ့ မသက်ရှည်လို မူးယစ်ရာဇာတွေလည်း အများအပြား ပေါ်ထွက်လို့ လာနေပါပြီ ။ပွင့်လင်းရာသီချိန်မှာ ရေမဆေးကျောက်ရှာသူ သုံးသိန်းကျော်လောက်ရှိတဲ့ မူးယစ်ဆေးလိုအပ်ချက်

ဈေးကွက်ကြီးကို အချိန်ပြည့် ရောင်းဝယ်ဖောက်ကားနိုင်ဘို့ဆိုတာ မသက်ရှည်တို့လို နယ်ပိုင် မူးယစ်ရာဇာတွေလည်း အမြောက်အများ ထွက်ပေါ်လာတာဟာ မဆန်းပါဘူး ။

(ဆေးဆက်မသုံးနိုင်တော့လို့ သေဘို့စောင့်နေတဲ့ ပိုင်ရှင်မဲ့ဖိုးသမား)

ဖားကန့်ဒေသရဲ့ ခေတ်သစ်ခွန်ဆာ ဒေါ်ကိုင်ရာဟာ တရားတဘောင်ရင်ဆိုင်ပြီး နောက်ပိုင်း ဖားကန့်ဒေသရဲ့ မူးယစ်ဆေးဝါးဟာ အတားအဆီးမဲ့ အပြိုင်းအရိုင်း များပြားလာပါတော့တယ် ။အမေကိုင်တယောက် တရားတဘောင်

ရင်ဆိုင်ခဲ့ရစဉ်က ကုန်ကျစရိတ်တွေ ကာမိအောင် အရောင်းမြှင့်တင်တာလား ၊ သုံးစွဲသူ လိုသလောက် ဈေးကွက်ကို အရောက်ပို့နိုင်ခဲ့တာလားတော့ မပြောတတ် ။

ဖျတ်လတ်သန်မာထွားကြိုင်းသူ လူငယ်တွေဟာ မူးယစ်ဆေးဝါး သုံးစွဲမှ ခေတ်မှီတယ်လို့ အထင်ရောက်လာသည်အထိ မာကတ်တင်းဟာ အောင်မြင်နေပါပြီ ။

(ဆေးချပြီး လမ်းဆက်မလျှောက်နိုင်ပဲ ဆေးမှန်းနေတဲ့ ဖိုးသမား)

ကိုယ့်အိမ်ရှေ့ကိုထွက် တထောင်တန်တရွက်ကိုင်ပြီး လက်ယပ်ခေါ်လိုက်တာနဲ့ အဆင်သင့်ဘိန်းဖြူထည့်ထားတဲ့ ဆေးထိုးအပ်နဲ့ဆလင်းကို လက်ထဲအရောက်လာထည့်ပေးတဲ့ ဝန်ဆောင်မှုတွေ ဖားကန့်မှာ ရနေပြီ ။

ကွမ်းယာသည်ကို ကွမ်းတထုတ်လာပို့ပါလို့ လှမ်းအော်ရင် လာပို့ချင်မှ လာပို့မည် ။

တထောင်တရွက်ထောင်ပြလိုက်တာနဲ့ အဆင်သင့်အသုံးပြုနိုင်တဲ့ ဘိန်းဖြူနဲ့ ဆေးထိုးအပ်က သင့်ဆီကို မဆိုင်းမတွ ရောက်လာပြီ ။ဒီလိုဝန်ဆောင်မှုတွေ လွပ်လွပ်လပ်လပ်လုပ်နိုင်ဘို့ဆိုရင် 2016 ခုနှစ်ကလို တရက်သိန်းတရာ

လိုင်းေြးနဲ့ရပါ့အုံးမလား ။ဒါသည်ပင် ဖားကန့်ဒေသရဲ့ တရားဥပဒေ စိုးမိုးရေး ပြယုတ် ဟု ဆိုရာမည်ထင်၏ ။

(လူကြားကောင်းအောင် အသလွတ်ဖင်ခေါင်းကြယ်ပြတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးများရဲ့ ဟန်ပြအစည်းအဝေး)

အမတ်မင်းရဲ့အရေးကြီး အဆို လုပ်ကြံမည့် ဟွန်းသံနဲ့ကြိုဆိုခံရ….ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟာ ဖားကန့် မူးယစ်ဆေးဝါးကိစ္စ သက်ဆိုင်ရာ က ဖြေရှင်းပေးကြဘို့ ပြည်သူ့လွှတ်တော်မှာ အရေးကြီး အဆိုတင်တော့

ဖားကန့်တခွင်လုံး အုံးအုံးကြွက်ကြွက် ရုတ်တရက်ဖြစ်ခဲ့ပေမဲ့လွှတ်တော်ပိတ်ရက် အိမ်ပြန်လာချိန်မှာတော့ လုပ်ကြံသတ်ဖြတ်ဘို့လို့ ယူဆရတဲ့သူ တချို့က အမတ်မင်းအိမ်အပေါက်ဝမှာ ဟွန်းတီးပြီး သတိပေးခံလိုက်ရပါတော့တယ် ။

တပ်ရင်း တပ်မတွေနဲ့ ရဲတပ်ရင်းတွေ ဘုံပေါလအော ရှိတဲ့အရပ်မှာ ပြည်သူ့လုံခြုံရေးဆိုတာဝေလာဝေး အမတ်လေးတဦးရဲ့အသက်တောင် ခြိမ်းခြောက်ရဲတဲ့ မူးယစ်ရာဇာတွေကို ဘယ်သူမှ မဖမ်းရဲကြတာလည်း ဒီနေ့အချိန်ထိပါပဲ ။ပြ

ည်သူ့အစိုးရ ဆိုတာ တကယ့်ပြည်သူ့အစိုးရအစစ်ကြီးပါ ။ဘာကြောင့်လည်း ဆိုတော့ အစိုးရဘက်မှာ ပြည်သူပဲ ရှိတာပါ ။ဘယ်လက်နက်ကိုင်မှ မရှိဘူးဆိုတာ ” အမတ်မင်းသေသွားချင်သလား ” လို့ အဓိပ္ပါယ်ရတဲ့ အိမ်ရှေ့က

ဟွန်းသံ သုံးချက် သက်သေပြနေပါတယ် ။

(လုံးခင်းကျေးရွာအနီးက မူးယစ်ဆေးဝါး အရောင်းဈေးတန်းအားတွေ့ရစဉ်)

ဒါနဲ့ စကားမစပ် ဖားကန့်မှာ မူးယစ်ဆေးဝါး အဖမ်းအဆီးကြမ်းတဲ့ ဒုရဲမှူး ဝါဝါကြွယ်တို့ ၊ ရဲအုပ် ထန်းနိမ်တို့ ၊ ရဲအုပ် ခင်ဇော်တို့ကို ကချင်ပြည်နယ် လို မူးယစ်ဆေးဝါး ပေါတဲ့ ဒေသမှာ ပြန်လည်နေရာချထားပေးရန် တောင်းဆို

သွားမယ်ဆိုတဲ့ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလက ဖားကန့် ငှက်ပျောတော ရပ်ကွက် ဥရုရတာနာခန်းမမှာ ပြည်နယ် ဥပဒေချုပ်ကြီး ဦးဒီဆင်ရမ် ပြောတာလေးကို ခုထိ အမှတ်ရနေဆဲပါ ။

ခုတော့ ဥပဒေချုပ်ကြီးပြောခါမှ မူးယစ်ရာဇာတွေက အထက်ကိုငွေပေးပြီး ချောင်ပိတ်လိုက်ပြီလားမပြောတတ်ပါ ။

(အစားအသောက်မစားရသည့် ဖိုးသမားများကို ဆယ်ဇင်းကျေးရွာ ဘုန်းတော်ကြီးမှ ထမင်းဟင်းများ ချက်ပြုတ်ပြီး ကြွေးမွေးနေစဉ်)

ပြည်သူကိုယ်စား ပြည်သူ့အစိုးရကြီးကို တောင်းဆိုပါရစေ ။ကချင်ပြည်နယ် ဖားကန့်ဒေသက မူးယစ်ဆေးဝါးပြဿနာကို နိုင်သလောက်ကလေးတော့ ဖြေရှင်းပေးစေလိုပါတယ် ။ပြည်သူတွေမှာလည်း အစိုးရကိုပဲ တောင်းဆိုစရာရှိနေတာပါ ။

ပြည်သူအော်နေယုံတော့မရတော့ပါ ။ပြည်သူ့ကိုယ်စားလှယ်များ ပြည်သူ့ဝန်ကြီးချုပ်များ ပြည်သူကို ငဲ့ညှာသနားသော အားဖြင့် နိုင်သလောက်ကလေးတော့ ဖြေရှင်းပေးစေလိုပါတယ် ။

ဇော်မိုးထက် (ဖားကန့် )

Photo -ကိုယ်တိုင်ရိုက်တချို့နှင့်ဖားကန့်တခွင်မှ CJများက ရိုက်ကူးပေးပို့သည့်ပုံများ ဖားကန့်ဒေသခံ Facebook အကောင့်ပိုင်ရှင်များထံမှ ပုံများ ဖြစ်ပါတယ် ။

Zawgyi Version

ေဒၚကိုင္ (ခ) မအူဒီကိုင္နန္းကို ၂ဝ၁၆ ခုႏွစ္က စိတ္ႂကြေဆးျပား သုံးသိန္းေက်ာ္အျပင္ ဘိန္းျဖဴေတြ တေပြ႕တပိုက္ႀကီးနဲ႔ သူမ ေနထိုင္ရာ အသိုက္အၿမဳံထဲမွာ လက္ပူးလက္ၾကပ္ ဖမ္းဆီးႏိုင္ခဲ့တယ္ ။ အဲဒီလို ဖမ္းဆီးႏိုင္ခဲ့ေပမဲ့

ဆက္လက္ေအာင္ပန္းဆင္ေနဆဲ ပါပဲ ။ ဖားကန႔္ေဒသရဲ႕ ေခတ္သစ္ခြန္ဆာ အေမကိုင္ကို ဖားကန႔္ေဒသ နဲ႔ ကခ်င္ျပည္နယ္ ၊ မိုးညႇင္းခ႐ိုင္က ဝန္ထမ္းေတြ မသိသူ ရွိမယ္မထင္ပါ ။ဒီမူးယစ္ေဆးဝါးေတြကို ဖမ္းဆီးေပးခဲ့တာဟာ လူထု

အေျချပဳ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးအဖြဲ႕ ပက္ဂ်ဆန္ပါ ။ေဒၚကိုင္ကို ဖမ္းဆီးခဲ့တဲ့ အဲဒီအခ်ိန္က အျငင္းပြားစရာအေၾကာင္းအရာေတြမ်ားစြာ ရွိေနခဲ့ေပမဲ့ ကာယကံရွင္နဲ႔ သက္ဆိုင္သူေတြသာ အသိဆုံးမို႔ မေရးလိုေတာ့ပါ ။

ေဒၚကိုင္ (ခ) မအူဒီကိုင္နန္း ကို မူးယစ္ေဆးဝါးေတြနဲ႔ ဖမ္းမိခ်ိန္မွာ (58)ရက္စာအတြက္ လိုင္းေၾကး သိန္းေပါင္း ငါေထာင့္ရွစ္ရာ ဆိုၿပီး တိက်တဲ့ စာရင္းဇယားေတြကို သိလိုက္ရခ်ိန္မွာေတာ့..။ ” ဟာဌာနဆိုင္ရာက အရာရွိေတြေ

တာ့ ျပဳတ္ကုန္ေတာ့မွာပဲ ၊ ျပည္သူ႔အစိုးရက စံျပအေနနဲ႔ အလုပ္ျပဳတ္ေထာင္က်ေအာင္ အေရးယူေတာ့မွာပဲ ” လို႔ ျပည္သူေတြက ေတြးထင္ခဲ့ၾကပါတယ္ ။

(ပိုင္ရွင္မဲ့ ဖိုးသမား အေလာင္းျဖစ္မည့္ ေသလုေမ်ာပါးျဖစ္ေနသည့္ ဖိုးသမား ။)

ဒါေပမဲ့ တကယ့္လက္ေတြ႕မွာေတာ့ ေဒၚကိုင္ဆီက လိုင္းေၾကးေကာက္တဲ့အရာရွိေတြ ဌာနေတြ ဂ်န္းပ႐ိုမိုးရွင္းေတြနဲ႔ ရာထူးတက္ကုန္တဲ့အျပင္ေဒၚကိုင္ဟာ ေထာင္မက်ခဲ့ျပန္ပါဘူး ။ရာဘေဆးျပား သုံးသိန္းေက်ာ္နဲ႔ဘိန္ျဖဴဆပ္ျပာခြက္ေပါ

င္းမ်ားစြာဖမ္းဆီးမိခဲ့တဲ့ မအူဒီကိုင္နန္း ေထာင္နန္းမစံရတဲ့ကိစၥမွာ ကခ်င္ျပည္နယ္ တရားသူႀကီးခ်ဳပ္ ဦးတူးဂ်ာနဲ႔ ကခ်င္ျပည္နယ္ ဥပေဒခ်ဳပ္ ဦးဒီဆင္ရမ္ တို႔ ဆိတ္ဆိတ္ေနျခင္းကလည္း ကခ်င္ျပည္နယ္တရားစီရင္ေရးအတြက္ ေမးခြန္း

ထုတ္စရာ ျဖစ္ခဲ့ပါ တယ္ ။

(ပိုင္ရွင္မဲ့ ဖိုးသမားကို ျမႇဳပ္ဘို႔ ေဒၚကိုင္ဆီကို အလႉေငြ သြားေတာင္းသူ ျပန္အလာကို အေလာင္းခ်ၿပီး ေစာင့္ေနစဥ္)

ေဒၚကိုင္ကို မူးယစ္ေဆးဝါးေတြနဲ႔ ဖမ္းမိခ်ိန္မွာ ငိုၾကယိုၾကသူေတြေတာင္ ရွိၾကတယ္ဆိုပဲဗ် ။ ဖားကန႔္ေဒသ တခုလုံးရဲ႕ ဝန္ထမ္းေပါင္းမ်ားစြာကို ေက်ာက္ေထာက္ေနာက္ခံေပးထားတဲ့ ေငြတြင္းႀကီး ခန္းေျခာက္သြားေတာ့မယ္ဆိုေတာ့ တခ်ိ

န္လုံး အေမကိုင္ ေခၚေနသူတခ်ိဳ႕ အပင္းဆို႔ေပါက္ ပိတ္ကုန္တာကိုး ။ ငိုမယ္ဆိုလည္း ငိုေလာက္စရာေပါ့ ။တရက္သိန္းတရာ အလႉႀကီးေပးႏိုင္တာဆိုလို႔ ကခ်င္ျပည္နယ္မွာ သူတေယာက္ပဲ ရွိတာေလ ။

(ဆာလာအိတ္ႏွင့္ထည့္ကာ သုႆန္ကို သုံးဘီးႏွင့္ပို႔ေနတဲ့ ပိုင္ရွင္မဲ့ဖိုးသမားအေလာင္း)

ဖားကန႔္ေဒသရဲ႕ ေခတ္သစ္ ခြန္ဆာ ေဒၚကိုင္ရာကို ျမင္ဘူးခ်င္လို႔ လုံးခင္းရဲစခန္းမွာ သြားေရာက္ေမွာ္ဖူးခြင့္ရခဲ့ဘူးပါတယ္ ။

သပ္သပ္ရပ္ရပ္အခန္းေလးထဲက ေမြ႕ယာေပၚမွာ အေႁခြအရံႏွစ္ေယာက္ အစားအေသာက္ေတြတပုံႀကီးနဲ႔ သာေတာင့္သာယာ ထိုင္ေနတဲ့ ေဒၚကိုင္ပုံရိပ္ကို ခုထိျမင္ေယာင္မိပါေသး တယ္ ။ေဒၚကိုင္မ်က္ႏွာမွာ ဝမ္းနည္းတဲ့ အရိပ္အေယာင္ေတာင္ မေတြ႕ခဲ့ရပါ ။

(ေဆးဆက္မသုံးႏိုင္ေတာ့လို႔ ေသဘို႔ေစာင့္ေနတဲ့ ပိုင္ရွင္မဲ့ဖိုးသမား)

ေဒၚကိုင္ရာကို အခ်ဳပ္ထဲ မေနရဘို႔အေရး ေရာဂါလကၡဏာရွိေၾကာင္း လိမ္လည္ အေၾကာင္းျပကာ ဆရာဝန္ေဆးလက္မွတ္ယူဘို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕ အလုပ္ရႈပ္ေနေလရဲ႕ ။အဲဒီအခ်ိန္ကေတာ့ ကခ်င္ျပည္နယ္က ဝန္ေထာင္ေပါင္း

မ်ားစြာရဲ႕ အေမကိုင္ကိုကာကြယ္ၾက အခ်ိန္ျဖစ္မယ္ထင္ပါတယ္ ။ ေအာျမင္ခဲ့ပါတယ္ ။မေအာင္ျမင္ပဲ ဘယ္ေနမလဲ အားလုံးက အေမကိုင္ရာရဲ႕ သားသမီးေတြကိုး ။ဒါေၾကာင့္ အေမကိုင္ အခ်ဳပ္ထဲမေနရေရး ၊ တရား႐ုံးကို ဇိမ္ခံကား

နဲ႔လာေရာက္အမႈရင္ဆိုင္ေရးဟာ အေမကိုင့္သားသမီးေတြရဲ႕ မဟာစီမံကိန္းႀကီး ျဖစ္မယ္ထင္ပါတယ္ ။

(လမ္းမေလွ်ာက္ႏိုင္ ၊ ေဆးလဲဆက္မသုံးႏိုင္ပဲ အိပ္ယာထဲမွာ ေသမဲ့အခ်ိန္ကို ေစာင့္ေနတဲ့ ဖိုးသမား)

ေျခာက္လက္မေလာက္ရွိတဲ့ဓါးနဲ႔ဆိုင္ကယ္လုယက္လူသတ္ခဲ့တဲ့တရားခံဟာ ဘယ္ညာကန႔္လန႔္ သံေျခခ်င္းေဒါက္ေတြနဲ႔ တရား႐ုံးသြားေနရခ်ိန္မွာ ဖားကန႔္ေဒသမွာ အနည္းဆုံး တပတ္တေယာက္ေလာက္ မူးယစ္ေဆးဝါးနဲ႔လူသတ္ခဲ့တဲ့ မူ

းယစ္ရာဇာ ေဒၚကိုင္ကေတာ့ ဇီမ္ခံကား လင္ခယူဇာ ဝစ္ေသာက္နဲ႔ တရား႐ုံးေရွ႕ေတာ္ေမွာက္ကို အေရာက္လာတရားရင္ဆိုင္ခြင့္ရခဲ့ပါတယ္ ။

(ေဆးဆက္မသုံးႏိုင္ေတာ့လို႔ ေသဘို႔ေစာင့္ေနတဲ့ ပိုင္ရွင္မဲ့ဖိုးသမား)

ေဒၚကိုင္ရာ အခ်ဳပ္ထဲကေန တရားမရင္ဆိုင္ရေပမဲ့ ပိုင္ရွင္မဲ့ ဖိုးသမားအေလာင္းေတြကေတာ့ သုႆန္မွာ ေန႔စဥ္မျပတ္ေရာက္ေနဆဲပါ ။အေမကိုင္ အဖမ္းခံရေတာ့ စိတ္မခိုင္လို႔ ငိုသူေတြထဲမွာ ဖိုးသမားေတြလည္း ပါဝင္ၾကတယ္ ။

တာဝန္ရွိသူ ဌာနဆိုင္ရာမ်ားနဲ႔ မူးယစ္ေဆးစြဲသူမ်ားရဲ႕ အသည္းႏွလုံးကို သိမ္းပိုက္ႏိုင္သူ ေဒၚကိုင္ရာဟာ အခ်ိန္တိုအတြင္းမွာပဲ တရားတေဘာင္ ကို ေအာင္ျမင္စြာ ရင္ဆိုင္ၿပီးသကာလ မူးယစ္ေဆးဝါး ေရာင္းဝယ္ ျဖန႔္ျဖဴးေရး ျဖစ္တဲ့

မူလရာထူးတာဝန္မ်ားကို ဆက္လက္ထမ္းေဆာင္ေနလာတာ ဒီေန႔အခ်ိန္ထိ ဆိုပါေတာ့ ။

(သုႆန္ဇရပ္ေပၚမွာ အားျပတ္ေနတဲ့ ဖိုးသမား)

ခုေတာ့ သူတို႔ေခၚတဲ့ အေမကိုင္ဟာ အေျခယိုင္မသြားတဲ့အျပင္ ဆယ္ဇင္းေက်း႐ြာမွာ ေနထိုင္လွ်က္ ၊ ယခင္အတိုင္း ဖားကန႔္အတြက္မူးယစ္ေဆးဝါးေတြ ျဖန႔္က်က္ေရာင္းဝယ္ေဖာက္ကားေနလွ်က္ပါပဲလို႔ ဆယ္ဇင္း႐ြာသားေတြက

ေျပာၾကပါတယ္ ။အေမကိုင္ရဲ႕ လက္ပြားေတြ ျဖစ္တဲ့ မသက္ရွည္လို မူးယစ္ရာဇာေတြလည္း အမ်ားအျပား ေပၚထြက္လို႔ လာေနပါၿပီ ။ပြင့္လင္းရာသီခ်ိန္မွာ ေရမေဆးေက်ာက္ရွာသူ သုံးသိန္းေက်ာ္ေလာက္ရွိတဲ့ မူးယစ္ေဆးလိုအပ္ခ်က္

ေစ်းကြက္ႀကီးကို အခ်ိန္ျပည့္ ေရာင္းဝယ္ေဖာက္ကားႏိုင္ဘို႔ဆိုတာ မသက္ရွည္တို႔လို နယ္ပိုင္ မူးယစ္ရာဇာေတြလည္း အေျမာက္အမ်ား ထြက္ေပၚလာတာဟာ မဆန္းပါဘူး ။

(ေဆးဆက္မသုံးႏိုင္ေတာ့လို႔ ေသဘို႔ေစာင့္ေနတဲ့ ပိုင္ရွင္မဲ့ဖိုးသမား)

ဖားကန႔္ေဒသရဲ႕ ေခတ္သစ္ခြန္ဆာ ေဒၚကိုင္ရာဟာ တရားတေဘာင္ရင္ဆိုင္ၿပီး ေနာက္ပိုင္း ဖားကန႔္ေဒသရဲ႕ မူးယစ္ေဆးဝါးဟာ အတားအဆီးမဲ့ အၿပိဳင္းအ႐ိုင္း မ်ားျပားလာပါေတာ့တယ္ ။အေမကိုင္တေယာက္ တရားတေဘာင္ရင္ဆိုင္

ခဲ့ရစဥ္က ကုန္က်စရိတ္ေတြ ကာမိေအာင္ အေရာင္းျမႇင့္တင္တာလား ၊ သုံးစြဲသူ လိုသေလာက္ ေစ်းကြက္ကို အေရာက္ပို႔ႏိုင္ခဲ့တာလားေတာ့ မေျပာတတ္ ။

ဖ်တ္လတ္သန္မာထြားႀကိဳင္းသူ လူငယ္ေတြဟာ မူးယစ္ေဆးဝါး သုံးစြဲမွ ေခတ္မွီတယ္လို႔ အထင္ေရာက္လာသည္အထိ မာကတ္တင္းဟာ ေအာင္ျမင္ေနပါၿပီ ။

(ေဆးခ်ၿပီး လမ္းဆက္မေလွ်ာက္ႏိုင္ပဲ ေဆးမွန္းေနတဲ့ ဖိုးသမား)

ကိုယ့္အိမ္ေရွ႕ကိုထြက္ တေထာင္တန္တ႐ြက္ကိုင္ၿပီး လက္ယပ္ေခၚလိုက္တာနဲ႔ အဆင္သင့္ဘိန္းျဖဴထည့္ထားတဲ့ ေဆးထိုးအပ္နဲ႔ဆလင္းကို လက္ထဲအေရာက္လာထည့္ေပးတဲ့ ဝန္ေဆာင္မႈေတြ ဖားကန႔္မွာ ရေနၿပီ ။ ကြမ္းယာသည္ကို

ကြမ္းတထုတ္လာပို႔ပါလို႔ လွမ္းေအာ္ရင္ လာပို႔ခ်င္မွ လာပို႔မည္ ။

တေထာင္တ႐ြက္ေထာင္ျပလိုက္တာနဲ႔ အဆင္သင့္အသုံးျပဳႏိုင္တဲ့ ဘိန္းျဖဴနဲ႔ ေဆးထိုးအပ္က သင့္ဆီကို မဆိုင္းမတြ ေရာက္လာၿပီ ။ဒီလိုဝန္ေဆာင္မႈေတြ လြပ္လြပ္လပ္လပ္လုပ္ႏိုင္ဘို႔ဆိုရင္ 2016 ခုႏွစ္ကလို တရက္သိန္းတရာ လိုင္းေၾးနဲ႔ရပါ့အုံးမလား ။ဒါသည္ပင္ ဖားကန႔္ေဒသရဲ႕ တရားဥပေဒ စိုးမိုးေရး ျပယုတ္ ဟု ဆိုရာမည္ထင္၏ ။

(လူၾကားေကာင္းေအာင္ အသလြတ္ဖင္ေခါင္းၾကယ္ျပတဲ့ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ားရဲ႕ ဟန္ျပအစည္းအေဝး)

အမတ္မင္းရဲ႕အေရးႀကီး အဆို လုပ္ႀကံမည့္ ဟြန္းသံနဲ႔ႀကိဳဆိုခံရ….ဖားကန႔္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ဟာ ဖားကန႔္ မူးယစ္ေဆးဝါးကိစၥ သက္ဆိုင္ရာ က ေျဖရွင္းေပးၾကဘို႔ ျပည္သူ႔လႊတ္ေတာ္မွာ အေရးႀကီး အဆိုတင္ေတာ့

ဖားကန႔္တခြင္လုံး အုံးအုံးႂကြက္ႂကြက္ ႐ုတ္တရက္ျဖစ္ခဲ့ေပမဲ့လႊတ္ေတာ္ပိတ္ရက္ အိမ္ျပန္လာခ်ိန္မွာေတာ့ လုပ္ႀကံသတ္ျဖတ္ဘို႔လို႔ ယူဆရတဲ့သူ တခ်ိဳ႕က အမတ္မင္းအိမ္အေပါက္ဝမွာ ဟြန္းတီးၿပီး သတိေပးခံလိုက္ရပါေတာ့တယ္ ။

တပ္ရင္း တပ္မေတြနဲ႔ ရဲတပ္ရင္းေတြ ဘုံေပါလေအာ ရွိတဲ့အရပ္မွာ ျပည္သူ႔လုံၿခဳံေရးဆိုတာေဝလာေဝး အမတ္ေလးတဦးရဲ႕အသက္ေတာင္ ၿခိမ္းေျခာက္ရဲတဲ့ မူးယစ္ရာဇာေတြကို ဘယ္သူမွ မဖမ္းရဲၾကတာလည္း ဒီေန႔အခ်ိန္ထိပါပဲ ။ျပ

ည္သူ႔အစိုးရ ဆိုတာ တကယ့္ျပည္သူ႔အစိုးရအစစ္ႀကီးပါ ။ဘာေၾကာင့္လည္း ဆိုေတာ့ အစိုးရဘက္မွာ ျပည္သူပဲ ရွိတာပါ ။ဘယ္လက္နက္ကိုင္မွ မရွိဘူးဆိုတာ ” အမတ္မင္းေသသြားခ်င္သလား ” လို႔ အဓိပၸါယ္ရတဲ့ အိမ္ေရွ႕က ဟြန္းသံ

သုံးခ်က္ သက္ေသျပေနပါတယ္ ။

(လုံးခင္းေက်း႐ြာအနီးက မူးယစ္ေဆးဝါး အေရာင္းေစ်းတန္းအားေတြ႕ရစဥ္)

ဒါနဲ႔ စကားမစပ္ ဖားကန႔္မွာ မူးယစ္ေဆးဝါး အဖမ္းအဆီးၾကမ္းတဲ့ ဒုရဲမႉး ဝါဝါႂကြယ္တို႔ ၊ ရဲအုပ္ ထန္းနိမ္တို႔ ၊ ရဲအုပ္ ခင္ေဇာ္တို႔ကို ကခ်င္ျပည္နယ္ လို မူးယစ္ေဆးဝါး ေပါတဲ့ ေဒသမွာ ျပန္လည္ေနရာခ်ထားေပးရန္ ေတာင္းဆိုသြားမယ္

ဆိုတဲ့ ၂ဝ၁၇ ခုႏွစ္ ဒီဇင္ဘာလက ဖားကန႔္ ငွက္ေပ်ာေတာ ရပ္ကြက္ ဥ႐ုရတာနာခန္းမမွာ ျပည္နယ္ ဥပေဒခ်ဳပ္ႀကီး ဦးဒီဆင္ရမ္ ေျပာတာေလးကို ခုထိ အမွတ္ရေနဆဲပါ ။

ခုေတာ့ ဥပေဒခ်ဳပ္ႀကီးေျပာခါမွ မူးယစ္ရာဇာေတြက အထက္ကိုေငြေပးၿပီး ေခ်ာင္ပိတ္လိုက္ၿပီလားမေျပာတတ္ပါ ။

(အစားအေသာက္မစားရသည့္ ဖိုးသမားမ်ားကို ဆယ္ဇင္းေက်း႐ြာ ဘုန္းေတာ္ႀကီးမွ ထမင္းဟင္းမ်ား ခ်က္ျပဳတ္ၿပီး ေႂကြးေမြးေနစဥ္)

ျပည္သူကိုယ္စား ျပည္သူ႔အစိုးရႀကီးကို ေတာင္းဆိုပါရေစ ။ကခ်င္ျပည္နယ္ ဖားကန႔္ေဒသက မူးယစ္ေဆးဝါးျပႆနာကို ႏိုင္သေလာက္ကေလးေတာ့ ေျဖရွင္းေပးေစလိုပါတယ္ ။ျပည္သူေတြမွာလည္း အစိုးရကိုပဲ ေတာင္းဆိုစရာရွိေနတာပါ ။

ျပည္သူေအာ္ေနယုံေတာ့မရေတာ့ပါ ။ျပည္သူ႔ကိုယ္စားလွယ္မ်ား ျပည္သူ႔ဝန္ႀကီးခ်ဳပ္မ်ား ျပည္သူကို ငဲ့ညႇာသနားေသာ အားျဖင့္ ႏိုင္သေလာက္ကေလးေတာ့ ေျဖရွင္းေပးေစလိုပါတယ္ ။

ေဇာ္မိုးထက္ (ဖားကန႔္ )

Photo -ကိုယ္တိုင္႐ိုက္တခ်ိဳ႕ႏွင့္ဖားကန႔္တခြင္မွ CJမ်ားက ႐ိုက္ကူးေပးပို႔သည့္ပုံမ်ား ဖားကန႔္ေဒသခံ Facebook အေကာင့္ပိုင္ရွင္မ်ားထံမွ ပုံမ်ား ျဖစ္ပါတယ္ ။

Add a Comment

Your email address will not be published.